

အခုဖော်ပြပေးမယ့်နည်းလမ်းတွေကတော့ပန်းအိုးထိုးတဲ့အခါပန်းတွေကြာကြာခံနေစေမယ့်နည်းလမ်းတွေပဲဖစ်ပါတယ်(၁) ပန်းတွေ ဝယ်လာတဲ့အခါ ရေဆေးပြီး ပန်းအိုးထိုးတာမျိုးကို ချက်ချင်း မလုပ်ဘဲ ပန်းအရိုးရဲ့ အောက်ခြေပင်စည်ကို







ဘုရားပန်းအိုးလဲတဲ့ခါ ပန်းအရိုးတံပုပ်တာမဖြစ်ပဲ ပန်းကြာကြာခံအောင်ပြုလုပ်နည်း လျှိ့ဝှက်ချက်ပန်းအိုးထိုးတဲ့အခါ ပန်းတွေ ကြာကြာခံနေစေမယ့် နည်းလမ်းများပန်းအိုးထိုးတဲ့အခါ ပန်းတွေကို ကြာကြာခံနေစေမယ့် နည်းလမ်းတွေရှိပါတယ်

အလုပ်စားပွဲမှာအလှပန်းအိုး ထိုးတာမျိုးဖြစ်ဖြစ်၊ သင့်အိမ်ဧည့်ခန်းမှာ အလှဆင်တာမျိုးနဲ့ ဘုရားမှာပန်းအိုးထိုးပြီးပန်းကပ် ပူဇော်တဲ့အခါ ပန်းတွေ ခဏလေးနဲ့ ညှိုးနွမ်းခြောက်သွေ့သွားတတ်လို့ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်

အခုဖော်ပြပေးမယ့်နည်းလမ်းတွေကတော့ပန်းအိုးထိုးတဲ့အခါပန်းတွေကြာကြာခံနေစေမယ့်နည်းလမ်းတွေတယ်(၁)ပန်းတွေ ဝယ်လာတဲ့အခါရေဆေးပြီးပန်းအိုးထိုးတာမျိုးကိုချက်ချင်းမလုပ်ဘဲပန်းအရိုးရဲ့အောက်ခြေပင်စည်ကို

၂လက်မခန့် ခပ်စောင်းစောင်းလေး ဖြတ်တောက်ပြီးမှ ထိုးပေးသင့်ပါတယ်ဒီလိုပြုလုပ်ပေးခြင်းဟာ ပန်းတွေ ရေစုပ်အား ပိုမိုကောင်းမွန်စေပြီး ကြာကြာခံစေပါတယ်။(၂) ပန်းအိုးထိုးတဲ့အခါ ပန်းအိုးထဲက ရေနဲ့ အနီးစပ်ဆုံးဖြစ်နေတဲ့

အရွက်တွေကို ခြွေပေးရမှာ ဖြစ်ပါတယ်။ဒီလို ပြုလုပ်ပေးခြင်းဟာ ရက်အနည်းငယ်ကြာတဲ့အခါ ပန်းအိုးထဲက ရေပုပ်နံ့လို အနံ့မကောင်းတာမျိုးကိုဖယ်ရှားပေးနိုင်တဲ့အပြင် ပန်းအရိုးတံ ပုပ်ပြီး အညှိုးနွမ်းမြန်တာမျိုးကိုလည်း မဖြစ်စေနိုင်ပါဘူး။

(၃) ပန်းအိုး ထိုးပြီးတဲ့အခါ အခန်းအပူချိန်ပေါ် မူတည်ပြီး ရေကို ရက်ခြားဆိုသလို ပုံမှန် လဲလှယ်ပေးသင့်ပါတယ်။ရေလဲတဲ့အခါတိုင်းလည်း ပန်းအရိုးတံကို လိုအပ်သလို ဖြတ်တောက်ပေးသင့်ပါတယ်။

(၄) ပန်းအိုး ထိုးတဲ့အခါပန်းအိုးထဲက ရေထဲကို မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်း၁ဇွန်းစာခန့်ထည့်ပေးခြင်းဟာပန်းတွေကို ကြာကြာခံစေနိုင်တဲ့အပြင်ပန်းအိုးထဲကရေတွေအချိန်ကြာလို့အနံ့အသက်မကောင်းတော့တာမျိုးလည်းမဖြစ်စေနိုင်ပါ

ဘူး(၅)ပန်းတွေကြာကြာခံစေမယ့် နောက်ထပ်နည်းလမ်းကောင်းတခုကတော့ပန်းအိုးထိုးတဲ့အခါတိုင်းပန်းအိုးထဲက ရေထဲကိုပန်းသီးရှာလကာရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့သကြားလက်ဖက်ရည်ဇွန်းတဝက်စာခန့်ကို

ရောစပ်ပြီးထည့်ပေးရမှာပါ။ ပန်းသီးရှာလကာရည်ဟာပန်းအရိုးတံတွေကို ပုပ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီသကြားကတော့ ပန်းတွေကို ကြာကြာခံစေနိုင်တဲ့ အစွမ်း ရှိပါတယ်။ဟယ်လ်သင်(ဧရာဝတီ)ခရစ်တစ်

LEAVE A REPLY

Please enter your comment!
Please enter your name here