








မဟာဘုတ်မရဏဘွားသေရင်မြေကြီးရှင်ရင်ရွှေထီးအရန်းမှန်တယ်နော်ပြင်းထန်ထက်မြက် ပြီးရက်စက် ပြတ်သားသောစိတ်ရှိ၏လုပ်စရာရှိလျင်မည်သူ့မျက်နှာကိုမှမထောက်တတ်သီးခံစရာရှိကတရားလွန်သီးခံတတ်ပြီးရက်စက်စရာရှိကလည်းသူများထက်ရက်စက်တတ်၏အပြောအဆိုချိုသာသည်

အများအထင်ကြီးအောင်လည်းပြောဆိုတတ်၍မကြာခဏသူများ၏အမြင်ကတ် ခြင်းအထင်သေး ခြင်းခံရမည် ပေါက်တဲ့နဖူးမထူးဟူ၍ ဇွတ်လုပ်တတ်၏ထင်ရာစိုင်းတတ်၏ကိုယ့်အမှားကိုကိုယ်ဘယ်တော့မှဝန်မခံသူတဖက်သားလွှဲချတတ်၏အလုပ်ကိုမည်မျှဂရုတစိုက်သေချာကြနလုပ်ပါသော်လည်း

အများက ပေါ့ဆသည်ပျင်းရိသူဂရုမပြု သူဟူ၍ထင်ခံရ၏မည်သည့်အလုပ်မဟူအစပိုင်းတက်ကြွ စွာစိတ်ထက်သန် သော်လည်း ကြာလေစိတ်ကုန်လေ ဖြစ်ပြီး နောက်အလုပ်သစ်တခုကိုရှာဖွေလုပ်ကိုင်တတ်မည်အလုပ်တခုကို ဇောက်ချမလုပ်တတ် ရေရှည်လုပ်ရသောလုပ်ငန်းမျိုးနှင့်မကောင်းမြန်မြန်ထက်ထက် သွက်လက် သောအလုပ်နှင့်သာကိုက်၏၊

စိတ်မြန်ကိုယ်မြန်ရှိ၏ဘာဆိုဘာမှမကြောက်တတ်ဒုက္ခ တွေ့ တွေ့ဥပတ်ကြုံကြုံဂရုမစိုက် ဖြစ်လေရာဘဝမှာပျော်ရဲသူဖြစ်၏ကိုယ့်အပူသူများမပေးသလို သူများ အပူလည်းမယူ ကင်းကင်းရှင်းရှင်း ပြတ်ပြတ်သားသား နေတတ်၏အပြင်ဘန်းကြည့်မည်ဆိုက အလွန်လျင်မြန်ဖျတ်လတ်သော

ခေါင်းဆောင် ကောင်းထင်ရမည်လက်တွေ့ ကိစ္စတခုကိုပတ်ပြတ်သားသား မဆုံးဖြတ်ရဲအလွန်မေ့တတ်သည် ပြောပြီးထားပြီးမေ့တတ်သည် ၊ အလုပ်ကို မှားသွားမည်ကိုအလွန်စိုးရိမ်တတ်သည်မည်သည့်အလုပ်အပေါ်ဖြစ်စေ စေတနာထားလုပ်လေ့ရှိသည်မိမိအား အားကိုးလျင် အားကိုးသလိုလုပ်ပေးတတ်ပြီး၊

အမြဲတမ်း စကားကြီးစကားကျယ် ပြောတတ်၏၊အချေအနေနှင့်မတန်မရာမတန်တဆများ စဉ်းစား တွေးခေါ် ပြီး ကြီးကြီးကျယ်ကျယ် ကြံစည်လုပ်ကိုင်လိုစိတ်ရှိမည်ဘဝမှာတည်ငြိမ်မှုမရှိအမြဲတမ်းတိုက်ပွဲများရင်ဆိုင်နေရပေမည်ကိုယ့်ဒူးကိုယ်ချွန်ရသူများဖြစ်မည် ၊မကြာခဏအပရိကရောဂါများဖြစ်တတ်မည်သို့သော် ဘေးဥပဒ် မရှိပါ

၊နေထိုင်သွားလာနှိုင်ပြီး အတွင်း ရောဂါ ဖြစ်နေတတ်သည်အများကလိမ်ညာနေသည်ထင်မည်အမှန်မှာမဟုတ်ပါဘဝအောင်မြင်ရေးအတွက် သေသေရှင်ရှင် မကြောက်တန်းဇွတ်လုပ်တတ်သည်အရှုံး ပေးလိုစိတ်မရှိ သေမြေကြီး ရှင်ရွှေထီး စိတ်ဖြင့်လုပ်ကိုင်တတ်၍ တခါတရံ အခွင့် အရေး ကောင်းများ အကွက်ကောင်းများတွေ့ရမည်၊ ခံစားရမည်၊

ငယ်ဇာတာမကောင်းပါပင်ပန်းရမည်စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်မည်အိုဇာတာပထမတန်း ကောင်း၏စည်းစိမ်အပြည့်ဖြင့် အိမ်ယာပိုင်ဆိုင်နေရမည်မည်သူ့ကိုမျှ အောက်ကြို့ခံလိုစိတ်မရှိပညာမာန ကြီးသည်မည်သူမျှမလုပ်နှိုင်မကြံစည်နှိုင် သောအလုပ်များ ကို လုပ်ကိုင်တတ်သည်

ကြိုးစား စိတ် လုံ့လဝီရိယ ကြောင့်ဘဝတွင်နာမည်ကျော်ကြားရတတ်သည်၊ဂုဏ်သရေရွှန်းတောက်ရတတ်၏ဘဝကအဆင်ပြေ ချင်သော်လည်းကိုယ့်ဘဝကိုဖျက်ဆီးတတ်သဖြင့် မကြာခန အမှားများတွေ့မည်လူမှုရေးများကောင်း၏ဝါသနာပါ၏ အတိုက်အခံ တွေ့ရလေဘဝမှာ အောင်မြင်လေဖြစ်မည်အလုပ်လုပ်ရလေ ပျော်လေဖြစ်မည်ဗဟုသုတအလို့ငှာလင်းဟိန်းထက်

LEAVE A REPLY

Please enter your comment!
Please enter your name here