ဆီးကျောက်တည်နေသော
ဆေးခန်းသို့သွားပြရာ

ဆန်ဆေးရည်ထဲမှာ
ကျောက်ထွက်ကျလာတာကို
မည်အရပ်ဒေသမျိုးမဆို

စပါးလင်မွှေးသည်
ဆေးဖက်ဝင်ပုံမှာတော့
အာဆီယံနိုင်ငံ
လေ့လာသုံးသပ်ချက်အရ
ဆေးဖက်ပိုဝင်ကြောင်း
ဟန့်တားစေနိုင်သလို
လူသိများသော်လည်း

လက်လေးဆစ်ခန့်ဖြတ်ကာ
ပါးပါးလှီးပြီးနောက်
တပါထဲပြုတ်ကျလာတာကို
တွေ့မြင်ရပါလိမ့်မယ်
စိမ်သောက်တဲ့အတွက်
ကျောက်မကျတဲ့အတွက်
စပါးလင်ပင်သည်
ကုစားနိုင်ရုံမျှမက
ကုစားနိုင်တာကိုလည်း
စပါးလင်ပင်သည်
တကယ်ကောင်းမွန်ပြီး
ငွေကြေးအမြောက်အမြား
ကုန်ကျစရာမလိုသည့်
အသုံးတော့မယ်ဆိုရင်
အထူးသတိပေးလိုပါတယ်
မိတ်ဆွေများအနေဖြင့်
ကျန်းမာရေးအတွက်
အကြံပေးလိုပါတယ်။
ဘီ ပိုးရောဂါရှိသူများနှင့်
ဆီးကျောက်တည်နေသော
ဆီးရောဂါဝေဒနာရှင်များအတွက်
စပါးလင်ပင်၏ ဆေးအစွမ်း အံ့မခမ်း
ကျွန်တော့်ရဲ့မိတ်ဆွေတစ်ဦးမှ
သူ့မှာ ဆီးအောင့်ဝေဒနာနှင့်
ခါးနာဝေဒနာခံစားနေရတဲ့အတွက်
ဆေးခန်းသို့သွားပြရာ
ဆရာဝန်ရဲ့စမ်းသပ် စစ်ဆေး ချက်အရ
ဆီးကျောက်တည်နေတာကို တွေ့ရှိရပြီး
သောက်ဆေးများပေးလိုက်ကြောင်း
သောက်ဆေးနဲ့မသက်သာရင်
လေဆာနဲ့ကျောက်ချေပြီး
ကုသရမှာဖြစ်တဲ့အတွက်ကြောင့်
သူအရမ်းစိတ်ညစ်နေကြောင်းနှင့်
သူအနေနဲ့ငွေကြေးလည်းအခက်ခဲရှိကြောင်း
ဖြစ်နိုင်ရင်လေဆာဖြင့်
ကျောက်မချေလိုကြောင်းကိုပါ
ဖုန်းဆက်ပြီးပြောပြရှာပါတယ်
ထို့နောက်ဆီးကျောက်တည်သည့်ဝေဒနာ
သက်သာစေမည့် ဆေးနည်းရှိပါကလည်း
သူကိုလမ်းညွှန်ပေးပါရန်
အကူညီတောင်းခံလာတဲ့အတွက်
ဆန်ဆေးရည်ထဲမှာ
စပါးလင်ကို နာရီဝက်ခန့်စိမ်ထားပြီး
ထိုအရည်ကို နံနက်တစ်ကြိမ် ညတစ်
(၂)ရက်ခန့်သောက်ခိုင်းရာ
ကျောက်ကျေပြီးဆီးသွားရင်း
ကျောက်ထွက်ကျလာတာကို
လက်တွေ့မြင်တွေ့ရကြောင်းနှင့်
ဆီးအောင့်ပြီးခါးနာနေသောဝေဒနာပါ
ပျောက်ကင်းသက်သွားသောကြောင်းကို
ကျွန်တော် ကြားသိရပါတယ်
ထပ်မှန်၍သူကဲ့သို့ဝေဒနာရှင်များ
စပါးလင်းပင်၏ဆေးစွမ်းအကြောင်းကို
သိရှိအောင်ပြည့်ပြည့်စုံစုံရေးသားပေးရန်
တောင်းဆိုလာသည့်အတွက်
ပြောပြဆွေးနွေးပေးလိုပါတယ်ခင်ဗျာ
စပါးလင်ပင်သည်မြန်မာနိုင်ငံအတွင်း၌
မည်အရပ်ဒေသမျိုးမဆို
စိုက်ပျိုးဖြစ်ထွန်းနိုင်သော
မြက်အမျိုးနွယ် အပင်တစ်မျိုးဖြစ်ပြီး
ဟင်းစားစပါးလင်နှင့်စပါးလင်မွှေးဟူ၍
နှစ်မျိုးနှစ်စားရှိပါတယ်

