ဘာလို့ရာသီေသြးေတြအမ်ားႀကီးဆင္းေနရတာလဲဒါကအမ်ိဳးသမီးတိုင္းသိခ်င္ၾကတဲ့ေမးခြန္းပါပဲ။ရာသီလာတဲ့အခ်ိန္တိုင္းတစ္ကိုယ္လံုးကေသြးေတြခမ္းသြားမလားေတာင္ထင္ရတယ္။ဆင္းလိုက္တဲ့ေသြးေတြဆိုတာ၊ လဲလိုက္ရတဲ့ pad ဆိုတာလည္းမနည္းမေနာပါပဲလား။

တခ်ိဳ႕ကရာသီစလာတဲ့ရက္မို႔လို႔အမ်ားႀကီးဆင္းတယ္။ၿပီးရင္နည္းသြားတယ္တခ်ိဳ႕ကလည္းေန့တိုင္းအမ်ားႀကီးကိုဆင္းေနတာတခ်ိဳ႕ကဟိုအရင္ရာသီစလာတည္းကဒီလိုပဲအမ်ားႀကီးဆင္းေနတာတခ်ိဳ႕က်ေတာ့အရင္ကအဲ့ဒီေလာက္မဟုတ္ပါဘူး။ဒီလပိုင္းအတြင္းမွာမွအရင္ကထက္ပိုမ်ားလာတာ။

ဟုတ္ၾကလားေလဒီတို႔။ဒါေတြဟာဘာေၾကာင့္လဲ။ပံုမွန္ပဲလား။ဒါမွမဟုတ္ေရာဂါတစ္ခုခုေၾကာင့္ပဲလား။စိတ္ထဲကသံသယေတြရွင္းသြားေအာင္ဆက္ၾကၫ့္ၾကဦးစို႔။ရာသီေသြးဆင္းမ်ားတယ္ဆိုတာဘယ္လိုဟာမ်ိဳးလဲရာသီေသြးကပံုမွန္ဆိုရင္၃၀-၄၀ မီလီလီတာေလာက္ဆင္းတတ္ပါတယ္။တခ်ိဳ႕ဆို၈၀မီလီလီတာေလာက္ဆင္းတတ္ပါတယ္။

ဒီထက္ေက်ာ္ရင္ေတာ့မ်ားတယ္ပဲေျပာရမွာေပါ့။လက္ေတြ့ဘဝမွာေတာ့ဘယ္သူမွဒီလိုတိုင္းမေနဘူးေလဒီေတာ့ျမင္သာေအာင္ေျပာရရင္တစ္နာရီတစ္ခါေလာက္padေတြ tamponေတြ လဲေနရရင္ Padကိုႏွစ္ထပ္ခံေနရရင္၊ မအိပ္ခင္ လဲထားပါလ်က္နဲ႔ ညလယ္ေခါင္မွ Pad ထလဲေနရရင္၊ ရာသီရက္က တစ္ပတ္ထက္ ပိုၾကာေနခဲ့ရင္

ေသြးတံုးေသြးခဲေတြပါေနရင္၊ေသြးဆင္းမ်ားလြန္းလို႔အလုပ္ပ်က္အကိုင္ပ်က္ျဖစ္လာရင္၊ေသြးအားနည္းၿပီးလူကအားမရိွသလိုအထိျဖစ္လာခဲ့ရင္သင္ေသြးဆင္းတာေတာ္ေတာ္မ်ားေနပါၿပီ။ဘာေၾကာင့္ေသြးဆင္းမ်ားတာလဲ။ဒီေနရာမွာျပန္ေမးစရာရိွတာကခုမွရုတ္တရက္ေသြးဆင္းမ်ားတာလား။

အရင္ကတည္းကဒီလိုပဲမ်ားတတ္တာလား။ဘာလို႔လဲဆိုေတာ့ျဖစ္တဲ့အေၾကာင္းေတြကမတူဘူးေလ။ခုမွရုတ္တရက္ေသြးဆင္းမ်ားတယ္ဆိုရင္ျဖစ္ႏိုင္တာေတြကသားအိမ္ျပင္ပသႏၶေတည္တာဒါဆိုရင္ေတာ့ေသြးဆင္းမ်ားတာအျပင္ခါးနာတာ၊ ဗိုက္နာတာေတြပါ ျဖစ္တတ္ပါတယ္။ဘယ္လိုသိႏိုင္လဲဆိုေတာ့ကိုယ္ဝန္စစ္သလိုပဲဆီးစစ္ၾကၫ့္လို႔ရပါတယ္။

