မင်းဒုက္ခရောက်နေချိန် အကူညီယူဖို့မကြိုးစားနဲ့ လွတ်မြောက်အောင်ပဲရုန်းထွက်ပါအရေးအကြီးဆုံးက စာဖတ်ပါ၁။ ဘယ်သူ့ကိုမှ အားမကိုးပါနဲ့ဘဝမှာ ကိုယ်ကလွဲရင် ဘယ်သူကမှကိုယ့်အတွက် အမြဲရှိမနေနိုင်ဘူး

၂။ ဘာကြောင့်ပဲဖြစ်ဖြစ် ရိုးသားပါဘယ်နေရာရောက်ရောက် ရိုးသားပါဘာလုပ်လုပ် ရိုးသားပါ။ပြောပြော ရ်ိုးသားပါ။ဘယ်အခြေအနေမှာဖြစ်ဖြစ် ရိုးသားပါရိုးသားခြင်းဟာ လူ့တန်ဖိုးအစစ်ဖြစ်လို့ရိုးသားမှုမရှိလျှင်

လူဟာတန်ဖိုးမရှိပါဘူးဘာမှမရှိပေမယ့်အမြဲရိုးသားမှုရှိနေတော့ကိုယ်ဟာတန်ဖိုးရှိတဲ့သူ ဖြစ်နေပါပြီနော်၃။ဘာမှမသ်ိရင် အောက်ကျို့ရတယ်ဒါကြောင့်သိအောင် လေ့လာပါဘာမှမရှိရင် မျက်နှာငယ်ရတယ်

ဒါကြောင့်ရှိအောင်ကြိုးစားပါငွေရှာပါပိုက်ဆံစုပါဘယ်သူ့အပေါ်မှ မမှီခိုဘဲဘယ်သူ့မျက်နှာကိုမှမကြည့်ဘဲ နေနိုင်တဲ့အထိ ကြိုးစားရှာဖွေပါ၄။ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတယ်။ဒါပေမဲ့ အဲ့ဒီအထဲမှာ ကိုယ်ကျင့်တရား

မပါစေနဲ့ကိုယ့်ဒဏ်ရာကို လူတိုင်းကို ချမပြပါနဲ့မင်းသိအောင် ကိုယ်ချင်းစာပေးမယ့်သူထက်မင်းမသိအောင် ကြိတ်ပျော်နေမယ့်သူကပိုများပါတယ်။၅။ လိုအပ်နေမှန်းသိရင် တစ်ချို့က ထွက်သွားချင်တယ်

လွယ်လွယ်နဲ့ရရင်တန်ဖိုးမထားကြတော့ဘူး။ ဒါကြောင့်အများကြီးဖက်တွယ်မနေပါနဲ့နော်။ တချို့က အများကြီးချစ်တာနဲ့ လုံးဝ မတန်ပါဘူး။၆။ တစ်ခါတလေမှာအေးအေးဆေးဆေးလေး အနားယူပြီးတစ်ယောက်ထဲ

နေတတ်အောင် နေကြည့်ပါလွတ်လပ်ပေါ့ပါး စိတ်ချမ်းသာလာပြီးတော့တချို့အရာတွေကကိုယ်ထင်ထားသလောက်အရေးမကြီးမှန်း၊ အရေးမပါမှန်းသိလာပါလိမ့်မယ်

၇။ ပျော်ရွှင်မှုဆိုတာ တစ်ခြားသူဆီမှာ မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကိုယ့်ဘဝထဲကပဲ ကိုယ်ကိုယ်တိုင် ရှာယူရတာပါနော်။Credit အရှင်ဇဝန