ငါးကြီးကြီးလိုချင်ရင်ပင်လယ်ထဲကိုသွားပါဒါပေမယ့်မုန်တိုင်းတော့ရှိပါလိမ့်မယ်ဘဝကိုကြက်တူရွေးလိုမနေဘဲသိန်းငှက်လိုကျင့်ကြံပါကြက်တူရွေးကစကားတတ်ပေမဲ့အမြင့်မပျံနိုင်ဘူးသိန်းငှက်ကနူတ်ဆိတ်ပေမဲ့မိုးထိအောင်ပျံနိုင်တယ်

ကြိုးစားတဲ့လူတိုင်းကမအောင်မြင်ပါဘူးဒါပေမယ့်အောင်မြင်နေတဲ့ သူတိုင်းကကြိုးစားခဲ့ကြပါတယ်လမ်းပျောက်နေလို့စိတ်ဓာတ်မကျပါနဲ့ကိုယ်လျှောက်မယ့် လမ်းကကိုယ်တိုင်ဘဲ ဖောက်ရမှာပါလူ့သက်တမ်းကအကန့်သတ်ရှိတာမှန်ပါတယ်

ဒါပေမဲ့သင့်ကြိုးစားမှုရလဒ်ကတော့အကန့်သတ်မရှိပါဘူးအစိတ်စိတ်ကွဲနေတဲ့ဖန်ကွဲစကပြောတယ်ဖြစ်ပြီးမှနောင်တရနေရင်အလကားဘဲဘောပင်က ပြောတယ်မှင်ကုန်ရင် လွင့်ပစ်လိုက်ပါတဲ့မင်းအတွက်အသုံးမဝင်တာကိုသိမ်းမထားပါနဲ့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

တဲ့တံခါးပေါက်က ပြောတယ်ငါ့ကိုဖွင့်ပီးမင်းအောင်မြင်မှုလမ်းကြောင်းကိုရောက်အောင်သွားတဲ့မီးသီးကပြောတယ်ဘဝကို တောက်ပအောင်လုပ်ပါတဲ့ပြတင်းပေါက်က မြင်ရတဲ့လမင်းက ပြောတယ်ရည်မှန်းချက်ကို မြင့်မြင့်ထားတဲ့ပြက္ခဒိန်

ကပြောတယ်ကုန်လွန်သွားတဲ့ရက်စွဲတွေကနောက်ပြန်လှည့်လို့မရဘူးစာအုပ်တွေကပြောတယ်ဗဟုသုတကိုဝယ်လို့မရဘူးဖတ်ပြီးမှတ်လို့ဘဲရတယ်ဓားတစ်လက်ကပြောတယ်မသုံးဘဲထားရင်တုံးသွားလိမ့်မယ်တဲ့နာရီလေးကပြောတယ်

အချိန်ဆိုတာ နောက်ပြန်မရနိုင်ဘူးရေသန့်ဘူးက ပြောတယ်စိတ်ကိုကြည်လင်အောင်ထားဘဝကိုသန့်ရှင်းအောင်နေတဲ့ပိုက်ဆံလေးကပြောတယ်များများသုံးချင်ရင်များများရှာတဲ့အားလုံးဘဲဘဝမှာအဆင်ပြေကြပါစေရှင်သုနန္ဒ