မက္ဆင္ဂ်ာကေနခ်ိန္းေတြ႕ရန္ေခၚကာဓားနဲ႔ထိုးသတ္သူကိုရဲတပ္ဖြဲ႕မွ ေဖာ္ထုတ္ဖမ္းဆီးေမာင္ေလးငယ္ငယ္မုံရြာ၊ဇူလိုင္ ၁၈ေခ်ာင္းဦးၿမိဳ့နယ္ခင္မြန္ရြာေတာင္ဘက္ယာခင္းအတြင္းဇူလိုင္၁၄ရက္ည၈ ခြဲခန႔္ကအမ်ိဳးသားတစ္ဦးကိုဓားျဖင့္ထိုးသတ္
သြားသူအားရဲတပ္ဖြဲ႕မွယေန႔ေဖာ္ထုတ္ဖမ္းဆီးခဲ့ေၾကာင္းသတင္းရရွိသည္။ေသဆုံးသူမွာအသက္၂၅ႏွစ္အရြယ္ရွိၿပီး ေခ်ာင္းဦးၿမိဳ့ရန္ေအာင္ျမင္ရပ္ကြက္ ေညာင္ပင္ရပ္တြင္ ေနထိုင္သူျဖစ္သည္။ရဲတပ္ဖြဲ႕၏စုံစမ္းေဖာ္ထုတ္မွုအရ
ေဖ့ဘြတ္မက္ဆင္ဂ်ာမွခ်ိန္းဆိုကာဓားျဖင့္ သုံးခ်က္ဆင့္ထိုးသတ္သြားျခင္းျဖစ္ေၾကာင္း မုံရြာခရိုင္မွုခင္းႏွိမ္နင္းေရးအရာရွိ ရဲအုပ္ညိဳသက္ဝင္းက ေျပာသည္။”သက္တဲ့သူကမိန္းမစိတ္ဝင္ေနတဲ့မိန္းမလ်ာတစ္ေယာက္ပါပထမအႀကိမ္ခ်ိန္းေတြ႕တုန္း
သူ႔စအိုကို ေဆးလိပ္မီးနဲ႔ထိုးလို့ဆိုၿပီးမေက်မနပ္ျဖစ္ေနတာသတ္မယ့္ေန႔ကေတာ့ ေဖ့ဘြတ္မက္ဆင္ဂ်ာကေန မိန္းခေလးဟန္ေဆာင္ၿပီး ေခၚခ်ိန္းတယ္။ ေရႊတိုးနိုင္ဆီဆိုင္ေနာက္ေက်ာဘက္လယ္ ကြင္းထဲကတမာပင္ေအာက္မွာ
ေတြ႕ၾကတာလူခ်င္းေတြ႕ ေတာ့သူတခြန္းကိုယ္တခြန္းစကားမ်ားၿပီးမိန္းမစိတ္ေပါက္ေနတဲ့သူကပါလာတဲ့ ေခါက္ဓားနဲ႔ ဆီးခုံကိုတစ္ခ်က္ထိုးလိုက္တယ္ဟုရဲအုပ္ညိဳသက္ဝင္းက ေျပာသည္။ဓားျဖင့္အထိုးခံရသူမွလက္သီးျဖင့္ ျပန္လည္ထိုးကာ
လုံးေထြးခဲ့သျဖင့္ နံၾကားတစ္ခ်က္ ရင္ညြန႔္သို့ တစ္ခ်က္ ထပ္မံထိုးသတ္ခဲ့ေၾကာင္း အသက္ ၄၄ ႏွစ္အရြယ္ရွိ မိန္းမလ်ာအမ်ိဳးသားက ရဲထံထြက္ဆိုခဲ့သည္။၎မွာ ေသဆုံးသူ၏ဖုန္းကိုယူေဆာင္ဖ်က္ဆီးကာေဖ်ာက္ဖ်က္ခဲ့ ေၾကာင္းသိရသည္။
ရဲတပ္ဖြဲ႕မွအဆိုပါအမွု ေပၚေပါက္ေရးအတြက္ဖုန္းနဲ႔အတူပါသြားေသာ ေသဆုံးသူအသုံးျပဳသည့္ ေဖ့ဘြတ္အေကာင့္အား ျပန္လည္ ဆယ္ယူကာစုံစမ္းစစ္ေဆးခဲ့ရေၾကာင္းဆိုသည္။ေသဆုံးသူႏွင့္မက္ဆင္ဂ်ာမွ ေျပာဆိုထားသည့္စကားအသြား
အလာအရမိန္းမလ်ာတစ္ဦးျဖစ္ေနေၾကာင္းသိရွိရသျဖင့္ ေသဆုံးသူႏွင့္ရင္းႏွီးဘူးသည့္မိန္းမလ်ာမ်ားအားစုံစမ္းရာမွ ေပၚေပါက္ခဲ့ျခင္းျဖစ္ေၾကာင္းရဲတပ္ဖြဲ႕ထံမွသိရသည္။ျပစ္မွုက်ဴးလြန္သည့္မိန္းမလ်ာအမ်ိဳးသားမွာလည္း ေခ်ာင္းဦးၿမိဳ့ေနထိုင္သူျဖစ္ကာ၎အားတရားဥပေဒအရအေရးယူနိုင္ေရးအတြက္ရဲတပ္ဖြဲ႕မွ ေဆာင္ရြက္လ်က္ရွိသည္။ခရစ္တစ္။
