ဘကြီးဘုန်းကြီးလည်းပြောဘူးတယ်မလုပ်သင့်တာကိုလုပ်နေကြတဲ့ထီသည်များနဲ့မီဒီယာများSocioeconomicအရလူတွေကထီကိုစိတ်ကူးယဉ်စရာအဖြစ်ထိုးကြတယ်အထူးသဖြင့်လူလတ်တန်းစားနဲ့အခြေခံလူတန်းစားတွေပေါ့သူဌေးတယောက်ထီပေါက်ရင်သူ့အတွက်ထီပေါက်တဲ့ငွကြေးပမာဏဟာဘာမှမဟုတ်သလိုသူ့privacyတို့personal security ပုဂ္ဂိုလ်လုံခြုံရေးတို့ကဘာမှမပြောပလောက်ဖူး။
ထိုသူတွေကအုတ်တံတိုင်း၇၊၈ပခတ်လို့ သံဆူးကြိုးနဲ့ အစ်ကိုလေး မမလေး ဆိုပြီး အချွေအရံတွေနဲ့ နေကြတာ။ သူတို့နေတဲ့ နေရာတွေကလည်တ်ာရုံ မျက်နှာမွဲတို့ သူခိုးဂျပိုးတွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ဟာတွေကနေလက်ကြောတင်းအောင်အလုပ်မလုပ်ပဲလက်ဖျန့်ခံတောင်းချင်တဲ့အမျိုးတွေဖွတ်ကလိဒင်္ဂါးမြင်တာနဲ့ငွလေးလှည့်ပါဦးဆိုတဲ့ဟာတွေနဲ့ ကင်းတဲ့ဟာတွေများတယ်။
သူတို့ထီသက်စေ့ပေါက်တောင်ဘာမှမဖြစ်ဖူးဥပမာနိုင်ငံကျော်သူဌေး၁-၁ဝဝတန်းဝင်တဲ့သူတွေထီပေါက်ရင်သူတို့privacy တို့personal security ပုဂ္ဂိုလ်လုံခြုံရေးတို့ကဘာမှပာင်းလဲမသွားဘူး။သို့ပေမယ့်ယနေ့ထီပေါက်တာနဲ့ ထီသည်တွေဟာ ဘယ်သူဘယ်ဝါငါ့ဆိုင်ကသူ့ဆိုင်က ပေါက်တယ်ဆိုပြီးဓါတ်ပုံတွေတင်မိသားစုတွေပါပုံထဲအကုန်ထည့်ဘယ်နေရာဘယ်သူ ဘယ်ရပ်ကွက်ကပါဆိုပြီးတင်ရော။
တကယ်တန်း အဲဒါပသနာကိုလက်ရပ်ခေါ်တာနဲ့ အတူတူပဲ။သူများ ထီပေါက်လို့ ယနေ့ တရားစကားလုံးterminology တွေသုံးပြီး မုဒိတာပွားတာလုပ်လိုက်ပါ ဘာညာထက်အဲဒီလူတွေသူတို့မိသားစုတွေဟာအပေါ်ကသူထေးတွေလိုprivacy တို့ personal security ပုဂ္ဂိုလ်လုံခြုံရေးတွေ မရှိဘူး။နောက်ဆက်တွဲ ပြသနာက ထီပေါက်တာနဲ့ လူဆိုး သူခိုးက အရင်လာမှာ မဟုတ်ဖူ ဆွေစဉ်မျိုးဆက်ထဲကလက်ကြောမတင်းတဲ့ အားနေလက်ဖျန့်ခံတောင်းမည့်ဟာတွေရာက်လာမယ်။
ပေးရင်တမျိုးမပေးရင်ပသနာရှာတာတွေလည်း ဖြစ်လာနိုင်တယ်။ဟဲ့ညဉ်းတို့ နင်တို့သိန်းဘယ်လောက်ပေါက်တာငါတို့ကိုဒီလောက်လေးတောင်မသထာဘူးလားဆိုပြီး မပေးချင်လောက်အောင် ပမာဏတွေ လက်ဖြန့်ခံတောင်းမယ်။ မဖြစ်နိုင်ဘူးလို့ မထင်နဲ့ မြန်မာပြည်မှာကိုယ့်အမျိုးအသိမိတ်ဆွေတွေထဲ အဲဒီလိုဟာတွေ တပုံကြီး။နောက်အိမ်နီးနားချင်း အရပ်ထဲကနေ အသိုင်းအဝိုင်း အဖွဲ့အစည်းထိ လာကြမယ်။
