ငရုတ်သီးရောင်းသူတွေမှာဒီလိုအခက်အခဲမျိုးရှိကောင်းရှိလိမ့်မယ်အဲဒီအခက်အခဲက ငရုတ်သီးရောင်းသူကိုငရုတ်သီးကစပ်လားလို့ဝယ်သူတွေမေးကြတဲ့ မေးခွန်းဖြစ်တယ်။ငရုတ်သီးရောင်းသူကစပ်တယ်လို့ ပြန်ဖြေရင်ငရုတ်သီးဝယ်သူအစပ်မကြိုက်ခဲ့ရင် မဝယ်ဘဲထွက်သွားတော့မယ်။

မစပ်ဘူးလို့ ဖြေပြန်ရင်လည်းဝယ်သူကအစပ်ကြိုက်သူဆိုရင်ဒီအရောင်းအဝယ်ကမဖြစ်တော့ဘူး။ဒီလိုအခက် အခဲကို ဖြေရှင်းတဲ့နည်းကအားလုံးသိကြတဲ့နည်းဖြစ်တယ်ငရုတ်သီးကို နှစ်ပုံခွဲလိုက်မယ်တစ်ပုံကစပ်တယ်၊တစ်ပုံကမစပ်ဘူးဆိုပြီး ရောင်းရင် ဝယ်သူကသူ့စိတ်ကြိုက်တစ်ပုံရွေးလိမ့်မယ်။

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ဒါက အများသိတဲ့စာအုပ်ထဲမှာရေးထားတဲ့နည်းဖြစ်တယ်။တစ်နေ့မှာကျွန် တော်အားနေတာနဲ့ ငရုတ်သီးရောင်းသူဘေးမှာထိုင်ဒီအခက်အခဲကိုသူဘယ်လိုဖြေရှင်းမလဲဆိုပြီး စောင့်ကြည့်ခဲ့တယ်ပြီးတော့ဝယ်သူမရှိတဲ့အခိုက် ရောင်းသူကို လူတတ်ကြီးလုပ်ပြီး ကျွန်တော်သွားပြောလိုက်သေးတယ်။

အစ်မကြီးငရုတ်သီးကို နှစ်ပုံပုံလိုက်လေဝယ်သူကစပ်တာလိုချင်တယ်ဆိုရင်ဟိုတစ်ပုံကိုထိုးပြလိုက်၊မစပ်တာလိုချင်ရင်ဒီတစ်ပုံကိုထိုးပြလိုက်လုပ်ပေါ့ကျွန်တော်ပြောတာကို ရောင်းသူကနားထောင်ပြီးရယ်တယ်ပြီးတော့မလိုပါဘူးလို့ဆိုတယ်။အဲဒီမှာ ငရုတ်သီးဝယ်သူတစ်ယောက် ရောက်လာတယ်။

ထုံးစံအတိုင်းအစ်မကြီးအစ်မကြီးရဲ့ငရုတ်သီးကစပ်လားလို့မေးတယျ။ရောင်းသူအမျိုးသမီးကအရောင်တောက်တာစပ်တယ်၊အရောင်ဖျော့တာမစပ်ဘူးလို့ဆိုတယ်ဝယ်သူကသူကြိုက်တာကို ရွေးဝယ်ပြီးထွက်သွားခဲ့တယ်ဒီကနေ့ကဘာနေ့လို့ဆိုရမလဲလူတိုင်းကအရောင်ဖျော့တဲ့မစပ်ဘူးဆိုတဲ့ငရုတ်သီးကိုပဲ ရွေးဝယ်ခဲ့ကြတယ်။

တအောင့်ကြာတော့အရောင်ဖျော့ငရုတ်သီးတွေမရှိသလောက်ဖြစ်သွားတယ်အဲဒီမှာ ကျွန်တော်ကကျန်တဲ့ငရုတ်သီးတွေကို နှစ်ပုံခွဲလိုက်ပါမဟုတ်ရင် ရောင်းရခက်လိမ့်မယ်လို့ ပြောတော့ ရောင်းသူက ပြုံးပြုံးရယ်ရယ်နဲ့ ခေါင်းခါပြပြီး မလိုပါဘူးလို့ဆိုပြန်တယ်။ဝယ်သူတစ်ယောက် ရောက်လာပြန်တယ်

ငရုတ်သီးစပ်လားရောင်းသူက ကိုယ့်ငရုတ်သီးကိုကြည့်ပြီးအတောင့်ရှည်ကစပ်တယ်အတိုကမစပ်ဘူးလို့ဆိုတယ်။အဲဒီလိုနဲ့ရောင်းရင်ငရုတ်သီးအတောင့်တိုတွေပဲကျန်ခဲ့တော့တယ်နီနီရဲရဲငရုတ်သီးတောင့်တိုတွေကိုကြည့်ပြီးကျွန်တော်ဘာမှမပြောခဲ့တော့ဘူး။

အင်းဒီတစ်ကြိမ်တော့ သူဘာလုပ်လိမ့်မလဲလို့ပဲ စောင့်ကြည့်နေခဲ့တယ်။နောက်ဝယ်သူတစ်ယောက်ရောက်လာလို့ငရုတ်သီးစပ်လားလို့ မေးတဲ့အခါ ရောင်းသူကအခွံပျော့တာကစပ်တယ်မာတာကမစပ်ဘူးလို့ဆိုတယ် ရောင်းသူကိုကျွန်တော်စိတ်ထဲချီးကျူးမိတယ်။

တစ်နေကုန်နေလှန်းခံထားရတဲ့ငရုတ်သီးတချို့က ရေဓာတ်ခြောက်ပြီး ပျော့နေခဲ့ပြီ။ငရုတ်သီးတွေရောင်းကုန်သွားတော့ငရုတ်သီးရောင်းသူကထွက်မသွားခင်ကျွန်တော့်ကိုစကားတစ်ခွန်းပြောခဲ့တယ်။ရှင်ပြောတဲ့ငရုတ်သီးရောင်းနည်းကိုလူတိုင်းသိတယ်။

အဲကျွန်မရဲ့နည်းကိုတော့ကျွန်မကိုယ်တိုင်ပဲသိတယ်တဲ့ဘဝထဲကအသိဉာဏ်တွေကိုစာအဖြစ်ရေးဖွဲသီကုံးနိုင်ကြတယ်ဒါပေမယ့်စာအုပ်ထဲကအသိဉာဏ်အတိုင်းဘဝမှာလွယ်လွယ်ကူကူရှင်သန်လို့မရနိုင်ခဲ့ဘူးအကြောင်းကဘဝဆိုတာလှုပ်ရှားသက်ဝင်နေရတဲ့အရာမို့ ဖြစ်တယ်။

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ငရုတ်သီးရောင်းသူကြောင့်အသိဉာဏ်ထဲမှာစိတ်ကြီးဝင်ခြင်းတွေ ရောစပ်မနေပါစေနဲ့စိတ်ကြီးဝင်ခြင်းထဲမှာလည်းအသိဉာဏ်တွေကင်းမဲ့မနေပါစေနဲ့ ဆိုတဲ့အသိကိုကျွန်တော်ရလိုက်တော့တယ်Creditနိုင်းနိုင်းစနေ