မပြည့်စုံပဲအိမ်ထောင်ပြုလိုက်တဲ့အခါလောကဓံကဒုက္ခကိုလက်ဖွဲ့တယ်ဆိုတာလူငယ်တွေ သတိထားသင့်တယ်အိမ် ထောင်ပြုတော့မယ်ဆိုရင် အနာဂတ်အတွက်ကြိုတင်ပြင်ဆင်ခြင်းက လိုအပ်တယ်။အချစ်တစ်ခုကိုသာ
ဦးစားပေးပြီးဘဝအတွက်ဘာပြင်ဆင်မှုမှမရှိရင်တနေ့သေချာပေါက်မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာကြမှာအမှန်ပါပဲအိမ်ထောင်ပြုပြီဆိုတာနဲ့ သားသမီးဆိုတာလဲမရှိမဖြစ်လိုအပ်လာမှာပဲသားသမီး ရလာခဲ့ရင်
ငွေကြေးဆိုတာခင်ဗျားတို့ဘဝမှာလိုအပ်တာထက်ကိုပိုလိုအပ်လာပြီငွေမရှိတဲ့အခါတစ်ယောက်ကိုတစ်ယောက်အရင်ကချစ်တဲ့အချစ်တွေလဲအမုန်းအဖြစ်ပြောင်းလဲဖို့ လွယ်ကူလာမှာပဲသံယောဇဉ်တွေဆိုတာ
ကလဲမရေးမပါတဲ့အရာတစ်ခုလို့သတ်မှတ်ချက်ထားကောင်းထားမယ်ရန်ပွဲတွေကြားကသားသမီးက မြေစာပင်အဖြစ်နဲ့ရှင်သန်လာရမှာကိုခင်ဗျားတို့လိုချင်တာလားခင်ဗျားရေဆာတဲ့အချိန်ရေတစ်ခွက်က
ခင်ဗျားအတွက်အရမ်းလိုအပ်လိမ့်မယ်ထို့အတူကိုယ့်သားသမီး ရလာခဲ့ရင်မိခင်ရဲ့နွေးထွေးခြင်းနဲ့ ဖခင်ရဲ့ ဂရုစိုက်ခြင်းကိုလဲသားသမီးတိုင်းကအရမ်းလိုအပ်ကြတယ်ဒါပေမဲ့တချို့တွေမပေးနိုင်ကြဘူးကလေ နို့ဆာချိန်
နို့မတိုက်နိုင်ပဲငွေနောက်တကောက်ကောက်လိုက်နေရတဲ့မိခင်တွေအများကြီးပဲကလေးအိပ်ချိန် တေးသီချင်းတွေမဆိုပြနိုင်ပဲငွေနောက်တကောက်ကောက်လိုက်နေရတဲ့ဖခင်တွေလဲ အများကြီးပဲအလုပ်တွေ အဆင်မပြေလာတဲ့အခါပြဿနာ
တွေကတက်ရအုံးမှာပဲရန်တွေလဲမကြာခဏဆိုသလိုဖြစ်ရအုံးမှာပဲဒါဆိုဘယ်မလဲအရင်ကခင်ဗျားတို့သိပ့်ချစ်တဲ့တီတီ တာတာစကားလေးတွေဒါဆိုဘယ်မလဲအရင်ကခင်ဗျားတို့ စိတ်ကူးထားတဲ့ချစ်စရာမိသားစုလေးဒါဆိုဘယ်မလဲအ
ရင်ကခင်ဗျားတို့ မျှော်လင့်ထားတဲ့ ပျော်ရွှင်ခြင်းတွေပြည့်နှက်နေတဲ့ အိမ်ကလေးဘဝ ဆိုတာပုံသေကားချက်မရှိပေမဲ့တချို့အရာတွေအတွက်တောကြိုတင်ပြင်ဆင်ခြင်းက အရမ်းကို လိုအပ်တယ်နော် credit to org