မိန်းကလေးတစ်ယောက်တကယ်စိတ်နာသွားပြီဆိုရင်အချစ်ကြီးရင်အမျက်ကြီးတယ်ဆိုတဲ့စကားကအမှန်တကယ်ဖြစ်နိုင်ပါတယ်။အထူးသဖြင့်မိန်းမသားတွေအတွက်ပိုမှန်နိုင်ပါတယ်။ဘာလို့ဆိုအချစ်ကြီးတဲ့မိန်းမသားတွေဟာသူတို့ချစ်မိတဲ့သူအတွက်ဘာမဆိုပေးဆပ်ဖို့ဝန်မလေးသလို၊
သူတို့အချစ်ကိုတန်ဖိုးမထားဘဲနာကျင်အောင်လုပ်ရင်တော့လုံးဝလှည့်မကြည့်တော့ပဲကျောခိုင်းသွားတတ်လို့ပါပဲအချစ်ကြီးတဲ့မိန်းမတစ်ယောက်ဟာအရှုံးပေးရတယ်လို့မတွေးဘူးချစ်မိသွားပြီဆိုရင်ကိုယ်ချစ်တဲ့သူကရောကိုယ်ချစ်သလောက်ကိုယ့်ကိုချစ်ရဲ့လားတကယ်ရောချစ်ရဲ့လားဆိုတာကိုသံသယဖြစ်တတ်ကြပြီး
ကိုယ်ချစ်သလောက်ကိုယ့်ကိုမချစ်ဘူးလို့ထင်တဲ့အခါအရှုံးသမားလိုခံစားရပါတယ်အချစ်ကြီးတဲ့သူတွေကတော့ဒီလိုမဟုတ်ပါဘူးသူ့ဘက်ကကိုယ့်လောက်ချစ်သည်ဖြစ်စေ၊မချစ်သည်ဖြစ်စေကိုယ်ကအကောင်းဆုံးချစ်သွားပြီးပေးဆပ်တတ်ပါတယ်။ အဲ့ဒါကိုရှုံးတယ်လို့လည်းမတွေးပါဘူး။မျှော်လင့်ချက်အနည်းဆုံးထားတယ်
ကိုယ့်ဘက်ကအကောင်းဆုံးတွေကိုပဲပေးလို့သူ့ဆီကဘာတွေပြန်ရရမယ်ဆိုတဲ့စိတ်မျိုးမထားဘူး။ဒီချစ်ခြင်းနဲ့ပတ်သက်လို့ မျှော်လင့်ချက်ကိုအနည်းဆုံးပဲထားထားတယ်။အကြိမ်ကြိမ်ခွင့်လွှတ်နိုင်တယ်အမှားတွေခဏခဏလုပ်ပေမယ့်ကိုယ့်ကိုစိတ်ပျက်စေမယ့်အပြုအမူတွေလုပ်ပေမယ့်အကြိမ်ကြိမ်ခွင့်လွှတ်ပေး၊
နားလည်ပေးနိုင်တာလည်းအချစ်ကြီးချစ်ကြသူတွေပဲဖြစ်ပါတယ်။အကောင်းဆုံးတွေကိုသာပေးချင်တယ်သူနဲ့ချစ်နေတဲ့အချိန်မှာအရှုံးအမြတ်တွက်တာတွေမရှိဘဲကိုယ့်ဘက်ကအကောင်းဆုံးဘာတွေပေးနိုင်မလဲဆိုတာကိုပဲတွေးတယ်ကိုယ်တတ်နိုင်တာတွေရဲ့အကောင်းဆုံးတွေကိုပဲပေးတတ်တယ်။စိတ်နာသွားရင်တော့ဘာကြီးပဲဖြစ်နေနေလှည့်မကြည့်တော့ဘူး
အချစ်ကြီးတဲ့သူတွေဟာကိုယ့်ဘက်ကအကောင်းဆုံးကိုပေးချင်တယ်၊ဘာပြန်ရရမယ်ဆိုတဲ့မျှော်လင့်ချက်အနည်းဆုံးထားတတ်တယ်၊အမှားလုပ်ရင်လည်းအကြိမ်ကြိမ်ခွင့်လွှတ်ပေးတယ်ဒါပေမယ့်သူတို့ကိုစိတ်နာသွားအောင်လုပ်ရင်တော့သင်ဘာကြီးပဲဖြစ်နေဖြစ်နေလုံးဝကိုလှည့်ကြည့်တော့မှာမဟုတ်ပါဘူးနော် ။ခရက်ဒစ် – PP
LEAVE A REPLY
Please enter your comment!
Please enter your name here