မိန်းမတွေကိုလိမ်ရင်နောက်ဆုံးမှာလိမ်တဲ့ယောကျာ်းတွေပဲနောင်တရရတာပါဘာလို့လဲဆိုတော့ယောကျာ်းတွေအများစုဟာတစ်ခုခုဆိုသူတို့ချစ်သူ၊အိမ်ထောင်ဖက်မသိအောင်လုပ်လိုက်မဟဲ့ဆိုပြီးလိမ်တတ်၊ဘတ်တတ်ကြပါတယ်။သူတို့ဒီလိုလိမ်တာကိုလည်းမိန်းမတွေမသိနိုင်ဘူးလို့ထင်ပြီးသူတို့ကိုယ်သူတို့အဟုတ်ကြီးထင်နေတတ်ပါတယ်။
တကယ်တမ်းတော့မိန်းမတွေဆိုတာလိမ်ဖို့ဘတ်ဖို့လုံးဝမလွယ်တဲ့သူတွေပါ။ သူတိုကိုလုံးဝမလိမ်သင့်ဘူးဆိုတာဒီအကြောင်းရင်းတွေကြောင့်ပါ။လူကိုကြည့်လိုက်ရုံနဲ့အမှန်ပြောနေတာလားလိမ်နေတာလားသိနိုင်တယ်သင့်ရဲ့ချစ်သူဒါမှမဟုတ် ဇနီးကသင့်အပေါ်သံသယစိတ်နဲ့တစ်ခုခုကိုမေးလာတဲ့အခါလိမ်ပြောဖို့မစဉ်းစားပါနဲ့။
သူတို့တွေသံသယဝင်တယ်ဆိုကတည်းကသင့်မှာသံသယဖြစ်စရာအနေအထားမျိုးတွေတွေ့နေရလို့ဖြစ်ပြီးပါးစပ်ကနေထုတ်မေးလာပြီဆိုရင်သူတို့မှာသိထားတာတစ်ခုခုရှိနေလိုလည်းဖြစ်နိုင်ပါတယ်။ပြီးတော့ သင်စကားတစ်ခွန်းပြောလိုက်တာနဲ့ သင့်ရဲ့လေသံနဲ့စကားလုံးအသုံးအနှုန်းကိုကြည့်ပြီး သင်လိမ်နေတာလား၊
အမှန်ပြောနေတာလားဆိုတာတန်းသိနိုင်ကြပါတယ်မိန်းမတွေကမကောင်းတဲ့အငွေ့အသက်တွေကိုခံစားနိုင်တယ်ယောကျာ်းတွေကအရာရာကိုအမှုမဲ့အမှတ်မဲ့နေတတ်ပြီးကိုယ်လုပ်နေတဲ့အလုပ်တစ်ခုတည်းကိုပဲအာရုံ စိုက်နိုင်တဲ့အချိန်မှာမိန်းမတွေကကိုယ့်အလုပ်အပြင်ပြင်ပကအနေအထားတွေကိုလည်း အမြဲမပြတ်သတိထားမိနေတတ်ပါတယ်။
ဒါကြောင့်သူတို့ဘေးကလူတွေမှာဘာတွေအပြောင်းအလဲဖြစ်နေလဲဆိုတာကိုအကဲခတ်နိုင်ပါတယ်။ထူးသဖြင့်မကောင်းတဲ့အငွေ့အသက်တွေကိုပိုပြီး ခံစားသိနေနိုင်ပါတယ်။သင်တစ်ခုခုအမှား လုပ်ထားရင် အလိုလို သိနေတယ်ကိုယ့်ပတ်ဝန်းကျင်မှာ ပုံမှန်မဟုတ်တဲ့အနေအထားတစ်ခု၊
အဲ့ဒါကလည်းမကောင်းတဲ့အရာတစ်ခုဖြစ်နေတယ်ဆိုတာကိုခံစားသိနိုင်တာကြောင့်သူတို့ချစ်သူအိမ်ထောင် ဖက်မဟုတ်တာတစ်ခုခုလုပ်ထားလားဒါမှမဟုတ်အဆင်မပြေမှုပြဿနာတစ်ခုခုကြုံနေရလားဆိုတာအလိုလိုသိနေတတ်ပါတယ်။သူတို့သိသမျှအားလုံးကို ထုတ်မပြောဘူးမိန်းမတွေဟာ သူတို့ချစ်သူ၊
အိမ်ထောင်ဖက်နဲ့ပတ်သက်လို့အမြဲမပြတ်သတိ ရှိနေတတ်ပြီး စိတ်ထဲမှာသံသယဝင်လာတာနဲ့ သူတို့သိချင်တာကိုမသိရမချင်းစုံစမ်းတတ်ကြပါတယ်။တစ်ခုခုသိလာရင်လည်းအဲ့ဒါကိုထုတ်မပြောတတ်ဘဲသူတိုနည်းသူတို့ဟန်နဲ့ဖြေရှင်းတတ်ကြပါတယ်။
နာက်ဆုံးဘယ်လိုမှမတတ်နိုင်တော့မှထုတ်ပြောတတ် ကြတာပါ ။ဒါကြောင့်ယောကျာ်းတွေဟာ မိန်းမတွေကို ဘာမှမသိပါဘူးကွာဆိုပြီးလိမ်ဖို့ဘတ်ဖို့မစဉ်းစားပါနဲ့။အဲ့လိုလိမ်ပြီးရင် နောက်ဆုံးမ၏ နောင်တရတာကယာကျာ်းတွေပဲ ဖြစ်နေတတ်လို့ပါခရက်ဒစ်