မန္တလေးတောင်လို့ဆိုလိုက်တာနဲ့မြွေကြီးနှစ်ကောင်ဆိုတာကိုရောက်ဖူးသူရောမရောက်ဖူးသူများပါတန်းသိကြမှာပါမန္တလေးနဲ့ပတ်သတ်တဲ့သီချင်းတွေမှာဒီမြွေကြီးနှစ်ကောင်
အကြောင်းကမပါမဖြစ်ပါလေ့ရှိတဲ့အတွက်ကြောင့်ပါဒီမြွေကြီးနှစ်ကောင်ရဲ့အကြောင်းကိုဗဟုသုတအဖြစ်ဖော်ပြလိုက်ပါတယ်တချို့ကတော့ဒီမြွေကြီးတွေကိုရသေ့ကြီးဦးခန္တီ

တောရှင်းတော့တွေ့တာလို့ပြောလေ့ရှိပါတယ်ဒါဟာမဟုတ်ပါဘူးမြွေကြီးတွေရှိတုန်းကဦးခန္တီမရောက်သေးပါမြန်မာသက္ကရာဇ်၁၂၆၆ခုနှစ်ကမန္တလေးတောင်မှာဘုန်းတော်ကြီးဦးန
န္ဒိယကြီးမှူးပြီးဗျာဒိတ်ညွှန်းဘုရားရုပ်တုတော်ထုလုပ်နေခဲ့ပါတယ်အဲဒီအချိန်လောက်ကမန္တလေးမြောက်ပြင်လင်ဇင်းရပ်ထဲကပန်းပဲဆရာလည်းဟုတ်ဆေးဆရာဆိုလည်းဟုတ်တဲ့ဦး
ဘေရဲ့အိမ်ဝင်းထဲကိုညတစ်ညမှာစပါးအုံးမြွေကြီးနှစ်ကောင်ဟာဘယ်ကမှန်းမသိပဲရောက်နေခဲ့ပါတယ်မနက်လင်းမှတွေ့ကြတော့မောင်းထုတ်ပေမယ့်မသွားကြတဲ့အတွက်ဦးဘေဟာ
မြွေဆရာဦးလုံးကိုခေါ်ပြပါတယ်ဦးလုံးကဆရာဘေရယ်ဒီမြွေကြီးတွေကရန်မပြုတတ်ပါဘူးမြွေကောင်းကြီးတွေပါကျွန်တော်ပဲယူသွားမယ်လို့ဆိုပြီးယူသွားပါတယ်အဲဒီနောက်
ဦးလုံးဟာမြွေကြီးတွေကိုပြစားပါတော့တယ်လူစည်တဲ့ဈေးလိုနေရာတွေနဲ့ဘုရားတွေပွဲတွေမှာလှည့်လည်ပြလေ့ရှိပါတယ်အချိန်အတော်ကြာပြီးတစ်နေ့မှာဒီမြွေကြီးနှစ်ကောင်ရဲ့
သတင်းကို ဘုန်းတော်ကြီးဦးနန္ဒိယကကြားသွားတဲ့အတွက်ဦးလုံးကိုဒီမြွေကြီးတွေနဲ့ပိုက်ဆံအတော်အသင့်ရလောက်ပါပြီမြွေကြီးတွေကိုဘုန်းကြီးလှူပါ။ဘုရားရုပ်ထုထုသူတွေရော

ဘုရားဖူးလာသူတွေရာအပန်းပြေအပျင်းပြေအောင်မန္တလေးတောင်ခြေမှာထားချင်တယ်လို့ပြောပြီးဦးလုံးဆီကအလှူခံသတဲ့ဦးလုံးကလည်းငွေ၂၀ဝ၊၃၀ဝကျပ်လောက်ရနေပြီဆို
တော့ဘုန်းတော်ကြီးကို မြွေကြီးနှစ်ကောင်လှူလိုက်ပါတယ်အဲဒီတုန်းကငွေ၂၀ဝဆိုတာနည်းမှမနည်းပဲကိုအဲဒီနောက်မန္တလေးတောင်အတက်က ခြင်္သေ့ကြီးနှစ်ကောင်အနားမှာမြွေ
ကြီးနှစ်ကောင်ကိုထားလိုက်ပါတယ်ချက်ချင်းနာမည်ကြီးသွားပြီးလူစည်ကားသွားပါတော့တယ်မြွေကြီးနှစ်ကောင်ကြလအကြာမှာရုပ်ထုလည်းထုပြီးသွားပါပြီဘုရားအစ်မတို့သွားလိုရာ
ကြာမှာရုပ်ထုလည်းထုပြီးသွားပါပြီဘုရားအစ်မတို့သွားလိုရာသွားကြပါတော့လို့ပြောပြီးရန်ကင်းတောင်ဘက်ကတောထဲမှာလွှတ်ပေးလိုက်ပါတယ်မြွေကြီးတွေဟာတွင်းကြီးတစ်တွင်း
ထဲဝင်သွားပြီးတဲ့နောက်သူတို့ရဲ့သတင်းကိုလုံးဝမကြားရတော့ပါဘူးမြွေကြီးတွေမရှိတော့ပေမယ့်စခန်းမဝေးပေါင်မန္တလေးတောင်မြွေကြီး၂ကောင်သွားလို့ကြည့်ရအောင်ဆိုတဲ့

သီချင်းကတော့ကျန်နေခဲ့ပါတယ်ဒါကြောင့်ရသေ့ကြီးဦးခန္တီကမန္တလေးတောင်ပေါ်မှာသံမြွေဟောက်အရုပ်ကြီးနှစ်ကောင်ကိုသွန်းလုပ်စေပြီးတင်ထားလိုက်ပါတယ်အစတုန်းကမြွေရုပ်ကြီး
နှစ်ရုပ်ကိုရှေ့ဆင့်နောက်ဆင့်ထားခဲ့ပေမယ့် အခုတော့ဆေးတွေသုတ်ကာနှစ်ကောင်ယှဉ်ထားပြီးသံဆန်ခါနဲ့ ကာထားလိုက်ပါတယ်Credit