မတန်ရင်ကံကဖယ်တယ်သို့ကံကကယ်တယ်ကျွန်မရဲ့ပတ်ဝန်းကျင်မှာချစ်ရတဲ့သူငယ်ချင်းမိတ်ဆွေတွေအသည်းကွဲဝေဒနာခံစားရတဲ့အခါကျွန်မအမြဲနားထောင်အကြံပေးဖြစ်

တယ်အကြံပေးတယ်ဆိုတာကသိလို့တတ်လို့မဟုတ်ပဲသူတို့ဝေဒနာကိုနားနဲ့တင်မဟုတ်ရင်ထဲကခံစားပေးတတ်လို့ကိုယ့်သဘောဆိုရင်တော့ဖြင့်ဘယ်လိုဆိုတာလေးသူတို့ကိုပြန်ပြော




ပြတာမျိုးလေးပါသူတို့နာကျင်တာတွေသက်သာစေလိုစေငြားနှစ်သိမ့်အားပေး တာမျိုးလေးတွေလုပ်ပေးဖြစ်ပါတယ်အဲ့ဒီမှာသူတို့ကိုကိုယ်အမြဲ ပြောနေကျစကားကဖူးစာမပါရင်ဘာ
မှလုပ်မရဘူးဆိုတာရယ်နဲ့ မတန်ရင်ကံကဖယ်တယ်ဆိုတာလေးပါဟုတ်ပါတယ်ချစ်သူတွေဆယ်နှစ်ဆယ်မိုးချစ်လာကြလည်းပြတ်ချင်ရင်ဘာမဟုတ်တာလေးနဲ့ပြတ်သွားကြတာ
အများကြီးပါဖူးစာမပါရင်ချစ်သူနှစ်ဦးဆုံဆည်းဖို့ဘယ်လိုမှမဖြစ်နိုင်ပါဘူးဒါကိုရင်နာနာနဲ့သာလက်ခံပေးရပါလိမ့်မယ်။တစ်ခါတစ်လေကိုယ်နဲ့လေးငါးနှစ်တွဲလာပြီးလေးငါးဆယ်
ရက်ပဲတွဲရသေးတဲ့ရည်းစားအသစ်နဲ့လက်ထပ်ချင်ထပ်သွားတတ်ကြသေးတာတကယ်လို့ကိုယ့်ဘက်က သူ့ကိုသစ္စာမပျက်ချစ်ခဲ့တယ်၊အကောင်းဆုံးအနေအထားမျိုးချစ်ပေးခဲ့တယ်ဆို
ရင်ဒါသူ့ကံသူဖန်တီးတာပါမတန်ရင်ကံကဖယ်တယ်ဆိုတာမျိုးပေါ့ကိုယ်နဲ့သူမတန်လို့ကံတရားကပေါင်းစည်းခွင့်မပေးတာလို့သာတွေးလိုက်ပါသူ့ထက်ကိုယ့်အပေါ်ကောင်းတဲ့
ချစ်သူမျိုးသင်ထပ်ပြီးပိုင်ဆိုင်လာရတဲ့အခါဒါမှမဟုတ်သူ့အချိုး သူ့ပုံစံတစ်ခုခုပြောင်းလဲသွားတာမျိုးနောက်မှသိရတဲ့အခါငါနဲ့ပြတ်သွားတာမှခပ်ကောင်းကောင်းပါလားလို့တွေးမိ
လာပါလိမ့် မယ်ဥပမာသူကမူးယစ်ဆေးတွေသုံးနေတယ်ဒါမှမဟုတ်ကိုယ့်ကွယ်ရာခြေရှုပ်ချင်တယ်အဲ့လိုအဖြစ်မျိုးတွေလည်းရှေ့မှာရှိတယ်။ ကိုယ့်ကိုမကြာခဏလိမ်ညာပြောတတ်
တယ်ဒါမှမဟုတ်နှစ်ဦးကြားပြသနာခဏခဏကိုတက်တယ်စသဖြင့်ပေါ့လေဒီလိုအခြေအနေမျိုးသာဆိုရင်တော့ကံကကိုယ့်လက်တွဲဖော်အဖြစ် သူ့ကိုဖယ်လိုက်တာကိုယ်ကံမကောင်းပေ




