ဘီလူးနက္ခတ်သုညကြွင်းထိုနက္ခတ်ပိုင်ရှင်တို့သည်စိတ်ဓာတ်ပြင်းပြသူများဖြစ်ပြီးတိုက်လျှင်နိုင်ရမည်ယှဉ်လျှင်သာရမည်ဆိုသည့်စိတ်ထားမျိုးရှိတတ်ကြသည်အများစုမှာမခံချင်စိတ်

များပြားသူများဖြစ်သည်အအရာရာကိုလေ့လာလိုက်စားသောသူများဖြစ်ပြီးဟိုစပ်စပ်ဒီစပ်စပ်လုပ်တတ်သောသူများဖြစ်သည်ထိုကဲ့သို့ ပြုလုပ်သဖြင့်တစ်ခါတစ်ရံအလုပ်ကိစ္စများ

တွင်တစ်၀က်တစ်ပြက်များဖြစ်နေတတ်ကြသည်ကျေးဇူးတရားကိုသိတတ်သောသူများလည်းဖြစ်သည်ထိုသူတို့၏စိတ်ဓာတ်သည်သူကောင်းလျှင် ကိုယ်ကောင်းမည်သူမ

ကောင်းလျှင်ကိုယ်မကောင်းနိုင်ဟူသော ကြည့်မှန်သဖွယ်နေထိုင်ကြသည်ပေါင်းရသင်းရလွန်စွာခက်သောသူများဖြစ်ပြီးကွယ်ရာတွင်ဝေဖန်အပြစ်ပြောခံရခြင်းများ ကြုံရတတ်ပြီး

ထိုသို့ပြောသည်ကိုလည်းဂရုစိုက်လေ့မရှိသူများလည်းဖြစ်သည်အပေါင်းအသင်းများကိုလည်းကိုယ့်အပေါ်တကယ်နားလည်သူကိုသာရွေးချယ်ပေါင်းလေ့ရှိသည်လူအများ

နောက်လိုက်ထက်ဆရာလုပ်တတ်ခြင်းအမိန့်ပေးတတ်ခြင်းဩဇာပေးလိုစိတ်များရှိသည်ထို့ကြောင့်ကိစ္စတော်တော်များများတွင် သိအောင်ကြိုးစားလေ့ရှိကြသည်ဤနက္ခတ်ပိုင်ရှင်

များသည်သေလျှင်မြေကြီးရှင်လျှင်ရွှေထီးဟူသောစိတ်ထားမျိုးလည်းရှိပြန်သည်တခါတစ်ရံဝေခွဲမရသောကိစ္စများတွင်နောက်ဆုတ်လေ့မရှိရှေ့သို့သာတုံးတိုက်တိုက်ကျားကိုက်

ကိုက်ပြုမူတတ်ကြသည်ထိုအချက်သည်မှားမှန်ချင့်ချိန်မှုအားနည်းတတ်သောအဓိကအားနဲချက်တစ်ခုဖြစ်သည်ထိုအချက်ကိုတော့အထူးပြုပြင်ရပေမည်။သူတို့သည်မည်သည့်

နေရာတွင်မဆိုထင်ပေါ်ကျော်ကြားလိုကြသည်ငယ်စဉ်အခါတွင်အခက်အခဲများနှင့်ကြုံတွေ့ရတတ်သည်ချစ်သူအိမ်ထောင်ဘက်များနှင့်ပတ်သက်ပြီးခံစားလွယ် ပေါက်ကွဲ

လွယ်တတ်သည်သို့သော်နှစ်နှစ်ခါခါချစ်တတ်သူများဖြစ်သည်စီးပွားရေးနှင့်ပတ်သက်ပြီးစုပေါင်းလုပ်ခြင်းထက် တစ်ဦးထဲလုပ်ကိုင်လျှင်ပိုမိုကောင်းမွန်ပြီးအများအကျိုးနှင့်

သက်ဆိုင်သောလုပ်ငန်းများတွင်အကျိုးလွန်စွာပေးသူများဖြစ်သည်ထိုနက္ခတ်ပိုင်ရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များမှ၁။ထင်ပေါ်ကျော်ကြားလိုသောလောဘရှိသဖြင့်

ထိုလောဘကိုထိန်းချုပ်ပါ၂။မဝေခွဲနိုင်သောကိစ္စများတွင်တောင်တုံးတိုက်ကျားကိုက်စွန့်စားတတ်သူများဖြစ်သဖြင့်အမှားတွေဖြစ်တတ်ပြီး ဘ၀အတက်အကျမြန်တတ်သည်ထို့

ကြောင့်ရှည်ကြာသောအောင်မြင်မှုမြဲမြံသောရပ်တည်မှုများကိုအလိုရှိပါကသေချာစဉ်းစားဆင်ခြင်ခြင်း၊ရှေ့တစ်လှမ်းအတွက်နောက်တစ်လှမ်းဆုတ်၍ အားယူခြင်းများကိုချိန်ဆ

လုပ်ဆောင်ပါ၃။မခံချင်စိတ်များပြားသဖြင့်မခံချင်စိတ်ကြောင့်တစ်ခါတစ်လေလောကကြီးကိုပင်အရွဲ့တိုက်တတ်ကြသည်ထိုမခံချင်စိတ်အားစနစ်တကျထိန်းချုပ်ခြင်းမှန်ကန်သော

နေရာတွင်အသုံချတတ်ခြင်းသည်ပင်ထိုနက္ခတ်ပိုင်ရှင်များအတွက်ထိပ်ဆုံးသို့ရောက်ရှိမည့်လမ်းပင်ဖြစ်ပေသည်
credit