ညစ်ပတ်နေတဲ့ခေါင်းအုံးကိုလုံးဝဖြူပြီးသန့်စင်သွားအောင်လျှော်နိုင်မယ့်နည်းလမ်းခေါင်းအုံးညစ်ပတ်ရင်ကျန်းမာရေးအတွက်လည်းမကောင်းသလိုမျက်နှာအသားအရေနဲ့ဆံသားအတွက်လည်းမကောင်းပါဘူးခေါင်းအုံးမှာကပ်နေတဲ့

ဘတ်တီးရီးယားနဲ့ပိုးမွှားတွေကဝက်ခြံနဲ့အဆီဖုတွေထွက်စေတယ်အသားအရေယားတာမျိုးတွေ ဖြစ်စေပါတယ်ဒါကြောင့်ညစ်ပတ်နေတဲ့ခေါင်းအုံးကိုလုံးဝဖြူပြီးသန့်စင်သွားအောင် လျှော်နိုင်မယ့်နည်းလမ်းကို ပြောပြပေးလိုက်ပါတယ်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ရေနွေးကိုအိုးကြီးတစ်အိုးနဲ့အရင်တည်ထားလိုက်ပါရေနွေးဆူပြီဆိုရင်အဲ့ထဲကိုဆပ်ပြာမှုန့်ခွက်တစ်ခွက်စာ၊ပန်းကန်ဆေးဆပ်ပြာရည်ခွက်တစ်ခွက်စာနဲ့ပိုးမွှားသန့်စင်စေတဲ့ဆေးဖြစ်တဲ့ Borax ခွက်တစ်ဝက်စာတို့ကိုထည့်ပြီးမွှေလိုက်ပါမွှေပြီးရင်ဇလုံးအကြီးထဲ ပြောင်းထည့်ပြီး

အစွန်းချွတ်ဆေးBleachခွက်တစ်ခွက်စာထည့်ပြီးမွှေပါပြီးတာနဲ့ ခေါင်းအုံးစွတ်ချွတ်ပြီး ခေါင်းအုံးကိုအနည်းဆုံးမိနစ်၃၀ကြာအောင်စိမ်ထားလိုက်ပါစိမ်ထားတဲ့အချိန်မှာပေကျံနေတဲ့စွန်းထင်းညစ်ပတ်နေတဲ့နေရာတွေကိုပွတ်ပေးဖို့လည်းမမေ့ပါနဲ့အာလုံးပြီးပြီဆိုရင်ကိုယ့်အဝတ်လျှော်စက်က

ခေါင်းအုံးလျှော်လို့နိုင်တဲ့စက်ဆိုရင်အဝတ်လျှော်စက်ထဲထည့်ပြီးထပ်လျှော်ပါလျှော်လို့မနိုင်တဲ့စက်ဆိုရင်တော့မိနစ်၃၀ထက်ပိုကြာအောင်စိမ်ထားပြီးBrush နဲ့ သေချာတိုက်ပေးပါဒါဆိုရင်တော့ ညစ်ပတ်နေတဲ့ခေါင်းအုံးက ဖြူပြီးသန့်စင်သွားပါလိမ့်မယ်။