မရဏဖွားဗုဒ္ဓဟူး၊ရာဟုသားသမီးများအတွက်မရဏဖွားများသည်ငယ်စဉ်အခါမှာကျန်းမာရေးချူချာတတ်တယ်ငယ်ရွယ်စဉ်အခါမှာအခက်အခဲများဖြင့်ဘဝအတက်အကျ ရုန်းကန်ရမှုများသော်လည်းအိုဇာတာတွင်အောင်မြင်
ကြီးပွားစေတတ်သောသဘောရှိတယ်ဒါကြောင့်လည်း ရှေးကျမ်းများတွင်မရဏကောင်း ရွှေထီးဆောင်း ဟူ၍ တင်စားဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။.စိတ်ဓာတ် ပြင်းထန်သူတွေဖြစ်ကြပြီး ဘဝမှာမခံချင်စရာတွေ၊ ဒေါသဖြစ်စရာလေးတွေ
အခက်အခဲအကြပ်အတည်းတွေကြုံတွေ့ပြီးမှ အောင်မြင်တတ်သော သဘောရှိတတ်ပါသည်နက်နက်နဲနဲ တွေးခေါ်ကြံဆတတ်သူတွေလည်း ဖြစ်ပါတယ်သူတို့ဟာ ဘဝမှာအနီးကပ်အတူနေသောလူတွေ ဖြစ်တဲ့မိဘဆွေမျိုးညီကို
မောင်နှတွေရဲ့အကျိုးကျေးဇူးကိုအထူးတလည်ခံစားရတာမျိုးသိပ်မရှိတတ်ကြတဲ့သူတွေပဲ ဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲမိဘဆွေမျိုးညီကိုမောင်နှတွေရဲ့အကျိုးကျေးဇူးကိုခံစားနေရပါတယ်ဆိုရင်လည်း ရေရှည်မှာသဟဇာတမဖြစ်တတ်ကြပါဘူးဘဝမှာလူတွေနဲ့ပတ်သက်ရင်
အကျိုးကျေးဇူးမခံစားရတာကများပြီးကိုယ်ပဲအနစ်နာခံရဖို့ကြုံကြရတတ်သူတွေ ဖြစ်ပါတယ်လူတွေနဲ့သာအကျိုးမပေးသော်လည်းအဖော်အပေါင်းခင်မင်တတ်သူတွေလည်း ဖြစ်နေတတ်ပြန်ပါသေးတယ်ဘဝမှာတသက်နဲ့တကိုယ်လူလိမ်ခံရတတ်တယ်အရင်းနှီးဆုံးလူတွေက ဂျင်းထည့်သွားတာ
အချစ်ဆုံး သူငယ်ချင်း ကသစ္စာဖောက်သွားတာမျိုးတွေခံကြရတတ်သူတွေပါပဲ။ တွေ့လိုက်ရင်လူပေါ်လူဇော် တွေနဲ့ဒုက္ခသည်တွေချည့်ကြုံရတတ်လို့ကိုယ်ကချည့်ခံရပါများလို့လူတွေနဲ့ပတ်သက်ရတာကိုယ့်ဖက်ကတခုခုနစ်နာနေရတယ်လို့ခံစားနေတတ်သူတွေလည်း ဖြစ်ပါတယ်
တကယ်လည်းနစ်နာနေရတတ်တယ်ဒါကြောင့်လူတွေ နဲ့စကားပြောရင် ကိုယ့်ဖက်က ဦးအောင် တင်တင်စီးစီးလေး ပြောတတ်ကြသူတွေလည်းဖြစ်နေတတ်ကြပါတယ်လက္ခဏာအရေးအကြောင်းတွေရှုပ်ထွေးစွာပါဝင်နေတတ်သူတွေလည်း ဖြစ်ပါတယ်
လက်မှာဒဏ်ရာအမာရွတ်ရှိတတ်သလိုလက်မှုပညာတောက်တိုမယ်ရဟိုစပ်စပ်ဒီစပ်စပ်နဲ့အကုန်ရတတ်တဲ့သူတွေလည်း ဖြစ်ပါတယ်ဘဝမှာ ရေနဲ့ အကျိုးမပေးရွှေစုလို့မရစုမိပြီဆိုအပူသောကတခုခုပေါ်လာပြီးပြန်ထွက်တတ်ပါတယ်
အလုပ်၊အိမ်မကြာခဏ ပြောင်းရတတ်ပါတယ်။အချို့များအိမ်ထောင်ရေး မတည်ငြိမ် ကွဲလိုက်ပေါင်းလိုက် ပြန်ကွဲလိုက်နဲ့လုံးလည်ချာလည် လိုက်နေတတ်တဲ့ အိမ်ထောင်ရေးသောကမျိုး ကြုံတွေ့ရတတ်ပါတယ်ငယ်ရွယ်စဉ်အနိမ့်အမြင့်
အတက်အကျများတတ်သော်လည်းဘဝမှာဂုဏ်နဲ့ဒြပ်နဲ့ထည်ထည်ဝါဝါ နေနိုင်တတ်ဖို့ အကြောင်းပါလာသူတွေ ဖြစ်ပါတယ်။ စိန်၊သန္တာတို့ဟာအဆောင်ရတနာတွေဖြစ်ပါတယ်အသက်၂၄၊၂၅၊၂၆၊၃၂၊၃၃၊၃၄၊၄၀၊၄၁၊၄၂၊၄၄၊၄၈၊၄၉၊၅၀ တွေဟာကံဇာတာအနိမ့်ပိုင်းဖြတ်သန်းမှု
ပြုရချိန်တွေ ဖြစ်လို့စိတ်ညစ်စရာတွေကျန်းမာရေးချူချာတာတွေမကြာခဏတိုက်ဆိုင်ကြုံတွေ့ရတတ်ပါတယ်အသက်၄၇၊ ၅၂ တွေဟာလူမသေရင်ဘဝသေ ဆိုသလိုကျန်းမာရေး၊ အမှုအခင်းပြဿနာ၊လုပ်ငန်းများရပ်ဆိုင်းသွားခြင်း၊အိမ်ထောင်ရေးသောကစီးပွားဥစ္စာ ဆွေမျိုးဥာတိတို့
ပျက်စီးတတ်ခြင်းတို့ကြုံတွေ့ရတတ်ပါသည်ထိုအသက်ပိုင်းများကျရောက်ပါက နားလည်တတ်ကျွမ်းသောဆရာသမားနှင့်တိုင်ပင်ဆွေးနွေး၍ယတြာအစီအမံများပြုလုပ်ဆောင်ရွက်ပါမှ အညံများသက်သာလျော့ပါးလာမှာဖြစ်ပါသည်
ဗေဒင်မေးလိုပါက09252583167သို့ဆက်ပါ