အသားညိုသူတွေအတွက်အသားအရေကြည်လင်စေမယ့်ပေါင်းတင်နည်းအသားဖြူသူပဲဖြစ်ဖြစ်၊အသားညိုသူပဲဖြစ်ဖြစ်မျက်နှာအသားအရေကြည်လင်ဝင်းပနေခြင်းဟာမိတ်ကပ်လိမ်းပြင်ဆင်ခြယ်သထားခြင်းထက်ပိုပြီးဆွဲဆောင်မှုရှိပါတယ်အသားညိုသူတွေအနေနဲ့အသားညိုတာကိုဖြူစင်ဝင်းပအောင်ပြုလုပ်ခြင်းထက်
အသားအရေကြည်လင်တောက်ပအောင်ထိန်းသိမ်းခြင်းကဆွဲဆောင်မှုပိုမိုရှိစေပါတယ်ဒါကြောင့်မို့လို့အသားညိုသူတွေအတွက်အလွယ်တကူပြုလုပ်နိုင်မယ့်မျက်နှာပေါင်းတင်နည်းတွေကိုဖော်ပြပေးချင်ပါတယ်(၁)နနွင်း၊ပျားရည်နဲ့သံပုရာပေါင်းတင်နည်းနနွင်းမှုန့်လက်ဖက်ရည်ဇွန်း၁ဇွန်း
ပျားရည်လက်ဖက်ရည်၁ဇွန်းနဲ့သံပုရာရည်အနည်းငယ်တို့ကိုရောစပ်ထားတဲ့အနှစ်ကိုမျက်နှာအနှံ့လိမ်းကျံပေးပြီးမိနစ်၂၀ခန့်ထားကာရေနဲ့ပြန်လည်ဆေးကြောပေးရမှာဖြစ်ပါတယ်နနွင်းဟာအသားအရေကိုကြည်လင်စေပြီးအမည်းစက်အမာရွတ်တွေကိုမှေးမှိန်စေတာကြောင့်
အသားအရေကိုကြည်လင်တောက်ပစေမှာဖြစ်ပါတယ်အာလူးနဲ့ပေါင်းတင်နည်းအာလူးဟာဆိုရင်လည်းအမည်းစက်နဲ့အသားအရေမညီညာခြင်းကိုပျောက်ကင်းစေနိုင်တာကြောင့်အာလူးကိုပါးပါးလှီးပြီးမျက်နှာပေါ်မှာကပ်ပေးနိုင်ပါတယ်ဒီနည်းလမ်းကိုပုံမှန်ပြုလုပ်ပေးခြင်းဟာအသားအရေကို
သိသိသာသာကြည်လင်လာစေနိုင်မှာဖြစ်ပါတယ်(၃)ခရမ်းချဉ်သီးနဲ့ပျားရည်ပေါင်းတင်နည်းခရမ်းချဉ်သီးတလုံးကိုကြိတ်ချေပြီးပျားရည်လက်ဖက်ရည်ဇွန်း၁ ဇွန်းနဲ့ရောစပ်ထားတဲ့အနှစ်ကိုမျက်နာပေါ်လိမ်းကျံပေးပါမိနစ်၂၀ခန့်ထားပြီးရေအေးအေးနဲ့မျက်နှာပြန်သစ်ပေးရမှာဖြစ်ပါတယ်
(၄)နွားနို့နဲ့နနွင်းပေါင်းတင်နည်းနွားနို့၊နနွင်းလက်ဖက်ရည်ဇွန်း၁ဇွန်းပျားရည်နဲ့ သံပုရာရည်အနည်းငယ်တို့ရောစပ်ထားတဲ့အနှစ်ကိုမျက်နှာပေါ်လိမ်းကျံပေးပြီးမိနစ်၂၀ခန့်ထားကာရေခပ်နွေးနွေးနဲ့ပြန်လည်ဆေးကြောပေးရမှာဖြစ်ပါတယ်(၅)ပျားရည်နဲ့သံပုရာပေါင်းတင်နည်းပျားရည်လက်ဖက်ရည်ဇွန်း၂ဇွန်းစာ
ကိုသံပုရာရည်အနည်းငယ်နဲ့ရောစပ်ကာမျက်နှာအနှံ့လိမ်းကျံပေးပြီး၁၅မိနစ်ခန့် ထားပေးပါပြီးရင်တော့ရေအေးအေးနဲ့မျက်နှာသစ်ပေးပါဒီပေါင်းတင်နည်းဟာ အသားအရေကိုကြည်လင်ဝင်းပစေပြီးဝက်ခြံနဲ့အမာရွတ်တွေကိုမှေးမှိန်ပျောက်ကွယ်စေနိုင်ပါတယ်စာဖတ်သူမိဘပြည်သူမျာ
အနေဖြင့်ကျွန်တော်တို့တင်ပြပေးထားသည်ကိုဖတ်၍ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင်အလွန်ဝမ်းမြောက်မိမှာပါအခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကုသိုလ်ယူပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်ဟယ်လ်သင်