ဘာတွေကိုမက်မောလဲမေးရင်ဘဝရဲ့မပြည့်စုံခြင်းတွေကနေ နှစ်ယောက်အတူတူကြိုးစားပြီးပြည့်စုံလာမယ့်အနာဂတ်မျိုးကိုမက်မောတယ်ချစ်ခြင်းမေတ္တာကိုရွေးချယ်ခဲ့တဲ့မိန်းမမို့ နှစ်ယောက်တစ်ဘဝကိုဒိုးတူဘောင်ဘက်ကြိုးစားပြီးပြည့်စုံ
တဲ့ဘဝတစ်ခုဖန်တီးချင်တယ်စိန်တွေလည်းမမက်ဘူးငွေတွေလည်းမမက်ဘူးကိုယ်ရွေးချယ်လိုက်တဲ့အမျိုးသားဟာဘယ်လိုအရာမျိုးကိုမှမပိုင်ဆိုင်ထားရင်တောင်အလုပ်လုပ်ချင်တဲ့ အရည်အချင်းတွေသူများသားသမီးကိုယူပြီးရင်တာဝန်ကျေ
ချင်တဲ့စိတ်တွေအိမ်ထောင်ဦးစီးကောင်းပီပီကာကွယ်ချင်တဲ့စိတ်တွေသားသမီးရလာတဲ့အခါဖခင်ကောင်းပီသမှုမျိုးတွေပိုင်ဆိုင်ထားရင်ပဲရပါပြီကံဆိုတာအလုပ်ဆိုပေမယ့်လုပ်တိုင်းမဖြစ်နိုင်တဲ့ကံတရားတွေကိုလက်ခံယုံကြည်ထားသူမိုကိုယ့်ကို
ချမ်းသာအောင်ထားမှလိုချင်တာဖြည့်ဆည်းပေးနိုင်မှဆိုတဲ့အတ္တတွေလည်းမရှိပါဘူးတစ်ခုပဲအတူတူအောက်ခြေကနေကြိုးစားပြီးဘဝရဲ့ရည်မှန်းချက်ပန်းတိုင်တွေကိုအခက်အခဲအတားအဆီးတွေကိုကျော်ဖြတ်ပြီးလက်တွဲမဖြုတ်ပဲ
တစ်ယောက်ကိုတစ်ယောက်အမှီအခိုပြုရင်း၊အားပေးရင်းလိုချင်တဲ့ဘဝမျိုးစိတ်ချမ်းသာပျော်ရွှင်ရခြင်းမျိုးကိုအနာဂတ်မှာပိုင်ဆိုင်ရရင်ပဲလုံလောက်ပါပြီဒီလိုအရာမျိုးကိုပဲမက်မောပါတယ်credit