ဘုရားပန္းအိုးအလွပန္းအိုးမ်ားထိုးတဲ့အခါပန္းေတြၾကာၾကာခံေနေစမယ့္နည္းလမ္းေတြရိွပါတယ္။အလုပ္စားပြဲမွာအလွပန္းအိုးထိုးတာမ်ိဳးျဖစ္ျဖစ္၊သင့္အိမ္ဧၫ့္ခန္းမွာအလွဆင္တာမ်ိဳးနဲ႔ဘုရားမွာပန္းအိုးထိုးၿပီးပန္းကပ္ပူေဇာ္တဲ့အခါပန္းေတြခဏေလးနဲ႔ၫွိုးႏြမ္းေျခာက္ေသြ့သြားတတ္လို႔စိတ္အေနွာင့္အယွက္ျဖစ္ရပါတယ္။
အခုေဖာ္ျပေပးမယ့္နည္းလမ္းေတြကေတာ့ပန္းအိုးထိုးတဲ့အခါပန္းေတြၾကာၾကာခံေနေစမယ့္နည္းလမ္းေတြပဲျဖစ္ပါတယ္၁ပန္းေတြဝယ္လာတဲ့အခါေရေဆးၿပီးပန္းအိုးထိုးတာမ်ိဳးကိုခ်က္ခ်င္းမလုပ္ဘဲပန္းအရိုးရဲ့ေအာက္ေျခပင္စည္ကို၂လက္မခန႔္ ခပ္ေစာင္းေစာင္းေလးျဖတ္ေတာက္ၿပီးမွထိုးေပးသင့္ပါတယ္။
ဒီလိုျပဳလုပ္ေပးျခင္းဟာပန္းေတြေရစုပ္အားပိုမိုေကာင္းမြန္ေစၿပီးၾကာၾကာခံေစပါတယ္။(၂)ပန္းအိုးထိုးတဲ့အခါပန္းအိုးထဲက ေရနဲ႔အနီးစပ္ဆံုးျဖစ္ေနတဲ့အရြက္ေတြကိုေႁခြေပးရမွာျဖစ္ပါတယ္။ဒီလိုျပဳလုပ္ေပးျခင္းဟာရက္အနည္းငယ္ၾကာတဲ့အခါပန္းအိုးထဲကေရပုပ္နံ႔လိုအနံ႔မေကာင္းတာမ်ိဳးကိုဖယ္ရွားေပးႏိုင္တဲ့အျပင္
ပန္းအရိုးတံပုပ္ၿပီးအၫွိုးႏြမ္းျမန္တာမ်ိဳးကိုလည္းမျဖစ္ေစႏိုင္ပါဘူး။(၃)ပန္းအိုးထိုးၿပီးတဲ့အခါအခန္းအပူခ်ိန္ေပၚမူတည္ၿပီးေရကိုရက္ျခားဆိုသလိုပံုမွန္လဲလွယ္ေပးသင့္ပါတယ္။ေရလဲတဲ့အခါတိုင္းလည္းပန္းအရိုးတံကိုလိုအပ္သလို ဖတ္ေတာက္ေပးသင့္ပါတယ္။
(၄)ပန္းအိုးထိုးတဲ့အခါပန္းအိုးထဲကေရထဲကိုမုန႔္ဖုတ္ဆိုဒါလက္ဖက္ရည္ဇြန္း၁ဇြန္းစာခန႔္ထၫ့္ေပးျခင္းဟာပန္းေတြကိုၾကာၾကာခံေစႏိုင္တဲ့အျပင္ပန္းအိုးထဲကေရေတြအခ်ိန္ၾကာလို႔အနံ႔အသက္မေကာင္းေတာ့တာမ်ိဳးလည္းမျဖစ္ေစႏိုင္ပါဘူး။၅ပန္းေတြၾကာၾကာခံေစမယ့္ေနာက္ထပ္နည္းလမ္းေကာင္းတခုကေတာ့ပန္းအိုးထိုးတဲ့အခါတိုင္းပန္းအိုးထဲကေရထဲကို
ပန္းသီးရွာလကာရည္လက္ဖက္ရည္ဇြန္း၂ ဇြန္းနဲ႔သၾကားလက္ဖက္ရည္ဇြန္းတဝက္စာခန႔္ကိုေရာစပ္ၿပီးထၫ့္ေပးရမွာပါ။ပန္းသီးရွာလကာရည္ဟာပန္းအရိုးတံေတြကိုပုပ္ေစႏိုင္တဲ့ဘက္တီးရီးယားေတြကိုေသေစႏိုင္ၿပီးသၾကားကေတာ့ပန္းေတြကိုၾကာၾကာခံေစႏိုင္တဲ့အစြမ္းရိွပါတယ္။ခရက္ဒစ္
