ငါအပိုင်လို့အမြဲသတ်မှတ်ထားခဲ့တော့ကျီးကန်းကကြက်ဥမကြိုက်ဘူးကြက်ဥကိုအမြဲတမ်းခွေးကိုပေးတယ်အစပိုင်းတော့ခွေးကကျီးကန်းကိုကျေးဇူးတင်နေတာပေါ့ကြာတော့အကျင့်ဖြစ်သွားတယ်အကျင့်ဖြစ်လာတော့ဒီကြက်ဥဟာသူ့ကိုပေးကို
ပေးရမှာလို့ဆိုတဲ့စိတ်ဖြစ်လာတယ်တနေ့ကျတော့ကျီးကန်းကကြက်ဥကိုငါးကိုပေးလိုက်တော့ဒီမှာတင်ခွေးကမကျေနပ်တော့ဘူးဥဟာအစကတည်းကကျီးကန်းပိုင်တယ်ဆိုတာသူမေ့သွားတယ်သူပိုင်တဲ့ကြက်ဥဘယ်သူ့ကိုပေးမယ်ဆိုတာ
ကျီးကန်းမှာဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာမေ့သွားတယ်ဒါနဲ့သူတို့စကားများကြပြီးအခင်အမင်ပျက်သွားကြတယ်သိပ်ပူတဲ့နွေရာသီတခုမှာလူတစုကမြစ်ရေလှိုင်းထဲမှာဖောင်စီးသွားကြတယ်ဖောင်စီးရင်းနဲ့ရေဆော့ရင်းကောင်မလေးတယောက်ရဲ့
ဖိနပ်ရေထဲကျသွားတယ်ကမ်းပေါ်ရောက်ဖို့ပူခြစ်နေတဲ့သဲပြင်ကျယ်ကြီးကိုဖြတ်ရမယ်ဒါနဲ့ကောင်မလေးကသူနဲ့လှေအတူစီးတဲ့သူတွေဆီကတယောက်ယောက် ဖိနပ်ငှားနိုင်မလားလို့အကူညီတောင်းတယ်လူတစ်ယောက်မှာဖိနပ်တရံပဲပါတာ
ဘယ်သူမှမပေးချင်ကြဘူးကောင်မလေးကမကျေနပ်ဖြစ်သွားတယ်ဒါနဲ့သူကဒီလူတွေအားလုံးမကောင်းဘူးကူညီချင်စိတ်မရှိကြဘူးလို့တွက်လိုက်တယ်နောက်တော့ လူတစ်ယောက်ကသူ့ဖိနပ်ကိုပေးလိုက်တယ်ကောင်မလေးက
ကျေးဇူးတင်ကြောင်းပြောလိုက်တယ်ဖိနပ်ပေးလိုက်တဲ့လူကဘယ်သူမှမင်းကို ကူညီဖို့တာ၀န်မရှိပါဘူးမင်းကိုကူညီတာခင်မင်မှုတစ်ခုကြောင့်ပဲမကူညီဖြစ်ရင်ဒါကိုဒေါသမကြီးပါနဲ့ဒါသူများrightပါအဲ့လိုပြောတော့ကောင်မလေးစိတ်ထဲ
တွေးမိသွားတယ်အဲ့ချိန်ကစပြီးသူ့ကိုကူညီဖူးသူတွေကိုအမြဲမှတ်သားထားပြီးပြန်လည်ကျေးဇူးဆပ်လေ့ရှိလာပါတယ်ကျနော်တို့ဟာအမြဲတမ်းသူများကကိုယ့်အပေါ်ကောင်းဖို့ပဲမျှော်လင့်ကြတယ်အစပိုင်းတော့ကျေးဇူးတင်မဆုံးဘူးပေါ့ကြာလာတော့သူများကိုယ့်အပေါ်ကောင်းတာကိုအမြဲလိုချင်တဲ့
အကျင့်ဖြစ်လာတယ်ဒါကိုဖြစ်သင့်တဲ့အရာလို့ထင်လာတယ်တနေ့မှာကိုယ့်အပေါ်မကောင်းခဲ့ရင်အပြစ်တင်ရှုံ့ချမိတော့တယ်တကယ်တန်းကျတော့သူများမကောင်းတော့တာမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်တွေကပြောင်းကုန်တာပါရနေကျဆိုတော့ရပိုင်ခွင့်တစ်ခုလိုမြင်လာပြီးကျေးဇူးတရားဆိုတာကိုမေ့သွားတာပါ