မင်းကိုအရိပ်တကြည့်ကြည့်နဲရှိနေတာဟာချစ်လွန်းလို့မထင်နဲ့အခွင့်သာခဲ့ရင်ခုန်အုပ်ဖို့ချောင်းနေတတ်တဲ့ကျားဆိုးတွေမင်းနံဘေးမှာအပြည့်နာကျင်လွန်းတဲ့အခါမျက်ရည်ကျမယ်စိတ်

မကူးနဲ့မင်းမျက်ရည်တွေမြင်ရင်အောင်ပွဲခံမဲ့မြေခွေးလိုလူတွေမင်းနံဘေးမှာအပြည့်မောပန်းလွန်းတဲ့အခါပျော့ခွေကျသွားဖို့ မတွေးနဲ့မင်းလဲကျခဲ့ရင်မင်းကိုနင်းတက်ရင်းပျော်နေကြမဲ့

ခွေးအလိုလူတွေအပြည့်မင်းဘဝကိုအမည်းရောင်ခြယ်ဖို့မင်းရဲ့တစ်ချက်ကလေးမှားကွက်ကိုကျားချောင်းချောင်းနေတဲ့မြေခွေးလိုလိုခွေးအလိုလိုလူတွေလည်းအပြည့်ပြုံးပြလိုက်

စမ်းပါမင်းပျော်ရွှင်မှုတွေမရှူစိမ့်နိုင်သူအတွက်ရုန်းထလိုက်စမ်းပါမင်းဘဝရဲ့နာကျင်စရာတွေအတွက်လျှောက်ပြလိုက်စမ်းပါမင်းအမှားတစ်ကွက်ကိုစောင့်နေသူအတွက်မာယာ

များတဲ့လောကကြီးထဲမင်းဘဝသန်စွမ်းမှရှင်ကျန်ခဲ့မယ်ဒါကြောင့်ခါးသက်သက်ဘဝကိုသကြားအစက်စက်ပေါင်းဖက်လိုကောင်းမြတ်တဲ့ဘဝတစ်ခုမင်းလက်နဲ့ဖန်တီးတဲ့အခါသကာဖုံးတဲ့အဆိပ်တွေတော့မင်းရှောင်တတ်ပါစေcreditကြူကြူသင်း(မန်းသူနာပြုတက္ကသိုလ်)