ဘုရားပန်းအိုးအလှပန်းအိုးများထိုးတဲ့အခါပန်းတွေကြာကြာခံနေစေမယ့်နည်းလမ်းတွေရှိပါတယ်။အလုပ်စားပွဲမှာအလှပန်းအိုးထိုးတာမျိုးဖြစ်ဖြစ်၊သင့်အိမ်ဧည့်ခန်းမှာအလှဆင်တာမျိုးနဲ့ဘုရားမှာပန်းအိုးထိုးပြီးပန်းကပ်ပူဇော်တဲ့အခါပန်းတွေခဏလေးနဲ့ညှိုးနွမ်းခြောက်သွေ့သွားတတ်လို့စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။
အခုဖော်ပြပေးမယ့်နည်းလမ်းတွေကတော့ပန်းအိုးထိုးတဲ့အခါပန်းတွေကြာကြာခံနေစေမယ့်နည်းလမ်းတွေပဲဖြစ်ပါတယ်၁ပန်းတွေဝယ်လာတဲ့အခါရေဆေးပြီးပန်းအိုးထိုးတာမျိုးကိုချက်ချင်းမလုပ်ဘဲပန်းအရိုးရဲ့အောက်ခြေပင်စည်ကို၂လက်မခန့် ခပ်စောင်းစောင်းလေးဖြတ်တောက်ပြီးမှထိုးပေးသင့်ပါတယ်။
ဒီလိုပြုလုပ်ပေးခြင်းဟာပန်းတွေရေစုပ်အားပိုမိုကောင်းမွန်စေပြီးကြာကြာခံစေပါတယ်။(၂)ပန်းအိုးထိုးတဲ့အခါပန်းအိုးထဲက ရေနဲ့အနီးစပ်ဆုံးဖြစ်နေတဲ့အရွက်တွေကိုခြွေပေးရမှာဖြစ်ပါတယ်။ဒီလိုပြုလုပ်ပေးခြင်းဟာရက်အနည်းငယ်ကြာတဲ့အခါပန်းအိုးထဲကရေပုပ်နံ့လိုအနံ့မကောင်းတာမျိုးကိုဖယ်ရှားပေးနိုင်တဲ့အပြင်
ပန်းအရိုးတံပုပ်ပြီးအညှိုးနွမ်းမြန်တာမျိုးကိုလည်းမဖြစ်စေနိုင်ပါဘူး။(၃)ပန်းအိုးထိုးပြီးတဲ့အခါအခန်းအပူချိန်ပေါ်မူတည်ပြီးရေကိုရက်ခြားဆိုသလိုပုံမှန်လဲလှယ်ပေးသင့်ပါတယ်။ရေလဲတဲ့အခါတိုင်းလည်းပန်းအရိုးတံကိုလိုအပ်သလို ဖတ်တောက်ပေးသင့်ပါတယ်။
(၄)ပန်းအိုးထိုးတဲ့အခါပန်းအိုးထဲကရေထဲကိုမုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်း၁ဇွန်းစာခန့်ထည့်ပေးခြင်းဟာပန်းတွေကိုကြာကြာခံစေနိုင်တဲ့အပြင်ပန်းအိုးထဲကရေတွေအချိန်ကြာလို့အနံ့အသက်မကောင်းတော့တာမျိုးလည်းမဖြစ်စေနိုင်ပါဘူး။၅ပန်းတွေကြာကြာခံစေမယ့်နောက်ထပ်နည်းလမ်းကောင်းတခုကတော့ပန်းအိုးထိုးတဲ့အခါတိုင်းပန်းအိုးထဲကရေထဲကို
ပန်းသီးရှာလကာရည်လက်ဖက်ရည်ဇွန်း၂ ဇွန်းနဲ့သကြားလက်ဖက်ရည်ဇွန်းတဝက်စာခန့်ကိုရောစပ်ပြီးထည့်ပေးရမှာပါ။ပန်းသီးရှာလကာရည်ဟာပန်းအရိုးတံတွေကိုပုပ်စေနိုင်တဲ့ဘက်တီးရီးယားတွေကိုသေစေနိုင်ပြီးသကြားကတော့ပန်းတွေကိုကြာကြာခံစေနိုင်တဲ့အစွမ်းရှိပါတယ်။ခရက်ဒစ်