စုဘူးနဲ့ပိုက်ဆံစုမယ့်သူတွေအထူးဂရုပြုရမယ့်အချက်များကိုယ့်ချွေးနှဲစာလေးတွေ အလကားမဖြစ်စေဖို့ပါယခုတလောစုဘူးဖောက်တဲ့သူတွေအများဆုံးကြုံတွေ့နေရတာကတော့စုဘူးထဲမှာစုဆောင်းထားတဲ့ပိုက်ဆံတွေအမည်းရောင်အစက်အပြောက်ပုံစံနဲ့
မှိုတွေတက်ပြီးသုံးမရဖြစ်သွားတဲ့ပြဿနာပဲဖြစ်ပါတယ်ပျက်စီးသွားတဲ့ပိုက်ဆံတွေကိုဘဏ်မှာပြန်လဲလို့ရတယ်ဆိုပေမယ့်လည်းလက်ရှိခေတ်ကာလကြီးမှာကိုယ်စုထားတဲ့ငွေကိုတောင်ထုတ်မပေးနိုင်တဲ့ဘဏ်ကသုံးမရတဲ့ပိုက်ဆံကိုပြန်လဲပေးဖို့ဆိုတာ
လူ့ပြည်ကအပ်တစင်းနဲ့နတ်ပြည်ကအပ်တစင်းထိတာကမှဖြစ်နိုင်တယ်လို့ဆိုရမလိုဖြစ်နေပါတယ်အဲဒါကြောင့်မိမိစုဆောင်းထားတဲ့ချွေးနှဲစာလေးတွေမဆုံးရှုံးစေဖို့ စုဘူးနဲ့ပိုက်ဆံစုရမှာအထူးဂရုပြုရမယ့်အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။
၁စုဘူးအမျိုးအစားရွေးချယ်ပါမြေစုဘူး၊ထုံးစုဘူး၊သံစုဘူး၊ဝါးစုဘူးအထပ်သားစုဘူးသစ်သားစုဘူးစတဲ့စုဘူးတွေဟာမှိုတက်နိုင်ခြင်းကိုအများဆုံးဖြစ်စေနိုင်ပါတယ်အဲဒါကြောင့်အဲဒီအမျိုးအစားစုဘူးတွေမသုံးဘဲပလပ်စတစ်နဲ့
လုပ်တဲ့စုဘူးမျိုးကိုပဲအသုံးပြုပါအခုနောက်ပိုင်းအက်ခရိုင်လစ်ပြားတွေကိုနဲ့စုဘူး လုပ်လာတာတွေရှိပါတယ်အဲဒါမျိုးသုံးသင့်ပါတယ်(၂)ဖြစ်နိုင်ရင်တော့စုဘူးထဲထည့်မယ့်ပိုက်ဆံတွေကိုတရွက်ချင်းရေနွေးနဲ့ပြုတ်တာအကောင်းဆုံးပါပဲ
ဒါပေမယ့်နေ့တိုင်းလုပ်ဖို့မလွယ်ပါဘူးအနည်းဆုံးတော့အရက်ပြန်လိုပိုးသေတဲ့ ဆေးမျိုးဖြန်းသင့်ပါတယ်ပိုးလည်းသေစေသလိုမှိုတက်တာကိုလည်အထိုက်အလျောက်ကာကွယ်နိုင်ပါတယ်သတိပြုရမှာကအရက်ပြန်ဖြန်းပြီးရင်
လည်းခြောက်သွေ့အောင်ခဏထားပြီးမှစုဘူးထဲထည့်တာအကောင်းဆုံးပါမြန်မာနိုင်ငံရဲ့ဒေသအတော်များများကစွတ်စိုထိုင်းမှိုင်းတဲ့ရာသီဥတုရှိပါတယ်အဲဒါကြောင့်တေမှိုတွေပွားများလွယ်ပြီးစုဘူးထဲကပိုက်ဆံတွေအကုန်မှိုတက်ကုန်တာပါ
စုဘူးထဲမှာမှိုမတက်စေဖို့ရေငွေ့စုပ်တဲ့အထုပ်လေးတွေထည့်ထားလိုက်ရုံပါပဲအဲဒီဆီလီကာအထုပ်လေးတွေကဝယ်ရင်လည်းဈေးပေါသလိုမုန့်ထုပ်တွေထဲမှာပါလာတာတွေကိုလည်းပြန်သုံးလို့ရပါတယ်မြန်မာပြည်ရဲ့ရာသီဥတုမှာ
ပိုက်ဆံတွေမှိုမတက်စေဖို့အထူးကောင်းမွန်တဲ့ပစ္စည်းပဲဖြစ်ပါတယ်(၄)ပိုက်ဆံတွေကိုလေးထောင့်ပုံစံသုံးထောင့်ပုံစံခေါက်ပြီးစုဘူးထဲထည့်တာကစုဘူးထဲမှာပိုက်ဆံများများဆန့်ပေမယ့်လည်းမှိုတက်တာကိုပိုဖြစ်စေနိုင်ပါတယ်အဲဒါကြောင့်
ဖြစ်နိုင်ရင်စုဘူးထဲကိုအရွက်လိုက်အပြန့်အနေအထားနဲ့ပဲထည့်တာအကောင်းဆုံးပါပဲ၅နောက်ဆုံးတချက်ကတော့စုဘူးကိုကုတင်အောက်ဗီရိုပေါ်စတဲ့စွတ်စိုထိုင်းမှိုင်းတဲ့နေရာတွေမှာအကြာကြီးမထားဘဲနဲ့နေရောင်ရတဲ့နေရာမျိုး
အပူချိန်အနည်းငယ်မြင့်တဲ့နေရာမျိုးမှာထားဖို့အကြံပေးချင်ပါတယ်အဲဒါမှစုဘူးအတွင်းမှာစိုထိုင်းဆလျော့ကျပြီးပိုက်ဆံတွေမှိုမတက်နိုင်မှာဖြစ်ပါတယ်အပေါ်ကနည်းလမ်းတွေကတော့မိမိရဲ့ချွေးနှဲစာလေးတွေမဆုံးရှုံးစေဖို့
အတွက်လုပ်ဆောင်သင့်တဲ့အချက်တွေဖြစ်ပါတယ်မိတ်ဆွေတို့သိတဲ့ပိုက်ဆံမှိုမတက်စေမယ့်နည်းလမ်းတွေကိုလည်းပြန်လည်မျှဝေပေးသွားပါဦးခင်ဗျာ