ငွေချေးတာကနေအလှူငွေထည့်ခိုင်းတာစုံနေအောင်ပဲ။တချို့ကထီပေါက်ရင်လှူမယ်ဘာညာစိတ်ကူးထားကြပေမယ့်လိုလားအပ်တဲ့တောင်းဆိုမှုတွေမိမိအကျိုးအတွက်ပိုတောင်းတာတွေ ဖြစ်လာနိုင်တယ်။ဆိုကြပါစို့ကိုယ်နဲ့သက်ဆိုင်နေတဲ့ဘသာရေးအဖွဲ့အစည်းကဘယ်ဟာအတွက်ဘယ်လောက်လှူဆိုပြီး ကိုယ်ကပးချင်တာမပေးချင်တာမသိသူတို့လိုချင်တဲ့ပမာဏကိုအးဓါးမြတိုက်တဲ့အလားတောင်းကြမယ်။
အိမ်နီးချင်းအရပ်ထဲကငွလာချေးကြမယ်။မပေးရင်ဘာဖြစ်မယ် ထင်လဲ။ အားလုံးဟာကျွန်တော်ကတော့ခင်ဗျားတောင်းတဲ့ ပမာဏကိုမပေးချင်ဘူးအပေးနိုင်ဘူးဆိုပြီး လွယ်လွယ်နဲ့ပါးစပ်ကပာထွက်နိုင်မယ်ထင်လားကိုယ့်ပိုက်ဆံနဲ့ကိုယ်အမုန်ပွားအောင်ဖစ်မယ်။မပေးချင်တောင်ဘယ်လို မပေးချင်ကြောင်ပာဖို့ခက်လောက်အောင် ဖြစ်ကုန်မယ်ပးချင်တောင်သူတို့တောင်းတဲ့ ပမာဏမပေးချင်ရင်လည်းပြသနာဖြစ်မယ်။
သူတို့ကသူတို့တောင်းတဲ့ ပမာဏမပေးရင် လွယ်လွယ်နဲ့ အိမ်က ထွက်သွားမယ် ထင်နေလားနေရာတင် ဓါးနဲ့မထိုးတောင် အနည်းဆုံးပြသနာရှာမည့်မျက်နှာပေးတွေနဲ့ ထွက်သွားမယ်။အခုနကပြောတဲ့အဖွဲ့အစည်းဆိုတာအကုန်ပါတယ်ဘာသာရေး၊ကိုယ်လုပ်နေတဲ့ကိုယ်နဲ့မကင်းတဲ့ အဖွဲ့အစည်းတွေအစုံပါတယ်။ထီဆုကြီးပေါက်တာနဲ့ကိုယ့်ကိုငွပုံကြီးလို့ပဲ မြင်မယ်။တသက်လုံး အဖက်မလုပ်တဲ့ဟာတွေကမင်း ဘယ်လောက်လှုတို့ငါတို့အဖွဲ့အစည်းဘာလုပ်ဖို့ ဘာလုပ်မယ်
ငွေဘယ်လောက်ထောက်ပံ့ဆိုတာတွေက အစလာမယ်ခင်ဗျားလက်ထဲကငွေကိုသူတို့ဆီအမျိုးမျိုးစီးဆင်းလာအောင်လုပ်ကြမယ်။ခင်ဗျားမပေးလို့မရလောက်အောင်ခင်ဗျားအားနည်းချက်ကိုချနင်းတာတွေ ဖစ်လာလိမ့်မယ်နောက်သူခိုးဂျပိုးလွေတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ဟာတွေ အဲဒီဟာတွေက ဘယ်သူဘယ်ဝါ ငွေယားလက်ထဲ ရှိနေသလဲဆိုတာအမြဲလေ့လာနေတဲ့ဟာတွေ။ ဖုန်းလေး မြင်တာနဲ့ ဖုန်းတန်ဖိုးကိုမှန်းလို့ လုတာတွေဖြစ်နေတာပဲ။
အဲဒီတော့ အဲဒီလို ခိုးဆိုးတွေနေတဲ့အရပ်ထဲခင်ဗျားနေလို့ထီပေါက်ရင်အိမ်တံခါးကိုဘယ်လိုပိတ်ပိတ် ခင်ဗျားနောက်ကြော မလုံတော့ဘူး။အရပ်ထဲက အမြန်ပြောင်းပြေးဖို့ မလွယ်လေနာက် ဥပမာ အစိုးရတာဝန်ထမ်းဆောင်နေတဲ့ -တန်းလျားဘာညာတွေမှာနေတဲ့သူဆိုပိုတောင်ဆိုးသေးတယ်။ခင်ဗျားရုပ်တရက်ကြီးအလုပ်ကလည်းထွက်လို့မရပာင်းလို့ရမှာ မဟုတ်ဖူး။ နေ့စဉ်နဲ့အမျှကိုယ့်ပိုက်ဆံနဲ့ကိုယ်လန့်နေမယ်အမုန်းခံနေရမယ်။ခင်ဗျားတခုခုလုပ်တိုင်း မလုံတော့ဘူး။