ဘူးလားကံတရားဆိုတာသိပ်ဆန်းကြယ်ပါတယ်အချစ်ရေးမှမဟုတ်ပါဘူးမေသော်ကြုံဖူးတာမကြာခဏပါပဲတက္ကသိုလ်တုန်းကဆိုသူငယ်ချင်းတွေစုပြီးဗေဒင်မေးမယ်ရုပ်ရှင်အတူ
ကြည့်မယ်ဆိုပြီးချိန်းကြပါတယ်အဲ့ဒီမှာသူငယ်ချင်းတွေစုမယ့်စုရပ်ကိုဘတ်စကားစီး သွားတော့အစပိုင်းကားကအကြာကြီးကိုစောင့်ရပါတယ်အရင်ကဒီလောက်မစောင့်ရတဲ့ကားကအ
ကြာကြီးရပ်စောင့်ရတော့စိတ်ကတိုနောက်ကျပြီပေါ့ကားပေါ်ရောက်တော့လည်းအဆင်မပြေကားပြောင်းစီးတော့ကားဘီးကထပ်ပေါက်အိုပြသနာကိုမျိုးစုံနေတာပဲအဲ့အချိန်တုန်းက
တက္ကစီလည်းခုလိုမစီးဖြစ်ဘူးမုန့်ဖိုးချွေတာရတာကိုးအဲ့လိုနဲ့သူငယ်ချင်းတစ်ယောက်နဲ့စတွေ့ပြီးနောက်ထပ်စုရပ်ကိုသွားရမှာဘာညာနဲ့ဗေဒင်အစဉ်ကပျက်သွားတယ်အဲ့လိုပျက်သွား
တာကကံကောင်းတယ်ပြောရမလားပဲကိုယ်တွေသွားမယ့်နေရာမှာမီးလောင်မှုဖြစ်တယ်အထိအခိုက်တွေရှိတယ်ဘာညာပြန်ကြားတော့အော်အဲ့ဒါကြောင့်ငါအိမ်ကစထွက်ကတည်းက
အဲ့မရောက်အောင်အဖျက်တွေနဲ့ ကြုံနေရတာကိုးလို့တွေးမိတယ်ဒီလိုအဖျက်ကျတော့ကံကောင်းစေတဲ့အဖျက်ပေါ့ဒီတော့ဘာကိုလက်ခံလာသလဲဆိုရင်ကံကဖယ်တယ်။ကံက
ကယ်တယ်ဆိုတာကိုပဲလူဆိုတာသူ့ကုသိုလ်ကံနဲ့သူလာကြတာချည်းနောက်ပိုင်းကိုယ့်ဘက်ကအတတ်နိုင်ဆုံးကြိုးစားလုပ်ဆောင်တယ်ကံကလုံးဝမျက်နှာသာမပေးဘူးထင်ရင်
စိတ်ဓာတ်ကျမနေတော့ဘူးအဲ့လိုပဲစိတ်ဖြေတော့တာပဲဥပမာခရီးတစ်ခုသွားဖို့သေချာစီစဉ်တယ်ဘယ်လိုစီစဉ်စီစဉ်ပျက်တယ်ဆိုရင်အကောင်းဘက်ကဒီခရီးစဉ်ကကိုယ့်အတွက်
တစ်ခုခုရှိနေလို့သာပျက်တာလို့တွေးလိုက်တော့တယ်အလုပ်ဆိုရင်လည်းဒီအလုပ်မှာကိုယ်အများကြီးကြိုးစားခဲ့ပေမယ့်ထွက်ရမယ့်အခြေအနေကြုံလာတယ်ဒါမျိုးဆိုနောက်ထပ်
ကောင်းတဲ့အလုပ်တစ်ခုပေါ်လာမှာမို့လို့ဆိုပြီးတော့သာအကောင်းဘက်ကတွေးပါဒါပေမယ့်လူဆိုတာကပြောရခက်ပါတယ်မရတာကိုမှလိုချင်တတ်ကြတာမို့တစ်ခုခုဆိုနာ
လုံးပေါက်လွယ်ကြတယ်ငါ့ကိုမှဒီလိုလုပ်ရသလားပေါ့လုပ်သွားရက်တယ်ဘာညာပေါ့သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းကစလို့ချစ်သူရည်းစားအထိကိုယ့်ဘက်ကအမှန်ကန်




ဆုံးပြုမူနေထိုင်ပြီးစိတ်ရင်းနဲ့သာဆက်ဆံဒါဆို သူ့ဘက်ကတန်ပြန်မှုမရှိဆက်ဆံရေးပျက်သွားခဲ့ရင်၊သူကကိုယ့်ကိုခေါက်သွားခဲ့ရင်တောင်ကိုယ့်အနေနဲ့နောင်တရစရာမရှိဘူးပေါ့
နောက်သူဟာကိုယ်နဲ့ကိုယ့်အချစ်နဲ့မတန်လို့သာကံကဖယ် လိုက်တယ်လို့တွေးပါနောက်ပိုင်းသွေးအေးတည်ငြိမ်သွားတဲ့အခါကိုယ်ဘယ်လောက်ကံကောင်းတယ်ဆိုတာသိလာပါလိမ့်မယ်အချစ်တွေနဲ့မေcredit