ရာင်စုံပန်းပွင့်လေးတွေကြားကအမွှေးပျံ့ဆုံးတော်ဝင်သဇင်ပန်းလေးဖြစ်လာလိမ့်မယ်အဲဒီအချိန်မှာကိုယ်ကယောက်ျားလေးတိုင်းလိုချင်ကြတဲ့အရည်အချင်းတွေနဲ့ထူးထူးခြားခြားပြည့်စုံနေတဲ့မိန်းကလေးတစ်ယောက်ဖြစ်မနေခဲ့ရင်တောင်၊ကိုယ်အပေါ်တကယ်ချစ်တဲ့သူကမြတ်မြတ်နိုးနိုးကိုချစ်ခွင့်ပန်လိမ့်မယ်။
မထိုက်တန်သူတစ်ယောက်နဲ့လွဲတာဟာတကယ်ထိုက်တန်သူနဲ့တွေ့ဖို့ပါအချစ်ဆိုတာဖန်တီးယူလို့မရဘူးဆိုတာကိုသဘောကျမိတဲသူရဲ့ငြင်းပယ်ခံရခြင်းကနာကျင်စရာဆိုတာအားလုံးလက်ခံထားကြပါတယ်။အထူးသဖြင့်မိန်းမသားတွေအတွက်ကိုယ်စိတ်ဝင်စားတဲ့ယောကျာ်းတစ်ယောက်ရဲကလျစ်လျူရှုခြင်းကိုခံရခြင်းက
ကိုယ့်ကိုယ်ကိုဝမ်းနည်းအားငယ်စိတ်ဝင်မိစရာပါ။ဒါတင်မကပဲကိုယ့်ကိုယ်ကိုယောကျာ်းတစ်ယောက်ရဲ့ချစ်ခွင့်ပန်ရခြင်းနဲ့မထိုက်တန်သူအဖြစ်လည်းခံစားတတ်ကြတယ်တကယ်တော့ဒါကမှန်ကန်တဲကအတွေးမဟုတ်ပါဘူးကိုယ်ချစ်တဲသူကကိုယ်နဲ့ထိုက်တန်တဲယောကျာ်းတစ်ယောက်မဟုတ်သေးတဲ့အတွက်ကိုယ့်ကိုတန်ဖိုးဖားပြီးချစ်ခွင့်မပန်တာဖြစ်ပါတယ်။
အဲ့ဒီယောကျာ်းရဲ့လှစ်လှူရှုခံရတော့မှာလို့ခံစားလိုက်တာကမဖြစ်သင့်သလိုကိုယ်ပိုင်ဆိုင်ထားတဲအရည်အချေင်းတွေအပေါ်သံသယဝင်တာမျိုးလည်းလုံးဝမဖြစ်သင့်ပါဘူး။အချစ်ဆိုတာဘဝမဟုတ်တဲ့အတွက်ယောကျာ်းတစ်ယောက်ရဲ့လျစ်လျူရှုခံရတာနဲ့ကိုယ့်ဘဝကိုအရှုံးပေးတယ်ဆိုတာမှားယွင်းချက်အဖြစ်လည်းသိမ်ငယ်စရာမလိုပါဘူး။
ကိုယ်အပေါ်ချစ်ခြင်း၊မချစ်ခြင်းဆိုတာတစ်ဖက်ကယောကျာ်းလေးရဲ့ကိုယ်ပိုင်ရွေးချယ်ဆုံးဖြတ်ခွင့်သာဖြစ်ပါတယ်အဲ့ဒီဆုံးဖြတ်ချက်ကြောင့်ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ဘဝကြီးတစ်ခုလုံးကိုပြောင်းလဲစရာမလိုပါဘူး။ကိုယ်မှာကကိုယ်ပိုင်တန်ဖိုး၊ကိုယ်ပိုင်ရပ်တည်မှုသီးသန့်ရှိပြီးသားပါ။