စပါးလင်မွှေးသည်
ဟင်းစားစပါးလင်ထက်ပို၍
အရွက်ကြီးကာရှည်လျားသောကြောင့်
စီးပွားရေးဈေးကွက်မှာ
ပို၍မျက်နာပန်းလှသော်လည်း
ဆေးဖက်ဝင်ပုံမှာတော့
နှစ်မျိုးလုံးအတူတူပင်ဖြစ်သည်
အာဆီယံနိုင်ငံ
စိုက်ပျိုးရေးသုတေသနအဖွဲ့၏
လေ့လာသုံးသပ်ချက်အရ
မြန်မာနိုင်ငံတွင်စိုက်ပျိုးသော
စပါးလင်သည်အနံပိုမွှေပြီး
ဆေးဖက်ပိုဝင်ကြောင်း
လေ့လာသိရှိရပါတယ်ခင်ဗျာ
စပါးလင်ပင်ကိုဟင်းချက်ရာတွင်
အနံမွှေးကြိုင်ရန်နှင့်
အရသာပိုမိုကောင်းမွန်စေရန်အတွက်
အသုံးပြုကြသလို ဟင်းချက်ရာတွင်
အသားငါးများနှင့်ထည့်ချက်သော
အစာပလာများအချင်းချင်းဓါတ်မတည့်၍
အဆိပ်ဖြစ်ပေါ်ခြင်းမှလည်း
ဟန့်တားစေနိုင်သလို
သွေးလေကိုညီမျှစေခြင်းနှင့်
ထမင်းဟင်းများမသိုးအောင်လည်း
အထောက်အကူဖြစ်စေသောကြောင့်အသုံးပြုကြခြင်းဖြစ်ပါတယ်
များသောအားဖြင့်စပါးလင်ကို
မုန့်ဟင်းခါးဟင်း ပဲဟင်း ငါးဟင်း
ဆိတ်သာဟင်း စွတ်ပြုတ်တို့တွင်
ထည့်၍ချက်ပြုတ်လေ့ရှိတာနှင့်
စပါးလင်းကိုဟင်းခပ်အမွှေးအကြိုင်အဖြစ်
လူသိများသော်လည်း
စပါးလင်အောက်ခြေဥလေးများကို
စက်ဖြင့်ထည့်ကြိတ်ပြီးသကြာအနဲငယ်ဖြင့်
မကြာခဏဖျော်သောက်မယ်ဆိုရင်
စိမျက်စိကြည်ပြီးစိတ်ရွှင်လန်းစေတာကို
လူသိနည်းနေပေလိမ့်မည်
ထို့ကြောင့်စပါးလင်သည်
လူတိုင်းရဲ့ကျန်းမာရေးအတွက်
အထောက်အကူများစွာပေးစွမ်းနိုင်တာကို
အားလုံးသိရှိစေချင်ပါတယ်ခင်ဗျာ
ဆီးပူ ဆီးအောင့် ဆီးကျင်ခြင်းနှင့်
ဆီးထဲမှာအနယ်အနှစ်ဖြစ်နေခြင်း
ဆီးကျောက်တည်ခြင်းကြောင့်
ခါးနာဝေဒနာခံစားနေရခြင်းတို့အတွက်
စပါးလင်ပင်နှစ်ပင်ကို
ရေစင်ကြယ်စွာဆေးကြောကာ
အောက်ခြေမှနေပြီးအထက်သို့
လက်လေးဆစ်ခန့်ဖြတ်ကာ
ပါးပါးလှီးပြီးနောက်
ဖန်ခွက်ကြီးကြီးတစ်ခွက်ထဲမှာထည့်၍
ဆန်ဆေးရည်ဖြင့်နာရီဝက်ခန့်စိမ်ပြီး
တစ်နေလျှင်သုံးကြိမ်သောက်ပေးပါက
ကျောက်နုလျှင်ကြေသွားနိုင်ပြီး
ကျောက်ရင့်လျှင်ဆီးသွားရင်း
တပါထဲပြုတ်ကျလာတာကို
တွေ့မြင်ရပါလိမ့်မယ်
သာမှန်ဆီကျင်ဆီအောင်တာကတော့
ကြက်သွန်နီဥကို လေးစိတ်စိတ်ပြီးရေနွေးတွင် ၁၅မိနစ်ခန့်စိမ်ပြီးသောက်ပေးပါက
သက်သာစေနိုင်သော်လည်း
ကျောက်ရှိ၍ဆီအောင့်ပြီး ခါးနာနေပါက
စပါးလင်ကို ဆန်ဆေးရည်စိမ်ပြီး
သောက်သုံးခြင်းပေးခြင်းသာ
အကောင်းဆုံးဆေးနည်းဘဲဖြစ်ပါတယ်
ဆန်ဆေးရည်ပြုလုပ်သောအခါ၌လည်း
ဆန်အများကြီးဆေးပြီးမှယူစရာမလိုပါ
ဆန်လက်တစ်ဆုက်လောက်ကို
ရေဖြင့်နှစ်ကြိမ်ဆေးကြောကာ
ဒုတိယဆေးကြော၍ရရှိသော
ဆန်ဆေးရည်ကိုရေစစ်ဖြင့်ပြန်စစ်ပြီး
အသုံးပြုမယ်ဆိုရင်ကောင်းမွန်ပါလိမ့်မယ်
တချို့ကစပါးလင်ကိုဆန်ဆေးရည်ဖြင့်
စိမ်သောက်တဲ့အတွက်
ဆီးကောင်းဆီးသန့်လာသော်လည်း
ကျောက်မကျတဲ့အတွက်
ငါးပြေမငါးနဲ့ဇောင်းခါးသီးကို
ချက်စားကြသလိုတချို့ကလည်း
ကျောက်ကွဲ ရွက်ကိုသုပ်စားကြပါတယ်
စပါးလင်ပင်သည်
ဆီးကျောက်တည်ရောဂါကို
ကုစားနိုင်ရုံမျှမက
ဘီပိုးကိုပါသက်သာပြောက်ကင်းအောင်
ကုစားနိုင်တာကိုလည်း
မြန်မာ တရုတ် အိန္ဒိယ ထိုင်းဗီယက်နမ်
တိုင်းရင်းဆေးသမားတော်ကြီးများ၏
သုတေသနာပြုလုပ်ချက်အရသိရှိရပါတယ်

