မန်ကျည်းဖျော်ရည်


နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်တွေ ပါဝင်နေပါတယ်။ အဲ့ဒီ အဆိပ်အတောက် တွေကို သင့်ရဲ့ အသည်းက ဖယ်ရှားပေးတယ်၊ ဖြေပေးတယ်။ ဒါကြောင့် သင့်အသည်း အားကောင်းဖို့ အရေးကြီးပါတယ်။ သင့် အသည်း သန့်ရှင်းနုပျိုစေဖို့ သဘာဝ ဆေးတဖုံ အကြောင်း ဖော်ပြပေးချင်ပါတယ်။

အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး စသဖြင့် ပိုးတွေဟာ အသည်း ထိခိုက်အားနည်းနေမှ တွယ်လို့ရတာပါ။ အသည်းဟာ သန့်ရှင်း အားကောင်းနေရင် ဒီပိုးတွေ မတွယ်ကပ် နိုင်ပါဘူး။ အသည်းကို ပိုးမတွယ်အောင် ဆေးကြောပေးဖို့ လိုပါတယ်။ အသည်း ဆေးကြောဖို့ အတွက် သင်သောက်သုံး ပေးရမှာက မြန်မာပြည်မှာ လက်လှမ်းမီပြီး အလွယ်တကူ ဖန်တီးနိုင်တဲ့ မန်ကျည်းဖျော်ရည်ပဲ ဖြစ်ပါတယ်။

အသည်းကို ဆေးဖို့ အကောင်းဆုံးက သဘာဝက ပေးတဲ့ မန်ကျည်းဖျော်ရည်ပါ။ မန်ကျည်းသီးဟာ အသည်းကို နုပျိုစေပြီး အသည်းခြောက်ခြင်း၊ ကျုံ့ခြင်း၊ ကြွပ်ခြင်း၊ ဆတ်ခြင်း၊ ပုပ်ခြင်းတွေ မဖြစ်အောင် ကာကွယ် ပေးပါတယ်။

မန်ကျည်းဖျော်ရည်က အသည်းက အဆိပ်အပုပ်တွေ သာမက ဝမ်းဗိုက်ထဲက အပူအပုပ်တွေလည်း ဝမ်းအပျော့ အဖြစ် သင့်ခန္ဓာကိုယ်ကနေ ထွက်သွားပြီး ပေါ့ပါး လန်းဆန်းသွား စေပါလိမ့်မယ်။ အဆိပ် အပုပ် အပူအစပ်တွေ ကင်းရှင်းသွားပြီး၊ အသည်း အားကောင်းလာတဲ့အခါ သင့်ကျန်းမာရေးလည်း ကောင်းမွန် ပြည့်စုံမှာ သေချာပါတယ်။

***မန်ကျည်းဖျော်ရည်ပြုလုပ်နည်း

မန်ကျည်းဖျော်ရည် လုပ်ဖို့က ဒီလိုပါ။ မန်ကျည်းသီးမှည့် လက်တဆုပ်နဲ့ ထန်းလျက် အနည်းငယ်ကို မတ်ခွက်တခွက်ထဲ ထည့်ပြီး ရေနွေးဆူဆူ လောင်းထည့်ပါ။ မနက်ပိုင်းက စ,နှပ်ထားရင် ညနေဆိုရင် သောက်လို့ ရပါပြီ။ ချဉ်ချဉ်လေးကြိုက်ရင် သံပုရာသီး ညှစ်ထည့် သောက်သုံးနိုင်သလို အေးအေးလေး သောက်ချင်ရင်တော့ ရေခဲထည့် သောက်နိုင်ပါတယ်။

