မိန်းကလေးများအတွက်ယောင်္ကျားဆိုးနှင့်တွေ့နိုင်သောလက္ခဏာမိန်းမအပေါ် သစ္စာမရှိသူ၊ရိုက်နှက်သူ၊ငွေအသုံးကြမ်းသူစသည်ဖြင့်မိန်းမဖြစ်သူကိုစိတ်ဆင်းရဲအောင်လုပ်သောယောင်္ကျားတွေရှိပါတယ်။မိန်းကလေးတွေမှာလည်းသူ့မှာကျွန်မမှမရှိရင်မဖြစ်ဘူး။သူကလူတော်ပါလို့ပတ်ဝန်းကျင်ကအမြင်ကိုဆန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ်။
အမြင်မှန်ကိုမရချိန်အထိပတ်ဝန်းကျင်ကဘယ်လိုပဲနားချနားထောင်မှာမဟုတ်ပါ။ဘာကြောင့်လဲဆိုတော့ အချစ်ကြောင့်ပါ။ဒီတစ်ခေါက်တော့ယောင်္ကျားဆိုးနဲ့တွေ့နိုင်ချေရှိသောလက္ခဏာဟာဘယ်လိုဖြစ်မလဲဆိုတာကိုဖော်ပြလိုက်ပါတယ် ။၁.လက်သန်းအောက်ကနေလက်ညှိုးအထိရှိသောလမ်းကြောင်းပထမဆုံးလက်ကိုဖြန့်ကြည့်လိုက်ပါ။
လက်သန်းအောက်ကနေလက်ညှိုးအထိသွားသောလက္ခဏာလမ်းကြောင်းရှိပါလိမ့်မယ်။ဒီလမ်းကြောင်းကိုတော့မေတ္တာလမ်းကြောင်းလို့ခေါ်ပြီးလက္ခဏာပိုင်ရှင်ရဲ့စိတ်အနေအထား၊အချစ်ရေးတို့ကို ကြည့်နိုင်ပါတယ်။ကဲပရိသတ်ကြီးရဲ့လက္ခဏာကကောဘယ်လိုရှိနေသလဲဆိုတာကိုကြည့်လိုက်ကြရအောင်နော်။
အကယ်၍မေတ္တာလမ်းကြောင်းဟာလက်ညှိုးအောက်တွင်အောက်သို့ထိုးကျနေရင်တော့သင်ဟာအချစ်အတွက်မျက် စိမရှိသူဖြစ်ပါလိမ့်မယ်။တစ်ယောက်ယောက်ကိုကြိုက်ပြီဆိုရင်ဘာကိုမှမမြင်တော့ပါပတ်ဝန်းကျင်ကကန့်ကွက်ရင်လည်းဂရုမစိုက်ပါ။မေတ္တာလမ်းကြောင်းမှာပုံအတိုင်း ကျွန်းခံနေရင်တော့ ပိုပြီးသတိထားပါ။
ယောင်္ကျားဆိုးတွေကမဖိတ်ပဲကိုယ့်အနားကို ရောက်လာနိုင်ပါတယ်။၂.ယောင်္ကျားဆိုးနဲ့မတွေ့အောင် လက္ခဏာပြောင်းအောင်လုပ်နည်းယောင်္ကျားဆိုးနဲ့ မတွေ့အောင်ကိုယ့်ရဲ့လက္ခဏာကိုပြောင်းအောင် လက္ခဏာလမ်းကြောင်းကိုထပ်ဆွဲလို့ရပါတယ်။လိုအပ်သောအရားပန်းရောင်ဘောပင်ပန်းရောင်ဘောပင်နဲ့ မေတ္တာလမ်းကြောင်းကိုထပ်ဆွဲလိုက်ပါ။
လက်ညှိုးနားရောက်ရင်တော့တောင်ပြေပြေလေးဖြစ်အောင်ဆက်ပြီးပြင်ဆွဲလိုက်ပါ။မေတ္တာလမ်းကြောင်းကိုပြောင်းဆွဲသောကြောင့်ဖြတ်ဉာဏ်ပိုပြီးကောင်းလာမှာပါ။ဖြတ်ဉာဏ်ကောင်းလာတဲ့အတွက်ယောင်္ကျားတွေကိုသေသေချာချာခွဲခြားသိရှိနိုင်ပါတယ်
ယောင်္ကျားဆိုးဆိုတာကအပြင်ပိုင်းကကြည့်ရင်တော့ကြိုက်စရာကောင်းပင်မဲ့မျက်နှာဖုံးချွတ်လိုက်ရင်တော့ ဘီလူးဖြစ်နေတတ်ပါတယ်။ဗေဒင်ဖြစ်ကကြောင့်အမှန်တကယ်ဖြစ်မယ်လို့မဆိုလိုပါ။စာဖတ်ပရိသတ်ကြီး ပျော်ရွှင်စေရန်ရည်မှန်းလျက်တင်ပြလိုက်ပါတယ်။ခရက်တစ်ပါ
LEAVE A REPLY
Please enter your comment!
Please enter your name here