သႏၶေတည္တာကသားဥႁပြန္ေဆိုရင္ပါက္ထြက္ႏိုင္တဲ့အႏၲရာယ္ရိွလို႔မသကၤာရင္ဆရာဝန္နဲ႔အျမန္ျပပါ။ကေလးပ်က္က်တာ ဒါလည္းဒီလိုပါပဲ။ကိုယ္ဝန္ရိွမွန္းေတာင္မသိလိုက္ဘဲျဖစ္သြားႏိုင္ပါတယ္။ရာသီေသြးဆင္းမ်ားေနတယ္ဆိုရင္၊ကိုယ္ကအိမ္ေထာင္ရိွၿပီး ကေလးမတားထားဘူးဆိုရင္သတိထားေပးပါ။

သားအိမ္ထဲပစၥည္းထၫ့္ၿပီးသႏၶေတားတာဒါကေတာ့စစထၫ့္ခ်င္းတစ္လႏွစ္လဆိုဒီလိုပဲေသြးဆင္းမ်ားတတ္ပါတယ္။ ေနာက္ပိုင္းက်ရင္ေတာ့ ပံုမွန္ပဲ ျဖစ္သြားတတ္ပါတယ္။စိုးရိမ္စရာမရိွပါဘူး။ကိုယ္ကဒီလိုေသြးဆင္းမ်ားတာကိုမႀကိဳက္ဘူးဆိုရင္ ဆရာဝန္နဲ႔တိုင္ပင္ၿပီးတျခားနည္းနဲ႔သႏၶေတားႏိုင္ပါတယ္

ေဆးေတြေသာက္ေနတာအထူးသျဖင့္ ေသြးက်ဲေဆးေတြကရာသီေသြးကိုမ်ားေစပါတယ္။အရင္ကတည္းကသူမ်ားနဲ႔မတူဘဲေသြးဆင္းမ်ားလြန္းလို႔စိတ္ညစ္ရတယ္ဆို ျဖစ္ႏိုင္တာေတြကေဟာ္မုန္းျပႆနာရိွေနတာအမ်ိဳးသမီးေတြမွာ အေရးႀကီးဆံုးကအီစထရိုဂ်င္နဲ႔ပရိုဂ်က္စတုန္း ေဟာ္မုန္းေတြပါပဲ။

အီစထရိုဂ်င္မ်ားလြန္းရင္လည္းသားအိမ္နံရံပိုထူတာေၾကာင့္ ေသြးဆင္းလည္းမ်ားမွာပါ။ေနာက္တစ္ခုကသိုင္းရြိုက္ေဟာ္မုန္းနည္းေနရင္လည္းရာသီမမွန္တာ၊ေသြးဆင္းမ်ားတာ ျဖစ္တတ္ပါတယ္။ေသြးေရာဂါရိွတာေသြးဆင္းမ်ားတဲ့အမ်ိဳးသမီးေတြရဲ့ ၁၀-၃၀ရာခိုင္ႏႈန္းေလာက္ကရာသီနဲ႔မဆိုင္ဘဲ ေသြးမတိတ္တာ၊

ေသြးမခဲတဲ့ျပႆနာေတြရိွေနတာကို ေတြ့ရပါတယ္။ရာသီေသြးဆင္းမ်ားတာအျပင္မၾကာခဏႏွာေခါင္း ေသြးလ်ွံတာ၊ သြားဖံုးေသြးယိုတာေတြရိွသလား။ခိုက္မိတာနဲ႔ မလိုက္ေအာင္အညိုအမည္းစြဲလြယ္လားဆိုတာ စဉ္းစားၾကၫ့္ပါ။အလံုးအက်ိတ္ရိွေနတာသားအိမ္နံရံကေန အလံုးျဖစ္တာ၊

