စက်သုံးဆီဈေးမကြုံဖူးအောင်အမြင့်ဆုံးသို့ရောက်ရှိသယ်ယူပို့ဆောင်ရေးလုပ်ငန်းများအခက်ကြုံနေမြေလတ်အသံ၊မတ်၃၊၂၀၂၂မြန်မာနိုင်ငံတွင်စက်သုံးဆီဈေးနှုန်းမှာတခါမှမကြုံဖူးအောင်အမြင့်ဆုံးဈေးနှုန်းသို့ဆက်တိုက်တက်လျှက်ရှိပြီး

သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအပြင်အခြေခံလူတန်းစားများဖြစ်သည့်Taxiနှင့်ကယ်ရီသမားများပိုမိုအကျပ်ရိုက်နေကာအချို့အလုပ်ရပ်နားထားရမည့်အခြေနေနှင့်ကြုံတွေ့နေရကြောင်းမြို့ကြီးများရှိ ဒေသခံများထံကသိရသည်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

မြို့အလိုက်အနီးအဝေးကိုလိုက်၍မတ်လ၃ရက်နေ့စက်သုံးဆီဈေးနှုန်း ပေါက်ဈေးမှာအသုံးများသောOctane92တလီတာလျှင် မြန်မာငွေကျပ်၁၉၅၀မှ
၂၀၅၀ကျပ်အထိ၊Octane95တလီတာလျှင် မြန်မာငွေကျပ်၂၀၅၀ မှ

၂၂၀၀အထိ၊Dieselတလီတာလျှင် မြန်မာငွေကျပ်၁၉၅၀မှ၂၀၅၀ထိ
Premium Dieselတလီတာလျှင်၂၀၀၀မှ၂၁၀၀ထိ မြင့်တက်လျှက်ရှိကြောင်း နေ့စဉ်စက်သုံးဆီဈေးနှုန်းများGroupကသိရသည်ဈေးနှုန်းကတော့

မကြုံဖူးအောင်ကိုတက်လာတယ်ဆိုရမယ်တက်တာကတော့နိုဝင်ဘာလလောက်ကတည်းကစက်သုံးဆီဈေးနှုန်းနဲ့ ဒေါ်လာဈေးနှုန်းကတက်နေတာ ဒေါ်လာဈေးနှုန်းတက်ခြင်းကျခြင်းနဲ့စက်သုံးဆီဈေးနှုန်းတက်ခြင်းကျခြင်းကသက်ဆိုင်တယ်

အရင်ကတလီတာထည့်တဲ့သူကတလီတာထည့်ဖို့တောင်ခဲယဉ်းသွားပြီအများအားဖြင့်တိုက်ရိုက်တန်းထိတာကကုန်ကားခရီးသယ်တင်ကားကြီးတွေနဲ့ရန်ကုန်မှာဆို Taxi နှင့်ဆိုင်ကယ်ကယ်ရီသမား တွေပဲ အဲအကျိုးဆက်ကတော့

ခရီးသွားလာသူတွေနဲ့ကုန်စည်စီးဆင်းမှုတွေမှာအကျပ်ရိုက်လာလိမ့်မယ်လို့ရန်ကုန်စက်သုံးဆီအရောင်းဆိုင်မန်နေဂျာတဦးကပြောသည်ရန်ကုန်မြို့ကြီးရှိTaxiကားသမားများ အခြားနယ်မြို့များရှိ သုံးဘီးအငှားယာဉ်မောင်းများနှင့်

ဆိုင်ကယ်ကယ်ရီမောင်းသမားများဆိုင်ကယ်ဈေးသယ်များအခက်ကြုံနေရပြီးပိုင်ရှင်မှတဆင့်ငှားရမ်းမောင်းနှင်နေရသူများဆီဖိုးပင်မရတော့လောက်အောင် ဖြစ်နေကြောင်းဆိုကြသည်ကျတော်တို့ပြည်မှာတော့ဆီဈေးနဲ့အလုပ်

လုပ်မရတာ နေ့တွက်မကိုက်တာသုံးလေးလလောက်ရှိပြီအခုကတာ့အဆိုးဆုံးပဲ နောက်ဆိုင်ကယ်လိုင်စင် ဘတ်မှန်နဲ့ဟိုစစ်ဒီစစ်တွေကလည်းဒဏ်ရိုက်တော့ဆိုင်ကယ်မောင်းစားဖို့တောင်မဖြစ်နိုင်တော့ဘူးအရင်ကအိုးဝေငှားမောင်းတယ်

မကိုက်တော့လို့ကိုယ့်ရှိတဲ့ဆိုင်ကယ်နဲ့လိုက်ပို့တာတွေလုပ်တာအခုဆီဈေးနဲ့ ဘယ်သူမှငှားစီးမှာမဟုတ်တော့ဘူးဟု ပြည်မြို့ရှိဆိုင်ကယ်ကယ်ရီသမားတဦးကပြောသည်စစ်အာဏာသိမ်းမှုမတိုင်ခင်စက်သုံးဆီဈေးမှာပျှမ်းမျှ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

တလီတာလျှင်မြန်မာငွေကျပ်၆၀၀ဝန်းကျင်မှ၇၀၀ဝန်းကျင်ခန့်သာရှိခဲ့ပြီးပြီးခဲ့သည့်ဒီဇင်ဘာလကတည်းကပူတာအိုမြို့တွင်တလီတာလျှင်၂၀၀၀ကျပ်သို့ ရောက်ရှိနေခြင်းဖြစ်ကာလက်ရှိစက်သုံးဆီဈေးမှာလည်းထပ်မံမြင့်တက်အုံးမည့်အခြေအနေတွင်ရှိနေကြောင်းစက်သုံးဆီရောင်းဝယ်သူများအသိုင်းအဝန်းကသိရသည်။မြေလတ်အသံ