ဖုန်းရေစိုတယ်ဆိုတာဖုန်းနဲ့မကင်းသူတိုင်းကြုံတွေ့ရလေ့ရှိပါတယ်မတော်တဆရေထဲကိုပြုတ်ကျတဲ့အလေ့အထကိုအားလုံးနီးပါးကြုံခဲ့ရဖူးမှာပါတခါလေအပြင်ထွက်ရာထီးမပါ

လို့မိုးရေစိုတာတွေ၊မိုးရေစင်နိုင်တဲ့နေရာမှာဖုန်းကိုထားမိတာမျိုးတွေလည်းဖြစ်တတ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဖုန်းရေစိုတဲ့အခါမှာလုပ်မိလေ့ရှိတဲ့အမှားတွေနဲ့၊တကယ်ပြုလုပ်သင့်တဲ့

အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်(၁)ရေစိုဖုန်းကိုဆန်ထဲမှာထည့်ထားတာဟာမှန်သလားဆန်ဟာသာမန်အားဖြင့်ရေငွေ့ကိုဖယ်ထုတ်နိုင်တယ်ဆိုတာမှန်သော်လည်းထင်ထား

သလောက်မမြန်ဆန်ပါဘူးဆန်ထဲကိုဖုန်းကိုထားရှိခြင်းရဲ့ဘေးထွက်ဆိုးကျိူးတွေကတော့ဖုန်းရဲ့အပေါက်မျိုးစုံကနေဆန်ရဲ့အမှုန်တွေ၊ဆန်ကျိုးတွေဝင်လာနိုင်ပါတယ်ဒါဖြင့်ဘာလုပ်ရမ

လဲ(၂)အရင်ဆုံးလုပ်ရမှာကတော့ပါဝါကိုပိတ်လိုက်ပါ။ဒီလိုလုပ်ခြင်းအားဖြင့်အတွင်းထဲမှာရှော့ဖြစ်တာကိုကာကွယ်ပေးနိုင်ပါတယ်နောက်အခြောက်ခံစက်ကိုအရမ်းမပူတဲ့

အနေအထားနဲ့ဖုန်းထဲကရေကိုခြောက်နိုင်သမျှ မြန်မြန်ခြောက်အောင်လုပ်ပေးရပါမယ်ဝပ်(၆၀)မီးသီးလိုရှိရင်လည်းအဆင်ပြေပါတယ်ဒီနည်းကဖုန်းထဲကိုအမှုန်တွေလည်းမဝင်ပါ

ဘူး(၃)နောက်လုပ်သင့်တာကတော့ဖုန်းရေစိုပြီဆိုတာနဲ့ အရင်ဆုံးပါဝါပိတ်ယင်းနောက်စက္ကူတစ်ရှုးနဲ့းရေတွေကိုအမြန်ခြောက်အောင်သုတ်တာထိရောက်ပါတယ်ဘက်ထရီထုတ်လို့

ရတဲ့ဖုန်းဆိုပါဝါမပိတ်ခင်ဘက်ထရီကိုအမြန်ဖယ်ထုတ်လိုက်တာပိုမှန်ပါတယ်တစ်ရှုးနဲ့စိမ်ပြေနပြေရသလောက်သုတ်ခြင်းအားဖြင့်ဖုန်းအခြောက်ခံတဲ့အခါမြန်ဆန်စေပါ

တယ်(၄)နောက်တစ်ခုလုပ်သင့်တာကတော့ဖုန်းထဲကနေထုတ်လို့ရတဲ့အရာမှန်သမျှထုတ်ရပါမယ်မန်မိုရီကတ်တွေ၊ဆင်းမ်ကတ်တွေ၊စသဖြင့် ထုတ်ပြီးနောက်ယင်းတို့ကိုလည်းသီးခြား

အခြောက်ခံတာပဲဖြစ်ဖြစ်ရေစင်အောင်ဂရုတစိုက်သုတ်တာပဲဖြစ်ဖြစ်အရေးတကြီးလုပ်ဆောင်သင့်ပါတယ်သတိထားရမှာကတစ်ရှုးအပိုင်းအစတွေဖုန်းရဲ့အပေါက်တွေထဲကနေမဝင်ပါ

စေနဲ့(၅)ဖုန်းခြောက်သွားပြီလို့အထင်ရှိတဲ့အခါသင့်အနေနဲ့ခြောက်သွေ့တဲ့သဘက်တစ်ခုပေါ်မှာထားပြီးနေရောင်ခပ်ပြပြလေးလှန်းထားသင့်ပါတယ်အဲဒီနောက်Air dryနဲ့ဆယ်မိနစ်

တစ်ခါလောက်အပေါ်အောက်လှန်ပြီးမှုတ်ပေးရပါမယ်ဖုန်းကိုရေအစိုဓာတ်ကုန်ပြီအထင်နဲ့ ချက်ချင်းပါဝင်မဖွင့်ပါနဲ့အနည်းဆုံး(၂၄)နာရီကနေ(၃၆)နာရီဒီအတိုင်းAir dryလေးနဲ့ပုံမှန်နီးပါးလောက်မှုတ်ပေးနေသင့်ပါတယ်Creditလင်းဇော်ကို