ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းနဲ့ အောင်မြင်ဖို့အတွက်ဆိုရင်ဒီလိုစိတ်ဓာတ်မျိုးထားဖို့တော့လိုမယ်တောရွာလေးတစ်ရွာကလူငယ်လေးတစ်ယောက်ဟာ အောင်မြင်ကြီးပွားချင်လို့မြို့ကြီးပေါ်တက်လာတယ်။ နှစ်ပေါင်းအတန်ကြာမှာသူဟာ

အကြီးအကျယ် အောင်မြင်ကြီးပွားသွားတယ်ဒီအဖြစ်အပျက်မျိုးဟာကမ္ဘာပေါ်မှာအရင်ကလည်း ဖြစ်ခဲ့တယ်အခုလည်း ဖြစ်နေဆဲနဲ့ နောင်လည်းဆက် ဖြစ်နေအုံးမှာပါဒီအဖြစ်အပျက်ကိုလူတွေကြားကြဖတ်မိကြတဲ့အခါ

လူတွေကသူတို့ဟာကံကောင်းလိုက်ကြတာဒါမှမဟုတ်ကြိုးစားလွန်းလို့ အောင်မြင်သွားကြတယ်လို့စိတ်ထဲမှာ ဖြစ်ပေါ်ခံစားကြရတယ်ကံဉာဏ်ဝီရိယကြောင့် အောင်မြင်သွားတယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့သူတို့ရဲ့အောင်မြင်မှုရခြင်းမှာ

လူတွေသတိမမူတဲ့အကြောင်းတွေလည်းရှိနေပါသေးတယ်အဲဒါကburning desire ပြင်းပျတဲ့လိုအင်ဆန္ဒအဲဒီဆန္ဒကြောင့်သူတို့ဟာသူတို့ဖြစ်ချင်တာတစ်ခုထဲကိုပဲသိနေတယ်မဖြစ် ဖြစ်အောင်လုပ်တယ် နောက်အကြောင်း

တစ်ခုကသူတို့ဟာမြို့ပေါ်မတက်ခင်မှာဖေါင်ဖျက်ထားကြသူတွေပါဘုရင့်နောင်ဖေါင်ဖျက်ဆိုသလိုရန်သူနဲ့တိုက်ခိုက်လို့ရှုံးရင်ကျွန်းပေါ်ကထွက်ပြေးစရာ ဖေါင်တွေမရှိတော့လို့အသက်အသေမခံနိုင်တာကြောင့်အတင်းပြန်တိုက်ခိုက်လို့

ရန်သူတွေကို အောင်နိုင်ခဲ့ကြတယ်ဒီလိုပါပဲရောမခေတ်စစ်ပွဲတစ်ပွဲမှာစစ်သူကြီးက သူ့စစ်သားတွေကို ပြန်ဆုတ်ထွက်မပြေးနိုင်အောင်ဆုတ်လမ်းကတံတားတွေကိုမီးရှို့ဖျက်ဆီးလိုက်တယ်စစ်သားတွေမှာအသက်ရှင်ဖို့ရန်သူတွေကိုနိုင်မှ

ဖြစ်တော့မယ်ဆိုတဲ့အသိကြောင့်အင်အားအဆမတန်များတဲ့ရန်သူတွေကိုနိုင်နင်းလိုက်တယ်ထို့နည်းတူပဲသူတို့ဟာသူတို့ရွာကမထွက်လာခင်မှာမိဘ ဆွေမျိုး၊ရည်းစား တွေကိုမအောင်မြင်မချင်းရွာကိုတသက်ပြန်မလာတော့ဘူးဒါကလည်းသူတို့ကိုအရှက်မရစေဖို့

မအောင်မြင်မချင်းဆက်လက်ကြိုးစားနေဖို့တွန်းအား ပေးနေပါတယ်အချုပ်ပြောရရင်သင်လုပ်နေတဲ့အလုပ်ကို အောင်မြင်စေချင်ရင် ဖေါင်ဖျက်ထားဖို့အရေးကြီးပါတယ်ဝန်ထမ်းတစ်ချို့ဟာကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကြည့်တယ်

ဒါပေမဲ့သူတို့ဟာကိုယ်ပိုင်လုပ်ငန်းလုပ်လို့မအောင်မြင်ခဲ့ရင်ဝန်ထမ်းလောကို ပြန်သွားမယ်လို့စိတ်ကူးထားကြတယ်သူတို့ဟာကိုယ်ပိုင်စီးပွားရေးလုပ်ငန်းနဲ့ အောင်မြင်ဖို့အလားအလာအလွန်နည်းပါတယ်ဘာကြောင့်လဲဆိုတော့သူတို့ဟာဖေါင်ဖျက်ထားသူများမဟုတ်ကြလို့ပါ