မက်ဆင်ဂျာကနေချိန်းတွေ့ရန်ခေါ်ကာဓားနဲ့ထိုးသတ်သူကို ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးမောင်လေးငယ်ငယ်မုံရွာ၊ဇူလိုင် ၁၈ချောင်းဦးမြို့နယ်ခင်မွန်ရွာတောင်ဘက်ယာခင်းအတွင်းဇူလိုင်၁၄ရက်ည၈ ခွဲခန့်ကအမျိုးသားတစ်ဦးကိုဓားဖြင့်ထိုးသတ်
သွားသူအားရဲတပ်ဖွဲ့မှယနေ့ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်းသတင်းရရှိသည်။သေဆုံးသူမှာအသက်၂၅နှစ်အရွယ်ရှိပြီး ချောင်းဦးမြို့ရန်အောင်မြင်ရပ်ကွက် ညောင်ပင်ရပ်တွင် နေထိုင်သူဖြစ်သည်။ရဲတပ်ဖွဲ့၏စုံစမ်းဖော်ထုတ်မှုအရ
ဖေ့ဘွတ်မက်ဆင်ဂျာမှချိန်းဆိုကာဓားဖြင့် သုံးချက်ဆင့်ထိုးသတ်သွားခြင်းဖြစ်ကြောင်း မုံရွာခရိုင်မှုခင်းနှိမ်နင်းရေးအရာရှိ ရဲအုပ်ညိုသက်ဝင်းက ပြောသည်။”သက်တဲ့သူကမိန်းမစိတ်ဝင်နေတဲ့မိန်းမလျာတစ်ယောက်ပါပထမအကြိမ်ချိန်းတွေ့တုန်း
သူ့စအိုကို ဆေးလိပ်မီးနဲ့ထိုးလို့ဆိုပြီးမကျေမနပ်ဖြစ်နေတာသတ်မယ့်နေ့ကတော့ ဖေ့ဘွတ်မက်ဆင်ဂျာကနေ မိန်းခလေးဟန်ဆောင်ပြီး ခေါ်ချိန်းတယ်။ ရွှေတိုးနိုင်ဆီဆိုင်နောက်ကျောဘက်လယ် ကွင်းထဲကတမာပင်အောက်မှာ
တွေ့ကြတာလူချင်းတွေ့ တော့သူတခွန်းကိုယ်တခွန်းစကားများပြီးမိန်းမစိတ်ပေါက်နေတဲ့သူကပါလာတဲ့ ခေါက်ဓားနဲ့ ဆီးခုံကိုတစ်ချက်ထိုးလိုက်တယ်ဟုရဲအုပ်ညိုသက်ဝင်းက ပြောသည်။ဓားဖြင့်အထိုးခံရသူမှလက်သီးဖြင့် ပြန်လည်ထိုးကာ
လုံးထွေးခဲ့သဖြင့် နံကြားတစ်ချက် ရင်ညွန့်သို့ တစ်ချက် ထပ်မံထိုးသတ်ခဲ့ကြောင်း အသက် ၄၄ နှစ်အရွယ်ရှိ မိန်းမလျာအမျိုးသားက ရဲထံထွက်ဆိုခဲ့သည်။၎င်းမှာ သေဆုံးသူ၏ဖုန်းကိုယူဆောင်ဖျက်ဆီးကာဖျောက်ဖျက်ခဲ့ ကြောင်းသိရသည်။
ရဲတပ်ဖွဲ့မှအဆိုပါအမှု ပေါ်ပေါက်ရေးအတွက်ဖုန်းနဲ့အတူပါသွားသော သေဆုံးသူအသုံးပြုသည့် ဖေ့ဘွတ်အကောင့်အား ပြန်လည် ဆယ်ယူကာစုံစမ်းစစ်ဆေးခဲ့ရကြောင်းဆိုသည်။သေဆုံးသူနှင့်မက်ဆင်ဂျာမှ ပြောဆိုထားသည့်စကားအသွား
အလာအရမိန်းမလျာတစ်ဦးဖြစ်နေကြောင်းသိရှိရသဖြင့် သေဆုံးသူနှင့်ရင်းနှီးဘူးသည့်မိန်းမလျာများအားစုံစမ်းရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့ထံမှသိရသည်။ပြစ်မှုကျူးလွန်သည့်မိန်းမလျာအမျိုးသားမှာလည်း ချောင်းဦးမြို့နေထိုင်သူဖြစ်ကာ၎င်းအားတရားဥပဒေအရအရေးယူနိုင်ရေးအတွက်ရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိသည်။ခရစ်တစ်။