သူတပါးအားကိုးတတ်တဲ့အကျင့်ကိုဖျောက်ပါတစ်ခါတုန်းကဘီလုံးငှက်မတစ်ကောင်ဟာသူ့ရဲ့သားသမီးတွေနဲ့ပြောင်းခင်းထဲမှာ အသိုက်ဖွဲ့နေခဲ့တယ်ဒီလိုနဲ့ သူ့ရဲ့သားသမီးတွေဟာမပျံသန်းနိုင်သေးတဲ့အရွယ်မှာပဲပြောင်းခင်းဟာရင့်မှည့်လာပြီး
ရိတ်သိမ်းဖို့အချိန်ရောက်လာခဲ့တယ်ဒါနဲ့ဘီလုံးငှက်မဟာအစာရှာမထွက်မီသားသမီးတွေကိုခုလိုမှာကြားခဲ့တယ်ဒီပြောင်းခင်းကနေတို့တတွေပြောင်းရလိမ့်မယ်ဒါပေမယ့်ဘယ်တော့ပြောင်းရမှာလည်းဆိုတာတော့မသိသေးဘူး
ဒါကြောင့်ဒီအနားကိုလာပြီးပြောဆိုနေကြတဲ့လယ်သမားတွေရဲ့စကားကိုမှတ်သားထားပါလို့မှာခဲ့တယ်ညနေ စောင်းလို့ဘီလုံးငှက်မကြီးအစာရှာပြီးပြန်လာတဲ့အချိန်မှာငှက်ကလေးတွေက ပြောလိုက်တယ်အမေလယ်သမားကြီးကသူ့ရဲ့
သားကိုခိုင်းတယ်ပြောင်းတွေရင့်မှည့်လို့ရိတ်သိမ်းချိန်တန်ပြီမိတ်ဆွေတွေကို မနက်ဖြန်လာကူရိတ်ဖို့အကူအညီသွားတောင်းတဲ့ဟုတ်လားအမေရယ်သားတို့သမီးတို့ကိုပြောင်းပေးပါလို့ငှက်ကလေးတွေကတောင်းပန်တော့အမေကအင်း
ကိစ္စမရှိသေးဘူးသားတို့၊သမီးတို့ရယ်လယ်သမားတွေဟာမိတ်ဆွေအိမ်နီးနားချင်းတွေကိုအားကိုးရင်ဘာမှအလုပ်ဖြစ်မှာမဟုတ်သေးဘူးလို့ ဖျောင်းဖျလိုက်လေသတဲ့ဒါနဲ့သူတို့တတွေဟာ အေးဆေးစွာအိပ်ကြတယ်နောက်တနေ့မှာလဲ
ဘီလုံးငှက်မဟာသားသမီးတွေကိုထုံးစံအတိုင်းလယ်သမားသားအဖရဲ့စကားမှတ်သားထားကြဖို့မှာပြီးအစာရှာထွက်သွားသတဲ့။ညနေကျတဲ့အခါသူ့အမေဘီလုံးငှက်မကြီး ပြန်ရောက်တော့ ငှက်ကလေးတွေကပြောပြတယ်အမေရေ
လယ်သမားကြီးနဲ့သူ့ရဲ့သားဟာစောင့်နေပေမယ့်ဘယ်သူမှမလာဘူးအမေပြောသလိုပေါ့ဟုတ်တယ်အမေဒါနဲ့လယ်သမားကြီးကသူ့ရဲ့သားကိုခိုင်းပြန်တယ်။ ဆွေမျိုးတွေကို မနက်ဖြန်လာကူရိတ်သိမ်းပေးဖို့အကူအညီသွားတောင်းလို့မှာတယ်
ဟုတ်လားဟုတ်တယ်အမေရယ်သားတို့သမီးတို့ကိုပြောင်းပေးပါလို့တောင်းပန်ကြပြန်တယ်။ဒီတစ်ခါအမေကကိစ္စမရှိသေးပါဘူးသားတို့သမီးတို့လယ်သမားဟာဆွေမျိုးတွေကိုအားကိုးတာပဲဒါဆိုရင်ဘာမှအလုပ်ဖြစ်မှာမဟုတ်သေးဘူးလို့နှစ်သိမ့်
ပြန်သတဲ့။ဒါနဲ့သူတို့တတွေဟာအသိုက်မှာ အေးဆေးစွာအိပ်ကြတယ်။နောက်တနေ့မှာဘီလုံးငှက်မဟာအစာရှာမသွားမီသားသမီးတွေကိုထုံးစံအတိုင်းလယ်သမားသားအဖရဲ့စကားကိုသေသေချာချာမှတ်သားထားဖို့မှာတယ်
ညနေဖက်သူ့အမေဘီလုံးငှက်မကြီးပြန်ရောက်တော့ငှက်ကလေးတွေက ပြောပြတယ်အမေရေလယ်သမားကြီးနဲ့သူ့ရဲ့သားဟာ စောင့်နေပေမယ့်ဘယ်သူမှမလာဘူးအေးသူတို့ဟာ ဆွေမျိုးအားကိုးတာကိုးဟုတ်တယ်အမေဘယ်သူမှမလာ
တော့လယ်သမားကြီးကသူ့ရဲ့သားကိုပြောတယ်မနက်ဖြန်တို့နှစ်ရောက်ပဲ ပြောင်းခင်းကိုရိတ်ကြမယ်တဲ့ဟုတ်လားဒါဆိုသားတို့သမီးတို့ ပြောင်းဖို့အချိန်ရောက်လာပြီလို့ပြောကာအသိုက်ပြောင်းသွားလေသတဲ့သင်ခန်းစာအခြေအမြစ်မရှိတဲ့ စကားဆိုရင်ချင့်ချိန်ပြီးမှာယုံပါ