အသားလံုးျဖစ္တာစတာေတြေၾကာင့္လည္း ေသြးဆင္းမ်ားတတ္ပါတယ္ကင္ဆာေရာဂါ ရာသီေသြးဆင္းမ်ားတာကသားအိမ္၊ သားအိမ္ေခါင္းနဲ႔ားသာဥအိမ္ကင္ဆာေတြရဲ့လကၡဏာေတြထဲကတစ္ခုပါပဲ.ရိွတာနဲ႔ကင္ဆာပါလို႔တစ္ထစ္ခ်ေျပာလို႔မရေပမယ့္ေပါ့။ဒါေပမယ့္ေသြးဆံုးၿပီးမွေသြးျပန္ဆင္းရင္၊

အမ်ိဳးထဲမွာဒီကင္ဆာေတြမ်ိဳးရိုးရိွေနရင္ေတာ့သတိထားပါ။ေသြးဆံုးခါနီးတာေသြးဆံုးခါနီးရင္ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ရာသီမမွန္တာ ေသြးဆင္းမ်ားတာေတြျဖစ္တတ္ပါတယ္။ ဒါဟာပံုမွန္ပါပဲ။သားအိမ္တစ္ရႉး ေနရာမွားတာသားအိမ္တစ္ရႉးကမရိွသင့္တဲ့ေနရာဥပမာသားအိမ္ႂကြက္သား၊သားအိမ္ျပင္ပ)မွာရိွေနခဲ့မယ္ဆိုရင္

ေသြးဆင္းမ်ားတတ္ပါတယ္။ေသြးဆင္းမ်ားတာအျပင္ရာသီလကၡဏာေတြ(ဥပမာဗိုက္ေအာင့္တာ၊ခါးနာတာ၊ဆီးစပ္ကိုက္တာ)ကိုလည္း ျပင္းျပင္းထန္ထန္ခံစားရတတ္ပါတယ္။ဆရာဝန္ျပဖို႔လိုလား။ဆရာဝန္ျပဖို႔လိုလားဆိုေတာ့အနည္းဆံုးေတာ့ ေသြးဆင္းမ်ားရတဲ့အေၾကာင္းရင္းကိုရွာတဲ့အေနနဲ႔ ျပသင့္ပါတယ္။ သားဖြားမီးယပ္ဆရာဝန္နဲ႔ ျပပါ။

အႏၲရာယ္မရိွတဲ့ေသြးဆင္းမ်ားျခင္းကေတာင္ ၾကာလာရင္ ေသြးအားနည္းေရာဂါ ျဖစ္ႏိုင္ပါတယ္။ဒါေၾကာင့္စိတ္ခ်ရေအာင္ ဆရာဝန္ျပၿပီး ကုစရာရိွတာေစာေစာစီးစီး ကုလိုက္ပါ။ ႀကီးမားတဲ့ ေရာဂါေၾကာင့္ မဟုတ္ဘူးဆိုတာ သိရေတာ့လည္း တစ္မ်ိဳး စိတ္ေအးရတာေပါ့။credit

ဘာလို့ရာသီသွေးတွေအများကြီးဆင်းနေရတာလဲဒါကအမျိုးသမီးတိုင်းသိချင်ကြတဲ့မေးခွန်းပါပဲ။ရာသီလာတဲ့အချိန်တိုင်းတစ်ကိုယ်လုံးကသွေးတွေခမ်းသွားမလားတောင်ထင်ရတယ်။ဆင်းလိုက်တဲ့သွေးတွေဆိုတာ၊ လဲလိုက်ရတဲ့ pad ဆိုတာလည်းမနည်းမနောပါပဲလား။

တချို့ကရာသီစလာတဲ့ရက်မို့လို့အများကြီးဆင်းတယ်။ပြီးရင်နည်းသွားတယ်တချို့ကလည်းနေ့တိုင်းအများကြီးကိုဆင်းနေတာတချို့ကဟိုအရင်ရာသီစလာတည်းကဒီလိုပဲအများကြီးဆင်းနေတာတချို့ကျတော့အရင်ကအဲ့ဒီလောက်မဟုတ်ပါဘူး။ဒီလပိုင်းအတွင်းမှာမှအရင်ကထက်ပိုများလာတာ။