အဲဒါကြောင့် ထီထိုးရင်ထီသည်တွေကို ပြောအားနေ သူတို့ဆီကပါက်တာကိုယ့်အကြောင်းကြားတာထက်မပိုတဲ့ အဖြစ်ကိုပဲ လုပ်သင့်တယ်။ ပုံတွေ တင်တာ ဘယ်အရပ်ကဘယ်သူပေါက်တာဆိုပြီးFacebook မှာ ပုံတွေ တင်တာမလုပ်သင့်ဘူး။မှတ်မိကြမှာပါသိန်းဘယ်လောက်ပေါက်တာကိုဘယ်လောက်ပဲထီပေါက်တဲ့သူကသူ့ကိုပးလို့ဆိုပြီးရတာတောင်ထီရောင်းတဲ့သူကမကျေနပ်တဲ့အဖြစ်မျိုးနဲ့တင်တဲ့ Post တကယ်တန်းကိုယ့်ပိုက်ဆံနဲ့ ကိုယ်အမုန်းခံရတာ။
သူတို့ကလက်တို့လို့ ပြန်ပေးဆွဲခိုင်းဘယ်လိုလုပ်မလဲ။ မဖြစ်နိုင်ဘူး မပြောနဲ့နော်မဖြစ်သေးတာပဲ ရှိတယ်။ ဘယ်နိုင်ငံမှ ထီသည်ကို ကိုယ့် ဖုန်းနံပါတ်တို့ နာမည်တို့ မပေးဘူး မြန်မာနိုင်ငံမှာပဲ ထီမတိုက်ချင်လို့ ပေးခဲ့ကြတာ။ တကယ်တန်း အဲဒါက ပြသနာကို လက်ရပ်ခေါ်တာနဲ့ အတူတူပဲ။ခင်ဗျား ထီပေါက်တာနဲ့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အမုန်းခံရမယ်နာက်privacy တို့ personal security ပုဂ္ဂိုလ်လုံခြုံရေးတွေ နည်းလာမယ်။
ဆိုကြပါစို့ ပေါက်တဲ့သူမှာသားသမီးရှိလို့ ကလေးပြန်ပေးဆွဲပြီ ငွေညှစ်ရင်ဘယ်လိုလုပ်မလဲ။တိုင်လို့သတ်ပစ်ရင်တဘဝလုံး ထီဆိုတဲ့ အကြောင်းကြားတိုင်း စိတ္တဇ ဖြစ်နေမယ်။ အလကားနေရင်း ပိုက်ဆံလာချေးသမျှကိုဘယ်လိုမာင်းထုတ်ရမလဲဆိုတဲ့အဖြစ်တွေဖြစ်လာမယ်။ အေးဓါးမြတိုက်တာတွေလည်း ခံရမယ်။ဆိုလိုတာက ထီပေါက်တဲ့သူ သူ့လက်ထဲ ငွေရလာလို့ သူ့ဖာသာလှူမယ်ဆိုတဲ့ စိတ်နဲ့ သူပေးချင်တာပေး လှူချင်တာလှူ ဘာမှ ပြသနာမဟုတ်ဖူး။
အလကားနေရင်း ငါ့ဆိုင်ကပါ သူ့ဆိုင်ကပါ ဆိုတာကနေ မီဒီယာတွေကပါ အားယားပြီး ဘယ်နယ်ကဘယ်သူပေါက်တယ်ဆိုပြီးပုံတွေနဲ့ တင်တာမဟုတ်သေးဘူး။အခုမြန်မာပြည်ကလုပ်နေတဲ့ထီဆိုင်ကိုနာမည်တွေပေးတာ ဖုန်းနံပါတ်တွေပေးတာ ဘယ်နိုင်ငံမှမရှိဘူး။ထီဆိုင်ကို ကိုယ့်နာမည် ဖုန်းနံပါတ်ပေးရင်ထိုင်းတို့ ဖီလင်ပင်းတို့ဆိုသနတ်သမားတွေချက်ခြင်းရောက်လာမယ်။ခင်ဗျားပါက်တဲ့ထီလက်မှတ်နဲ့ ဆုငွေအထုတ်ခင် ပေးမလားအသေခံမလားမးပြီး မပေးရင် သတ်ပစ်ခဲ့မယ်။
ဂျပန်ဆိုယာကူဇာတွေမအောက်ဂိုဏ်းကခိုးဆိုးတွေကသွယ်ဝိုက်ပြီးတခုခုနဲ့ခြိမ်းခြောက်လို့ဆက်ကြေးလာတောင်းလိမ့်မယ်။အခုလိုinformation ပေးပုံနဲ့ဆိုဟိုးတာင်အမေရိကနိုင်ငံတွေဆိုထီပေါက်တဲ့မိသားစုတဦးမှမကျန်ခဏအတွင်းအစ အနပါပျာက်ကုန်မယ်။သူများထီပေါက်တာသူ့ဖာသာဘာလုပ်လုပ်တို့မုဒိတာမပွားတာဘာညာမဟုတ်သူများprivacyတို့ personal securityပုဂ္ဂိုလ်လုံခြုံရေးတို့ကို နားလည်စေချင်တယ်။ခရစ်တစ်မျိုးဟန်ထွန်း