မန္က်ည္းေဖ်ာ္ရည္


ေန႔စဥ္စားသုံးတဲ့ အစားအေသာက္ေတြထဲမွာ အဆိပ္အေတာက္ ျဖစ္ေစတဲ့ ဓာတ္ေတြ ပါဝင္ေနပါတယ္။ အဲ့ဒီ အဆိပ္အေတာက္ ေတြကို သင့္ရဲ့ အသည္းက ဖယ္ရွားေပးတယ္၊ ေျဖေပးတယ္။ ဒါေၾကာင့္ သင့္အသည္း အားေကာင္းဖို့ အေရးႀကီးပါတယ္။ သင့္ အသည္း သန္႔ရွင္းႏုပ်ိဳေစဖို့ သဘာဝ ေဆးတဖုံ အေၾကာင္း ေဖာ္ျပေပးခ်င္ပါတယ္။

အသည္းေရာင္ အသားဝါ ဘီပိုး၊ စီပိုး စသျဖင့္ ပိုးေတြဟာ အသည္း ထိခိုက္အားနည္းေနမွ တြယ္လို့ရတာပါ။ အသည္းဟာ သန္႔ရွင္း အားေကာင္းေနရင္ ဒီပိုးေတြ မတြယ္ကပ္ နိုင္ပါဘူး။ အသည္းကို ပိုးမတြယ္ေအာင္ ေဆးေၾကာေပးဖို့ လိုပါတယ္။ အသည္း ေဆးေၾကာဖို့ အတြက္ သင္ေသာက္သုံး ေပးရမွာက ျမန္မာျပည္မွာ လက္လွမ္းမီၿပီး အလြယ္တကူ ဖန္တီးနိုင္တဲ့ မန္က်ည္းေဖ်ာ္ရည္ပဲ ျဖစ္ပါတယ္။

အသည္းကို ေဆးဖို့ အေကာင္းဆုံးက သဘာဝက ေပးတဲ့ မန္က်ည္းေဖ်ာ္ရည္ပါ။ မန္က်ည္းသီးဟာ အသည္းကို ႏုပ်ိဳေစၿပီး အသည္းေျခာက္ျခင္း၊ က်ဳံ႕ျခင္း၊ ႂကြပ္ျခင္း၊ ဆတ္ျခင္း၊ ပုပ္ျခင္းေတြ မျဖစ္ေအာင္ ကာကြယ္ ေပးပါတယ္။

မန္က်ည္းေဖ်ာ္ရည္က အသည္းက အဆိပ္အပုပ္ေတြ သာမက ဝမ္းဗိုက္ထဲက အပူအပုပ္ေတြလည္း ဝမ္းအေပ်ာ့ အျဖစ္ သင့္ခႏၶာကိုယ္ကေန ထြက္သြားၿပီး ေပါ့ပါး လန္းဆန္းသြား ေစပါလိမ့္မယ္။ အဆိပ္ အပုပ္ အပူအစပ္ေတြ ကင္းရွင္းသြားၿပီး၊ အသည္း အားေကာင္းလာတဲ့အခါ သင့္က်န္းမာေရးလည္း ေကာင္းမြန္ ျပည့္စုံမွာ ေသခ်ာပါတယ္။

***မန္က်ည္းေဖ်ာ္ရည္ျပဳလုပ္နည္း

မန္က်ည္းေဖ်ာ္ရည္ လုပ္ဖို့က ဒီလိုပါ။ မန္က်ည္းသီးမွည့္ လက္တဆုပ္နဲ႔ ထန္းလ်က္ အနည္းငယ္ကို မတ္ခြက္တခြက္ထဲ ထည့္ၿပီး ေရေႏြးဆူဆူ ေလာင္းထည့္ပါ။ မနက္ပိုင္းက စ,ႏွပ္ထားရင္ ညေနဆိုရင္ ေသာက္လို့ ရပါၿပီ။ ခ်ဥ္ခ်ဥ္ေလးႀကိဳက္ရင္ သံပုရာသီး ညႇစ္ထည့္ ေသာက္သုံးနိုင္သလို ေအးေအးေလး ေသာက္ခ်င္ရင္ေတာ့ ေရခဲထည့္ ေသာက္နိုင္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here