မရဏဖွားဟောကိန်းမရဏဖွားတွေရဲ့စိတ်ကကြောက်စရာကောင်းသည်အမြဲတမ်းအစွန်းနှစ်ဖက်ရောက်နေတတ်တတ်သည်အချို့နေရာတွေမှာခြေသုတ်ပုဆိုးမြွေဆွယ်ကျိုးလိုသည်းခံတတ်ပေမဲ့ရက်စက်ပြီဆိုရင်လဲသူများလိုက်မမှီအောင်

ရက်စက်တတ်သူပါမြွေပွေးတစ်ကောင်နှင့်အလားသဏ္ဍာန်တူသည်မထိသ၍ဘာမှရန်မပြုပေမဲ့ထိမိလိုက်ရင်တော့အန္တရာယ်အလွန်ရှိတတ်ကြသည်ထက်မြက်တယ်စိတ်ဓာတ်ပြင်းထန်ကြတယ်သမာသမတ်ကျတယ်အမှန်တရားကို

မြတ်နိုးသည်ရှေ့နေရှေ့ရပ်ကိစ္စကြားဝင်ညှိနှိုင်းဆောင်ရွက်ရာမှာထူးချွန်တတ်သည်ဆွေးမျိုးထက်တစိမ်းကပိုအကျိုးပေးသည်ဆွေမျိုးတွေဒုက္ခပေးတတ်သည်တစိမ်းတရံကြားမှာအခြေချနေထိုင်ရတတ်သလိုဇာတိရဲအဝေးမှာထွန်းပေါက်

အောင်မြင်တတ်တယ်တစ်ခါတရံဇွတ်တရွတ်လုပ်တတ်တာမျိုးရှောင်ပါကိုယ်ကအလုပ်အပေါ် သေချာဂရုစိုက်လုပ်ရင်တောင်သူများတွေကပေါ့တယ်ဂရုမစိုက်ဘူးအလုပ်အပေါ်အလေးမထားဘူးလို့အပြောခံရတတ်တာမျိုးပါမိမိကလဲ

အလုပ်တစ်ခုကိုအစပိုင်းမှာစိတ်ပါဝင်စားတတ်သော်လည်းနောက်ပိုင်းမှာပျင်းရိသွားတတ်သူပါကောက်ရိုးမီးလိုပါပဲအစကတော့ဟုန်းခနဲပေါ့နောက်ပိုင်းတော့မီးစပင်ရှာလို့မရတတ်ဘူးအဲဒါကြောင့်ပဲအလုပ်ခဏခဏပြောင်းမိနေတတ်တယ်

မရဏဖွားတွေလဲနှစ်ရှည်လုပ်ရတဲ့အလုပ်ကြာရှည်လုပ်ကိုင်ရတဲ့အလုပ်မျိုးတွေနဲ့မသင့်လျော်ဘူးဥပမာပေးရရင်နှစ်ရှည်ပင်စိုက်ပျိုးခြင်းဥယျာဉ်ခြံHotel လုပ်ငန်းမျိုးတွေပေါ့အခုလုပ်အခုအကျိုးအမြတ်ရတဲ့ပေါ်ပင်အလုပ်မျိုးတွေနဲ့ပဲ

သင့်လျော်ပါတယ်မိမိကစိတ်မြန်လက်မြန်ရှိပြီးမြန်မြန်သွက်သွက်နဲ့လက်တွေ့ကျကျလုပ်ရသောအလုပ်တွေကိုသဘောတွေ့တတ်ကြပါတယ်မရဏဖွားတွေလောကဓံကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်သူပါဒုက္ခလောကဓံကိုခါးစည်းခံနိုင်သလို

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

သုခလောကဓံကိုလဲခံနိုင်သူပါငရဲဆိုတာငါ့အတွက်တော့ ချွေးထုတ်ခန်းဝင်သလောက်ပါပဲလို့ပြောမဲ့သူတွေပါမရဏဖွားတွေကအပြင်ပန်းကကြည့်ရင်တော့လျှင်မြန်တယ်ဉာဏ်ပြေးတယ်သွက်လတ်တယ်လို့ထင်ရပေမဲ့

လက်တွေ့မှာတော့ကိစ္စတစ်ခုကိုဆုံးဖြတ်ချက်ချရာမှာချိတုံချတုံအလွန်ဖြစ်တတ်ပါတယ်ငါလုပ်လိုက်တာမှားသွားလားဆိုပြီးစိုးရိမ်စိတ်ကလေးအမြဲဝင်တတ်ပါတယ်အားနည်းချက်က အလွန်မေ့တတ်တာပါပြောထားပြီးမေ့နေပြန်ရော

အသက်ကြီးလာရင်အလွန်မေ့တတ်ကြတယ်သူတစ်ပါးအလုပ်ပင်ဖြစ်ပါစေစေတနာပါပါနဲ့လုပ်ကိုင်ပေးတတ်သူပါပဲမိမိကိုယ်အားကိုးပြီးခိုင်းရင်အားကိုးသလောက်ပြန်လုပ်ပေးတတ်တယ်စကားကြီးစကားကျယ်ပြောတာအမှန်အတိုင်းသာပြော

တတ်တာတွေကလူမုန်းများသွားတတ်ပါတယ်ဘဝတည်ငြိမ်မှုအားနည်းတယ်လှိုင်းတပိုးတွေလိုဘဝကအတတ်အကျများတယ်အပယိကရောဂါလေးတွေခဏခဏဖြစ်လွယ်တယ်ငယ်ဇာတာမကောင်းပါပင်ပန်းရတတ်တယ်စိတ်ဆင်းရဲ

ကိုယ်ဆင်းရဲဖြစ်လွယ်တယ်အိုဇာတာကတော့ပထမတန်းစားကောင်းသူပါမရဏဖွားတွေဟာမိမိအပူသောကတွေကိုသူများတွေကို လက်ဆင့်မကမ်းတတ်သူပါဒုက္ခတွေကိုတစ်ယောက်ထဲခါးစည်းခံမဲ့သူတွေပါရောဂါဖြစ်ရင်တောင်အိမ်သားတွေ

မပြောဘဲတစ်ယောက်ထဲကြိတ်ခံတတ်တာမျိုးပါဘဝကိုအရှုံးမပေးတတ်သူတွေပါပဲဘယ်လိုအခက်အခဲကြုံကြုံရင်ဆိုင်သွားတတ်သူပါကံကြမ္မာကလဲအခွင့်အရေးကောင်းတွေ မကြာခဏပေးတတ်ပါတယ်မိမိကဖမ်းဆုပ်တတ်ဖို့ပဲ

လိုပါတယ်ကိုယ့်ကိုယ်ကိုဖျက်သံချေးတတ်ဆိုတာမျိုးမဖြစ်အောင်ဂရုစိုက်ပါကံကအတိုက်အခံတွေ့လေအောင်မြင်လေပါပဲမင်္ဂလာတရားတော်ထဲကအတ္တသမ္မာ ပဏိဓိစဆိုတဲ့မင်္ဂလာတရားတော်နဲ့အညီမိမိကိုယ်ကိုစောင့်ထိန်းနိုင်မယ်ဆိုရင်တော့ အောင်မြင်မှုဆိုတာကိုမလွဲမသွေခံစားရမှာပါ