ဟုတ်ကြလားလေဒီတို့။ဒါတွေဟာဘာကြောင့်လဲ။ပုံမှန်ပဲလား။ဒါမှမဟုတ်ရောဂါတစ်ခုခုကြောင့်ပဲလား။စိတ်ထဲကသံသယတွေရှင်းသွားအောင်ဆက်ကြည့်ကြဦးစို့။ရာသီသွေးဆင်းများတယ်ဆိုတာဘယ်လိုဟာမျိုးလဲရာသီသွေးကပုံမှန်ဆိုရင်၃၀-၄၀ မီလီလီတာလောက်ဆင်းတတ်ပါတယ်။တချို့ဆို၈၀မီလီလီတာလောက်ဆင်းတတ်ပါတယ်။

ဒီထက်ကျော်ရင်တော့များတယ်ပဲပြောရမှာပေါ့။လက်တွေ့ဘဝမှာတော့ဘယ်သူမှဒီလိုတိုင်းမနေဘူးလေဒီတော့မြင်သာအောင်ပြောရရင်တစ်နာရီတစ်ခါလောက်padတွေ tamponတွေ လဲနေရရင် Padကိုနှစ်ထပ်ခံနေရရင်၊ မအိပ်ခင် လဲထားပါလျက်နဲ့ ညလယ်ခေါင်မှ Pad ထလဲနေရရင်၊ ရာသီရက်က တစ်ပတ်ထက် ပိုကြာနေခဲ့ရင်

သွေးတုံးသွေးခဲတွေပါနေရင်၊သွေးဆင်းများလွန်းလို့အလုပ်ပျက်အကိုင်ပျက်ဖြစ်လာရင်၊သွေးအားနည်းပြီးလူကအားမရှိသလိုအထိဖြစ်လာခဲ့ရင်သင်သွေးဆင်းတာတော်တော်များနေပါပြီ။ဘာကြောင့်သွေးဆင်းများတာလဲ။ဒီနေရာမှာပြန်မေးစရာရှိတာကခုမှရုတ်တရက်သွေးဆင်းများတာလား။

အရင်ကတည်းကဒီလိုပဲများတတ်တာလား။ဘာလို့လဲဆိုတော့ဖြစ်တဲ့အကြောင်းတွေကမတူဘူးလေ။ခုမှရုတ်တရက်သွေးဆင်းများတယ်ဆိုရင်ဖြစ်နိုင်တာတွေကသားအိမ်ပြင်ပသန္ဓတေည်တာဒါဆိုရင်တော့သွေးဆင်းများတာအပြင်ခါးနာတာ၊ ဗိုက်နာတာတွေပါ ဖြစ်တတ်ပါတယ်။ဘယ်လိုသိနိုင်လဲဆိုတော့ကိုယ်ဝန်စစ်သလိုပဲဆီးစစ်ကြည့်လို့ရပါတယ်။

သန္ဓတေည်တာကသားဥပြွန်ဆေိုရင်ပါက်ထွက်နိုင်တဲ့အန္တရာယ်ရှိလို့မသင်္ကာရင်ဆရာဝန်နဲ့အမြန်ပြပါ။ကလေးပျက်ကျတာ ဒါလည်းဒီလိုပါပဲ။ကိုယ်ဝန်ရှိမှန်းတောင်မသိလိုက်ဘဲဖြစ်သွားနိုင်ပါတယ်။ရာသီသွေးဆင်းများနေတယ်ဆိုရင်၊ကိုယ်ကအိမ်ထောင်ရှိပြီး ကလေးမတားထားဘူးဆိုရင်သတိထားပေးပါ။

သားအိမ်ထဲပစ္စည်းထည့်ပြီးသန္ဓတေားတာဒါကတော့စစထည့်ချင်းတစ်လနှစ်လဆိုဒီလိုပဲသွေးဆင်းများတတ်ပါတယ်။ နောက်ပိုင်းကျရင်တော့ ပုံမှန်ပဲ ဖြစ်သွားတတ်ပါတယ်။စိုးရိမ်စရာမရှိပါဘူး။ကိုယ်ကဒီလိုသွေးဆင်းများတာကိုမကြိုက်ဘူးဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးတခြားနည်းနဲ့သန္ဓတေားနိုင်ပါတယ်

ဆေးတွေသောက်နေတာအထူးသဖြင့် သွေးကျဲဆေးတွေကရာသီသွေးကိုများစေပါတယ်။အရင်ကတည်းကသူများနဲ့မတူဘဲသွေးဆင်းများလွန်းလို့စိတ်ညစ်ရတယ်ဆို ဖြစ်နိုင်တာတွေကဟော်မုန်းပြဿနာရှိနေတာအမျိုးသမီးတွေမှာ အရေးကြီးဆုံးကအီစထရိုဂျင်နဲ့ပရိုဂျက်စတုန်း ဟော်မုန်းတွေပါပဲ။

