မည်သည့်အပင်မဆိုအလွယ်တကူကိုင်းဖြတ်မျိုးပွားစိုက်ပျိုးနည်းအပင်ရဲ့ပင်ပိုင်းအင်္ဂါတွေဖြစ်တဲ့ပင်စည်၊အကိုင်းအခက်၊အရွက်၊အမြစ်အစရှိတဲ့ပင်ပိုင်းအင်္ဂါတွေ ကိုဖြတ်တောက်ပြီးသင့်တော်တဲ့ပတ်ဝန်းကျင်အခြအနေမှာစိုက်ပျိုးထားရင်
အမြစ်သစ်အညွန့်သစ်တွေထွက်ပေါ်လာပါတယ်အောက်ပါအရည်အချင်းတွေနဲ့ ပြည့်စုံတဲ့အပင်တွေကိုမျိုးပွားနိုင်ပါတယ်မျိုးရိုးသိတဲ့အပင်ဖြစ်ရပါမယ်အသီး၊ အပွင့်၊အရည်အသွေးကောင်းမှုရောဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိမှု့အထွက်နှုန်း
ကောင်းမွန်ခြင်းသန်စွမ်းမှုရှိခြင်းရောဂါပိုးမွှားကင်းစင်ခြင်းနေရောင်ခြည်ကောင်း ကောင်းရတဲ့နေရာမှာပေါက်တဲ့အပင်ဖြစ်ဖို့လိုပါတယ်။ပင်ပိုင်းဖြတ်မျိုးပွားမယ်ဆိုရင်ရေငတ်ဒဏ်ခံနိုင်တဲ့အပင်မျိုးမဖြစ်ရပါရောဂါဖြစ်ပြီး
အရွက်ကြွေတဲ့အပင်မျိုးမရွေးချယ်ရပါအသီးလွန်ကဲစွာသီးပြီးအပင်ကြီးထွားမှုရပ်တန့်နေတဲ့အပင်မျိုးမဖြစ်ရပါဆစ်ကြားရှည်လွန်းစိပ်လွန်းတဲ့အပင်မျိုးမဖြစ်ရပါ။လွန်ကဲစွာသန်စွမ်းတဲ့အပင်မျိုးမဖြစ်ရပါနှင်းခါးရိုက်ပြီး
အရွက်ပင်စည်တွေကိုထိခိုက်ခြင်းမရှိရပါအပင်ပိုင်းဖြတ်မျိုးပွားရာမှာအကိုင်းဖြတ်တောက်မျိုးပွားခြင်းအရွက်ဖြတ်တောက်မျိုးပွားခြင်းနာနတ်ရွက်ကျပင်ပေါက်အရွက်နဲ့ကြားဖူးဖြတ်တောက်မျိုးပွားနည်းလက်ဖက်အမြစ်ဖြတ်တောက်
မျိုးပွားနည်းရှောက်မက်မွန်၊မက်မန်း၊မာလကာ၊ကြောင်လျှာစတဲ့နည်းလမ်းတွေနဲ့ မျိုးပွားနိုင်ပါတယ်အကိုင်းဖြတ်တောက်မျိုးပွားနည်းနဲ့မျိုးပွားတဲ့အခါသစ်မာပိုင်းကိုအကိုင်းရဲ့အရင်းဖက်အကျဆုံးအပိုင်းမှာရှိပြီးအစိမ်းရောင်ပျောက်ပြီးအညို
ရောင်ရှိကာအပွေးတွေတက်နေတဲ့ကိုင်းကိုရွေးပြီးမျိုးပွားနိုင်ပါတယ်စပျစ်နှင်းဆီ၊ပိုးစာ၊ဒန့်သလွန်၊ပိတောက်သစ်မပျော့မမာပိုင်းကိုတော့အစိမ်းရင့်ရောင်ရှိပြီးအပွေးတက်စရှိနေတဲ့အခြေအနေသံပုယို၊ရှောက်၊စပျစ်၊သလဲ၊ပိုးစာဒန့်သလွန်
နှင်းဆီ၊ဆူးပုပ်၊ရွက်လှ၊ပိတောက်၊စက္ကူပန်းမျိုးပွားနိုင်ပါတယ်သစ်ပျော့ပိုင်းကတော့အစိမ်းနုရောင်ရှိပြီးအပွေးတက်ခြင်းလုံးဝမရှိသေးတဲ့စပျစ်၊စံပယ်ဇွန်ပန်း၊ရွက်လှပုဏ္ဏာရိပ်၊ဗိုလ်ကတော်မျက်ခုံးခေါင်ရန်းအပိုင်းကိုမျိုးပွားနိုင်ပါတယ်