ယောကျာ်းတစ်ယောက်ရဲ့ချစ်ခြင်းပေါ်မှုတည်ပြီးဘဝကိုရှင်သန်နေရမယ့်သူမဟုတ်ပါဘူး။ဘဝလမ်းဆိုတာအရှည်ကြီးဖြစ် တဲ့အတွက်ကိုယ်နဲ့တကယ်ထိုက်တန်တဲ့ယောကျာ်းတစ်ယောက်နဲ့တွေ့ဆုံတဲ့အခါကိုယ်ဟာအဲ့ဒီယောကျာ်းတစ်ယောက်ရဲ့တန်ဖိုးထားရဆုံးသူလေးတစ်ယောက်ဖြစ်လာမှာအသေအချာပါပဲ။
ဒါကြောင့်ကိုယ့်တန်ဖိုးကိုယ်နှိမ့်ချပြီးဘယ်တော့မှလျှော့မတွက်မိပါစေနဲ့။ကိုယ်နဲ့တကယ်ထိုက်တန်သူနဲ့တွေ့တဲ့အခါကိုယ်ဟာအဲ့ဒီယောကျာ်းအတွက်ငွေရောင်နာရီလေးတွေကြားကအလှပဆုံး ရွှေရောင်နာရီလေးဖြစ်လာလိမ့်မယ်။မတ္တမြားပွင့်တွေကြားကအတောက်ပဆုံးစိန်လေးတစ်ပွင့်ဖြစ်လာလိမ့်မယ်။
ရာင်စုံပန်းပွင့်လေးတွေကြားကအမွှေးပျံ့ဆုံးတော်ဝင်သဇင်ပန်းလေးဖြစ်လာလိမ့်မယ်အဲဒီအချိန်မှာကိုယ်ကယောကျ်ားလေးတိုင်းလိုချင်ကြတဲ့အရည်အချင်းတွေနဲ့ထူးထူးခြားခြားပြည့်စုံနေတဲ့မိန်းကလေးတစ်ယောက်ဖြစ်မနေခဲ့ရင်တောင်၊ကိုယ်အပေါ်တကယ်ချစ်တဲ့သူကမြတ်မြတ်နိုးနိုးကိုချစ်ခွင့်ပန်လိမ့်မယ်။
တန်ဖိုးထားပြီးတော့လက်တွဲဖို့ကြိုးစားပါလိမ့်မည်။ကိုယ်ပိုင်ဆိုင်ထားတဲ့အလင်းရောင်သေးသေးလေးကိုပဲသူ့ကမ္ဘာကြီးလို့မှတ်ယူလိမ့်မယ်။ကိုယ့်ပျော်ရွှင်မှုဟာသူ့ပျော်ရွှင်မှုလို့မှတ်ယူပြီးကိုယ့်ကိုပျော်ရွှင်ခြင်းတွေဖန်တီးပေးလိမ့်မယ်အဲဒီယောကျာ်းတစ်ယောက်အတွက်တော့ကိုယ်ဟာကိုယ်ဖြစ်နေတာနဲ့တင်ပဲတန်ဖိုးထားမြတ်နိုးထိုက်သူဖြစ်နေလိမ့်မယ်။
အဲဒီအခါတချိန်တုန်းကကိုယ်ခံစားခဲရတဲ့သိမ်ငယ်မှုတွေ၊နာကျင်မှုတွေဆိုတာပြန်လိုက်ရှာရင်တောင်တွေ့ရတော့မှာမဟုတ်ပါဘူး။အခုလိုနာကျင်ခံစားပြီးကိုယ့်ကိုယ်ကို ပြန်ရှက်ရွံ့နေမိမှာပါ။ရယ်လည်းရယ်ချင်မိမှာပါ။အဲဒါကြောင့်ကိုယ့်ကိုယ်ကို ဘယ်တော့မှလျှော့မတွက်ပါနဲ့နော်။
ကိုယ်ဟာကိုယ်နဲ့ထိုက်တန်တဲ့ယောကျာ်းတစ်ယောက်နဲ့တွေ့တဲ့အခါ မြတ်မြတ်နိုးနိုး ချစ်ခွင့်ပန်ခံရထိုက်တဲ့၊တန်ဖိုးရှိတဲမိန်းမသားတစ်ယောက်ဆိုတာကိုယ့်စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားလိုက်ပါနော်။ခရစ်တစ်
LEAVE A REPLY
Please enter your comment!
Please enter your name here