မိန်းကလေးတွေလုံးဝမကြိုက်တဲ့ကောင်လေးတွေရဲ့အကျင့်ဆိုး(၅)ခုမိန်းကလေးတွေကခံစားမှုကိုဦးစားပေးတတ်တဲ့သူမျိုးတွေဖြစ်ကြပါတယ်။ချစ်မိပြီဆိုရင်တော့ဘာမှအပြစ်မမြင်ဘဲချစ်ပေးတတ်ကြတာလည်း မိန်းကလေးတွေပါပဲ။ဒါပေမယ့်လည်းမိန်းကလေးတွေမှာယောင်္ကျားလေးတွေနဲ့ပတ်သတ်ပြီးမနှစ်မြို့တဲ့ အချက်တွေရှိလို့နေပါတယ်။
ယောင်္ကျားလေးတွေမှာရှိနေတတ်တဲ့ဒီအကျင့်ဆိုးတွေကိုတော့မိန်းကလေးတွေကလုံးဝမနှစ်သက်သဘောမကျတတ်ကြပါဘူး။(၁)တစ်ကိုယ်ကောင်းဆန်လွန်းတာမိန်းကလေးတွေကတစ်ကိုယ်ကောင်းဆန်လွန်းတဲ့သူတွေကိုသဘောမကျတတ်ကြပါဘူး။တစ်ကိုယ်ကောင်းဆန်တဲ့သူတွေကမိန်းကလေးတွေကိုစိတ်ရော
ကိုယ်ပါပင်ပန်းစေတဲ့သူမျိုးဖြစ်ပါတယ်။ဒါ့အပြင်မိသားစုဘဝမှာလည်းမိသားစုအရေးကိုခေါင်းထဲသိပ်မထည့်ကြသူတွေလည်းဖြစ်နေတာမို့မိန်းကလေးတွေကမနှစ်သက်ကြပါဘူး။(၂) မချစ်ပြတတ်တာချစ်တယ်ဆိုတာ တကူးတကပြစရာမဟုတ်ဘဲချစ်ကြောင်းကိုအပြုအမူတွေကနေလည်းသိနိုင်ပါတယ်။
ချစ်မပြတတ်ဘူးလို့ပြောတဲ့ကောင်လေးတွေကတကယ်တမ်းချစ်တဲ့သူတွေနဲ့ဆုံတဲ့အခါမှာအပြူအမူတွေက ချစ်နေမှန်းသိသာနေရတတ်ပါတယ်။ဒါကြောင့်ချစ်မပြတတ်ဘူးဆိုတဲ့ကောင်လေးတွေကိုလည်းမိန်းကလေးတွေကလက်တွဲဖော်အနေနဲ့ဆိုရင်သဘောမကျတတ်ကြပါဘူး။
(၃)ဖွန်ကြောင်တာမိန်းကလေးတွေအနေနဲ့ကိုယ်ချစ်တဲ့သူကိုချစ်ကြောင်းဝန်ခံတာမျိုးကိုသိပ်သဘောကျတတ်ပါတယ်ဒါပေမယ့်လည်းမိန်းကလေးတွေကိုဖွန်ကြောင်တတ်တဲ့အီစီကလီလုပ်တတ်တဲ့ကောင်လေးတွေကိုတော့လုံးဝသဘောမကျတတ်ပါဘူး။ဒီလိုလူမျိုးကကိုယ်နဲ့ချစ်သူဖြစ်တဲ့အချိန်နဲ့အိမ်ထောင်ဖက်ဖြစ်လာတဲ့အချိန်မှာတောင်မှ
ဒီအကျင့်ဆိုးကိုဆက်လုပ်နေတတ်လို့မိန်းကလေးတွေကဒီလိုလူမျိုးတွေကိုမနှစ်သက်ရတာပဲဖြစ်ပါတယ်။(၄)တာဝန်ယူစိတ်မရှိတာမိန်းကလေးတွေအမုန်းဆုံးယောင်္ကျားတွေကတော့တာဝန်ယူတတ်တဲ့စိတ်မရှိတဲ့ကောင်လေးတွေပဲဖြစ်ပါတယ်။ကိုယ်လုပ်ထားလို့ဖြစ်လာတဲ့အရာတစ်ခုကိုတာဝန်မယူဘဲမရင်ဆိုင်ဘဲရှောင်ပြေးတတ်တဲ့သူမျိုးကမိန်းကလေး
တွေရဲ့လက်တွဲဖော်ကောင်းဖြစ်ဖို့မထိုက်တန်ပါဘူးနော်။ဒါကြောင့်လည်းမိန်းကလေးတွေကဒီလိုအကျင့်ရှိတဲ့သူတွေကိုဘယ်တော့မှလက်တွဲဖော်ဖြစ်ဖို့မစဉ်းစားတတ်ကြပါဘူး။(၅)ကြိုးစားအားထုတ်မှုမရှိတဲ့သူမျိုးဘယ်တော့မှဘာကိုမှမကြိုးစားတတ်တဲ့အကျင့်ရှိသူတွေကလည်းသိပ်ကို ခက်ပါတယ်။အကြောင်းပြတာတွေများပြီးဘဝအတွက်မိသားစု
အတွက်၊ကိုယ့်အတွက်တောင်မကြိုးစားကြတဲ့ အကျင့်ရှိနေတဲ့ယောင်္ကျားလေးတွေကိုလည်းမိန်းကလေးတွေကမကြိုက်ကြပါဘူး။ဘဝမှာကြိုးစားမှုရှိမှရပ်တည်လို့ရမှာဖြစ်ပြီးတခြားသူကိုဝန်မပိစေမှာဖြစ်လို့ဒီလိုအကျင့်ရှိတဲ့ယောင်္ကျားလေးတွေကိုမိန်းကလေးတွေကလှည့်တောင်မကြည့်ချင်တတ်ကြပါဘူး။ခရစ်တစ်
LEAVE A REPLY
Please enter your comment!
Please enter your name here