အီစထရိုဂျင်များလွန်းရင်လည်းသားအိမ်နံရံပိုထူတာကြောင့် သွေးဆင်းလည်းများမှာပါ။နောက်တစ်ခုကသိုင်းရွိုက်ဟော်မုန်းနည်းနေရင်လည်းရာသီမမှန်တာ၊သွေးဆင်းများတာ ဖြစ်တတ်ပါတယ်။သွေးရောဂါရှိတာသွေးဆင်းများတဲ့အမျိုးသမီးတွေရဲ့ ၁၀-၃၀ရာခိုင်နှုန်းလောက်ကရာသီနဲ့မဆိုင်ဘဲ သွေးမတိတ်တာ၊

သွေးမခဲတဲ့ပြဿနာတွေရှိနေတာကိုတွေ့ရပါတယ်။ရာသီသွေးဆင်းများတာအပြင်မကြာခဏနှာခေါင်းသွေးလျှံတာ၊ သွားဖုံးသွေးယိုတာတွေရှိသလား။ခိုက်မိတာနဲ့ မလိုက်အောင်အညိုအမည်းစွဲလွယ်လားဆိုတာ စဉ်းစားကြည့်ပါ။အလုံးအကျိတ်ရှိနေတာသားအိမ်နံရံကနေ အလုံးဖြစ်တာ၊

အသားလုံးဖြစ်တာစတာတွေကြောင့်လည်းသွေးဆင်းများတတ်ပါတယ်ကင်ဆာရောဂါရာသီသွေးဆင်းများတာကသားအိ မ်၊ သားအိမ်ခေါင်းနဲ့ားသာဥအိမ်ကင်ဆာတွေရဲ့လက္ခဏာတွေထဲကတစ်ခုပါပဲ.ရှိတာနဲ့ကင်ဆာပါလို့တစ်ထစ်ချပြောလို့မရပေမယ့်ပေါ့။ဒါပေမယ့်သွေးဆုံးပြီးမှသွေးပြန်ဆင်းရင်၊

အမျိုးထဲမှာဒီကင်ဆာတွေမျိုးရိုးရှိနေရင်တော့သတိထားပါ။သွေးဆုံးခါနီးတာသွေးဆုံးခါနီးရင်ဟော်မုန်းအပြောင်းအလဲကြောင့်ရာသီမမှန်တာ သွေးဆင်းများတာတွေဖြစ်တတ်ပါတယ်။ ဒါဟာပုံမှန်ပါပဲ။သားအိမ်တစ်ရှူး နေရာမှားတာသားအိမ်တစ်ရှူးကမရှိသင့်တဲ့နေရာဥပမာသားအိမ်ကြွက်သား၊သားအိမ်ပြင်ပ)မှာရှိနေခဲ့မယ်ဆိုရင်

သွေးဆင်းများတတ်ပါတယ်။သွေးဆင်းများတာအပြင်ရာသီလက္ခဏာတွေ(ဥပမာဗိုက်အောင့်တာ၊ခါးနာတာ၊ဆီးစပ်ကိုက်တာ)ကိုလည်း ပြင်းပြင်းထန်ထန်ခံစားရတတ်ပါတယ်။ဆရာဝန်ပြဖို့လိုလား။ဆရာဝန်ပြဖို့လိုလားဆိုတော့အနည် းဆုံးတော့ သွေးဆင်းများရတဲ့အကြောင်းရင်းကိုရှာတဲ့အနေနဲ့ ပြသင့်ပါတယ်။ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြပါ။

အန္တရာယ်မရှိတဲ့သွေးဆင်းများခြင်းကတောင် ကြာလာရင် သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ဒါကြောင့်စိတ်ချရအောင် ဆရာဝန်ပြပြီး ကုစရာရှိတာစောစောစီးစီး ကုလိုက်ပါ။ ကြီးမားတဲ့ ရောဂါကြောင့် မဟုတ်ဘူးဆိုတာ သိရတော့လည်း တစ်မျိုး စိတ်အေးရတာပေါ့။credit

LEAVE A REPLY

Please enter your comment!
Please enter your name here