စပါးလင်ပင်သည်
ဘီပိုးဝေဒနာရှင်များအတွက်
တကယ်ကောင်းမွန်ပြီး
ငွေကြေးအမြောက်အမြား
ကုန်ကျစရာမလိုသည့်
နည်းလမ်းကောင်းဖြစ်သောကြောင့်
အားလုံးကိုဗဟုသုတရရှိစေချင်ပါတယ်
ဘီပိုးဝေဒနာရှင်းများအနေဖြင့်
စပါးလင်းပင်ကိုဆေးအဖြစ်
အသုံးတော့မယ်ဆိုရင်
ရှေးဦးစွာစပါးလင်နှစ်ပင်ကို
ရေစင်အောင်ဆေးကြောပြီးလျှင်
ထို့အပင်နှစ်ပင်ကိုရောခေါက်ကာ
စပါးလင်းရွက်ဖြင့်ချီနှောင်လိုက်ပါ
ပြီးလျှင်မြေအိုးထဲသို့
ရေသန့်တစ်လီတာဖြင့်အတူထည့်ကာ
(၁၅)မိနစ်ခန့်ပြုတ်လိုက်ပါ
၎င်းစပါးလင်ပြုတ်ရေကိုအအေးခံပြီး
တစ်နေ့လျှင်(၃)ကြိမ်ခွဲ၍မကုန်မခြင်း
နေ့ခြင်းကုန်အောင်သောက်ပေးပါက
တစ်ပတ်ကြာသည့်အခါတွင်
ဘီပိုးသက်သာပျောက်ကင်းသွားတာကို
လက်တွေ့မြင်တွေ့ရပါလိမ့်မယ်
စပါးလင်ပြုတ်ရန်မြေအိုးအဆင်မပြေက
အဆင်ပြေရာအိုးဖြင့်ပြုတ်၍ရသော်လည်း
ဟင်းချက်သောအိုးများဖြင့်မပြုတ်ရန်
အထူးသတိပေးလိုပါတယ်
မိတ်ဆွေများအနေဖြင့်
ကျန်းမာရေးအတွက်
အထူးကောင်းမွန်သောစပါးလင်ပင်ကို
အိမ်တိုင်းစိုက်ပျိုးထားသင့်ပါကြောင်း
အကြံပေးလိုပါတယ်။