နောက်ကျောတက်ဇက်ကြောတက်လက်ပြင်ငုတ်အုံးလွဲနေသူများအတွက်နာရီပိုင်းအတွင်း ပျောက်တဲ့နည်းလေးပါအဆင့်(၁)ခြေစုံရပ်ခါးကိုမတ်မတ်ထားလက်နှစ်ဖက်ကိုနဖူးပေါ်တင်ခေါင်းကိုနောက်လှန်နိုင်သလောက်လှန်ဖိထားပါခါးမပါသွားပါစေနဲ့။၁၀စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်းလွှတ်ပါအဆင့်
(၂)ခြေစုံရပ်ခါးကိုမတ်မတ်ထားလက်နှစ်ဖက်ကို နောက်စေ့မှာကပ်ပြီး ခေါင်းကိုရှေ့ဖိနိုင်သလောက်ဖိပါခါးကုန်းမသွားပါစေနဲ့၁၀စက္ကန့်ရေပြီးပြည့်ရင် ဖြည်းဖြည်း လွှတ်ပါအဆင့် (၃)ခြေစုံရပ် ခါးကို မတ်မတ်ထား ဘယ်ဘက်လက်ကိုခါးထောက်ထားပြီးညာဘက်လက်ကဦးခေါင်းကိုအပေါ်ကနေညာဘက်ပါ
နိုင်သလောက်ဆွဲဖိထားပါခါးမပါစေနဲ့။၁၀စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်းလွှတ်ပါအဆင့်(၄)ခြေစုံရပ်ခါးကိုမတ်မတ်ထားညာဘက်လက်ကိုခါးထောက်ထားပြီးဘယ်ဘက်လက်ကဦးခေါင်းကိုအပေါ်ကနေဘယ်ဘက်ပါနိုင်သလောက်ဆွဲဖိထားပါခါးမပါစေနဲ့၁၀စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်းလွှတ်ပါ။
အဆင့်(၅)ခြေစုံရပ်ခါးကိုမတ်မတ်ထားဘယ်ဘက်လက်ကိုခါးထောက်ထားပြီးညာဘက်လက်က မေးစေ့ကိုဘယ်ဘက်ပုခုံးနဲ့ထိနိုင်သလောက်ထိတွန်းလှည့်ထားပါဘယ်ဘက်ပုခုံးက ရှေ့ကိုတိုးမလာပါစေနဲ့ မေးစေ့ကပဲပုခုံးပေါ်ရောက်နိုင်သလောက် ရောက်အောင်လှည့်တင်ထားပါစက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြ
ည်းလွှတ်ပါအဆင့်(၆)ခြေစုံရပ်ခါးကိုမတ်မတ်ထားညာဘက်လက်ကိုခါးထောက်ထားပြီးဘယ်ဘက်လက်က မေးစေ့ကိုညာဘက်ပုခုံးနဲ့ထိနိုင်သလောက်ထိတွန်းလှည့်ထားပါညာဘက်ပုခုံးက ရှေ့ကိုတိုးမလာပါစေနဲ့ မေးစေ့ကပဲပုခုံးပေါ်ရောက်နိုင်သလောက် ရောက်အောင်လှည့်တင်ထားပါစက္ကန့်ရေပြီး ပြည့်ရင် ဖြည်ြး
ဖည်းလွှတ်ပါဒီနည်းအတိုင်းအကြိမ်ရေအကန့်အသတ်မရှိနားနားပြီးလုပ်ပေးပါများများလုပ်ပေးနိုင်လေ မြန်မြန်ပျောက်ကင်းလေပါကိုယ်တိုင်လက်တွေ့ ပျောက်ကင်းသွားလို့ ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်