တောင်ဆိတ်တွေရဲ့သဘောသဘာဝကိုသိစေချင်လို့တင်ပေးတာပါဘဝမှာသဘောအကျဆုံးအကောင်တွေထဲမှာ တောင်ဆိတ်တွေပါတယ်သူတို့ဟာအန္တရာယ်နဲ့နေသားကျနေတယ်။တကယ်တော့သူတို့မှာ မျောက်တွေလိုနီးရာကို

ဖမ်းယူဆုပ်ကိုင်ဖို့အမြီးနဲ့လက်တွေမပါဘူးသူတို့မှာခွာတွေပဲပါတယ်အဲ့ဒီခွာကအသက်ပဲအဲ့ဒီခွာတွေနဲ့ နေသားကျအောင်balancingကိုသုံးပြီး ကျောက်တောင်တွေကိုဖြတ်လျှောက်ကြတယ်နေ့စဉ်အခက်အခဲတွေကိုဖြတ်လျှောက်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ရတာများတော့အခက်အခဲတွေကိုသူတို့မမှုတော့ဘူးအဲ့ဒီမှာအခက်အခဲကသူတို့ရဲ့အားသာချက်ပြန်ဖြစ်သွားတယ်သူတို့နယ်ပယ်မှသူတို့လိုအခက်အခဲကိုမဖြတ်ကျော်နိုင်တဲ့ မြေခွေးတွေ၊ကျားသစ်တွေကသူတို့ကိုဖမ်းမစားနိုင်ဘူး

နောက်ပြန်လှည့်လှည့်သွားရတယ်ကျားသစ်ဟာကမ္ဘာပေါ်မှာအမြန်ဆုံးသတ္တဝါထဲမှာပါတယ်ဆိုပေမယ့် မြေညီကွင်းပြင်ထဲမှာသာသူကသားကောင်ကိုလိုက်ဖမ်းတာမြန်တာတောင်ဆိတ်တွေကိုကြည့်လိုက်ရင် တောင်ဘယ်လောက်မြင့်မြင့်

ကမ်းပါးဘယ်လောက်မတ်မတ်၊လမ်းဘယ်လောက်ကြမ်းကြမ်းရအောင်တက်မယ်ဆိုတဲ့စိတ်ရှိတာတွေ့ရတယ်။တောင်စောင်းအစွန်းမှာနေနေတဲ့ တောင်ဆိတ်မှာconfidence ကိုယ့်ကိုယ်ကိုယုံကြည်စိတ်အပြည့်ရှိတယ်

ပြုတ်ကျမှာစိုးရိမ်စိတ်တစ်စိမှရှိတဲ့ပုံမရဘူးဒါတွေဟာအလကားတော့ရမလာဘူး။ နေ့စဉ်ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေက တောင်ဆိတ်ကိုကမ်းပါးစွန်းကိုမမှုစေတော့ဘူးကျနော့်ခေါင်းရင်းမှာ တောင်ဆိတ်ရုပ်တုလေးတစ်ခုရှိတယ်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ဘဝမှာအခက်အခဲတွေကြုံလာတိုင်းကျနော်ကတော့ တောင်ဆိတ်ပုံကိုပြန်ပြန်ကြည့်ပြီးအားယူလေ့ရှိတယ်ကိုယ်ရင်မဆိုင်ချင်လည်းရင်ဆိုင်ရလာတဲ့အခက်အခဲကို တောင်ဆိတ်လို used to အသားကျသွားဖို့ ကိုယ့်ဟာကိုယ်သတိပေးလေ့ရှိတယ်