ဘာလို့ကြိုးစားသလောက်မအောင်မြင်နိုင်ဖြစ်နေရတာလဲဒါကိုလူတော်တော်များများပြောဖူးကြမှာပါငါဒီလောက်ကြိုးစားရဲ့သားနဲ့ ဘာလို့မအောင်မြင်တာလဲကိုယ်ကြိုးစားခဲ့သလောက်မဖြစ်မြောက်တဲ့အခါလူတွေကဒီအချက်နဲ့ပက်သက်ပြီးမကျေမနပ်ဖြစ်လာတတ်ကြတယ်။
လူတိုင်းကတော့ဘဝမှာအောင်မြင်မှုရချင်ကြသူတွေချည်းပါပဲ။ဟုတ်တာပေါ့ ဘဝမှာမအောင်မြင်ချင်တဲ့သူ ဘယ်သူရှိပါ့မလဲ။လူတိုင်းလိုချင်တဲ့အောင်မြင်မှုကိုရရှိနိုင်ဖို့ ကြိုးစားမှုကအဓိကဆိုတာအားလုံးလက်ခံထားကြပြီးသားဖြစ်မှာပါ။ဒါပေမယ့်ကြိုးစားတိုင်းအောင်မြင်လားဆိုတော့လည်းမဟုတ်ပြန်ပါဘူး။
ဒါဆိုဘာကြောင့်လဲဘာလို့ကြိုးစားပေမယ့်မအောင်မြင်ရတာလဲဒီလိုအခြေအနေကြုံနေရပြီဆိုရင်တော့အောက်ကအချက်လေး(၂)ချက်ကိုသေချာစဉ်းစားကြည့်ဖို့လိုနေပါပြီပထမအချက်ကတော့မှန်ကန်တိကျတဲ့ပန်းတိုင်မရှိလို့ပါ။အခုခေတ်မှာလူငယ်တော်တော်များများကကိုယ်ဖြစ်ချင်တာကိုအတိအကျမသိပဲလမ်းပျောက်နေတတ်ကြပါတယ်။
လူငယ်ဆိုတာကလည်းဖြစ်ချင်တာတွေကများဝါသနာတွေကများနဲ့ဒီတစ်ခုပဲလုပ်ရမလိုလို၊ဟိုတစ်ခုပဲလုပ်ရမလိုလိုမသေမချာဖြစ်တတ်ကြသူတွေလေ။အဲလိုမျိူးမရေမရာနဲ့အကုန်လုံးလုပ်ဖို့ကြိုးစားရင်းဘာမှမရလိုက်ပဲကျန်နေခဲ့တတ်ပါတယ်။ဥပမာပြောရရင်သင်ကဘောလုံးအသင်းဝင်တော့မယ်ဆိုပါစို့။
သင့်ရဲ့ရည်မှန်းချက်ကသင့်ဘောလုံးအသင်းမှာအတော်ဆုံးကစားသမားဖြစ်ဖို့ဖြစ်နိုင်တယ်ဒါမှမဟုတ်နိုင်ငံကျော်ဘေ ာလုံးကစားသမားတစ်ယောက်ဖြစ်လာဖို့လည်းဖြစ်နိုင်တာပဲ။ဒါပေမယ့်ဝိတ်ကျချင်လို့ဘောလုံးအသင်းထဲဝင်တယ်ဆိုတာကတော့မဟုတ်သေးပါဘူးနော်။ဘာလို့ဆိုဘောလုံးအသင်းတွေကဝိတ်ချပေးဖို့မှမဟုတ်တာပဲလေ။
ဒါ့ကြောင့်ကိုယ်ဖြစ်ချင်တာကဘာလဲ၊ဘာအတွက်လဲဆိုတဲ့တိကျတဲ့ပန်းတိုင်ရှိဖို့လိုပါတယ်နော်။ဒုတိယအချက်ကတော့ကိုယ်သွားနေတာမှန်ကန်တဲ့လမ်းကြောင်းဟုတ်ရဲ့လားဆိုတာသေချာပြန်ဆန်းစစ်ကြည့်ရပါမယ်။အပေါ်ကဥပမာလိုပဲပေါ့ဘောလုံးသမားဖြစ်ချင်ရင်ဘောလုံးအသင်းကိုဝင်လေ့ကျင့်ရမယ်၊
ဝိတ်ကျချင်ရင်တော့GYMဆော့ရမှာပေါ့။ဒါပေမယ့်ဘောလုံးကိုလည်းကြိုက်လို့ဝိတ်ထိန်းရင်းဘောလုံးလည်းကန်ချင်ပါတယ်ဆိုတဲ့ဘာညာဘာညာတွေကတော့ကိုယ့်အပိုင်းပေါ့နော်။တကယ်ဝိတ်ပဲကျချင်တာပါဆိုရင်တော့ဘောလုံးအသင်းမဟုတ်ပဲGYM ကိုပဲပြေးရမှာပါဒါမှလည်းဝိတ်ကျမှာကိုး။
အဲ့တော့ကိုယ်ဖြစ်ချင်တာသိပြီးပြီဆိုရင်လမ်းကြောင်းမှန်မှန်သွားရမယ်နော်။ကဲဖတ်ကြည့်ပြီးတော့အဖြေလေးတွေရှာတွေ့သွားကြပြီလား။တကယ့်တော့ရိုးရိုးလေးပါနော်။အားလုံးပဲဒီနှစ်ချက်လေးကိုကျင့်သုံးရင်းနဲ့ပိုပြီးအောင်မြင်သူတွေဖြစ်လာနိုင်ကြပါစေနော်။ခရက်ဒစ်ပါ
Facebook Comments
LEAVE A REPLY
Please enter your comment!
Please enter your name here