မိန်းကလေးတစ်ယောက်သွက်လက်ထက်မြက်တာလား၊ရွတာလားဆိုတာဒီလိုခွဲခြားနိုင်ပါတယ်လူတော်တော်များများဟာမိန်းကလေးတစ်ယောက်ကိုသွက်လက်ထက်မြက်တာလား

ရွတာလာဆိုတာကွဲကွဲပြားပြားမသိကြပါဘူးဒါကြောင့်မို့လို့ မိန်းကလေးတစ်ယောက်အရမ်းသွက်တယ်လူမှုပေါင်းသင်းဆက်ဆံရေးကောင်းတယ်ဆိုရင်ရွတယ်လို့ခေါင်းစဉ်တပ်

ပစ်လိုက်ကြပါတယ်ခုဖော်ပြပေးမှာကတော့သွက်လက်ထက်
မြက်တာလားရွတာလားဆိုတာကိုခွဲခြားနိုင်မယ့်နည်းလမ်းလေးတွေပဲဖြစ်ပါတယ်(၁)ပွင့်လင်းတယ်သွက်လက်ထက်

မြက်တဲ့မိန်းကလေးတွေဟာပွင့်ပွင့်လင်းလင်းသမားတွေပါလူတစ်ယောက်ကိုချောရင်ချောတယ်မိုက်ရင်မိုက်တယ်ဆိုပြီးစိတ်သန့်သန့်နဲ့ ထုတ်ဖော်ပြောတတ်သူတွေဖြစ်ပြီးသူတို့အရှေ့

ကိုရောက်ရင်လည်းအိန္ဒြေရရတည်တည်ငြိမ်ငြိမ်ပဲနေကြပါတယ်ရွတဲ့မိန်းကလေးတွေကတော့သူတို့ကြိုက်တဲ့သုဒါမှမ
ဟုတ်ချောတဲ့ကောင်လေးတွေရှေ့ရောက်ရင်အသံမျိုးစုံပေး

ပြီးသူတို့ရဲ့အာရုံစိုက်မှုကို ရယူဖို့ ကြိုးစားကြပါတယ်
(၂)မျက်လုံးမကစားဘူးသွက်လက်ထက်မြက်တဲ့မိန်းကလေးတွေဆိုတာတစ်ခုခုကိုအာရုံစိုက်ရမယ့်အချိန်ဥပမာစာသင်နေ

တဲ့အချိန်တွေမှာအပြည့်အဝအာရုံစိုက်သလို၊မေးစရာမေးခွန်းတွေလည်းရှိနေတတ်ပါတယ်မျက်လုံးလည်းမကစားကြပါဘူးဒါပေမယ့်ရွတဲ့မိန်းကလေးတွေကတော့ဟိုကြည့်သည်ကြည့်

သူတို့ရဲ့အာရုံကယောကျားလေးတွေဆီမှာပဲရှိနေတတ်သလို၊ ကောင်လေးတွေကလွဲပြီးဘာကိုမှစိတ်မဝင်စားကြပါဘူး
(၃)ပေါင်းသင်းဆက်ဆံရာမှာသွက်လက်ထက်မြက်တဲ့

မိန်းကလေးတွေဟာလူကိုလူလို့ပဲမြင်တတ်ကြသလိုယောကျ်ားလေးမှမဟုတ်၊ယမိန်းကလေးမှမဟုတ်ပဲအားလုံးကို
တန်းတူညီတူခင်မင်ဆက်ဆံတတ်ကြသူတွေပါဒါပေမယ့်

ရွတဲ့သူတွေကတော့မိန်းကလေးအချင်းချင်းပြိုင်ဆိုင်မနာလိုတတ်ကြပေမယ့်ယောကျ်ားလေးတွေဆီမှာတော့သူမတူ
အောင်စေတနာရေစီးတွေယိုဖိတ်နေတတ်သူတွေပါ

(၄)အနေအထိုင်သွက်လက်ထက်မြက်တဲ့မိန်းကလေးတွေဟာ လုပ်စရာရှိတာကူညီစရာရှိတာတွေကိုသွက်သွက်လက်လက် ကူညီတတ်ကြသလိုဘယ်လိုအရာမျိုးပဲဖြစ်ဖြစ်သင်ယူလုပ်

ကိုင်လိုစိတ်ရှရွတဲ့မိန်းကလေးတွေရွတဲ့မိန်းကလေးတွေက
တော့အလှမပျက်နေထိုင်ရတာကိုကြိုက်သလိုယောကျ်ားလေးတွေနားမှာပဲ ရစ်သီရစ်သီလုပ်နေတတ်ကြပါတယ်

တစ်ခုခုလုပ်ပြီဆိုရင်လည်းယောကျ်ားလေးတွေရှေ့မှာထင်ထင်ပေါ်ပေါ်ဖြစ်ရတာကိုကြိုက်သူတွေပါ(၅)ပျော်ပျော်နေတတ်တယ်သွက်လက်ထက်မြက်တဲ့မိန်းကလေးတွေဟာ

လူတိုင်းနဲ့တည့်သလိုရောက်တဲ့နေရာတိုင်းမှာပျော်တတ်ကြပါတယ်သူငယ်ချင်းတွေနဲ့ခင်ခင်မင်မင်ပျော်ပျော်ရွှင်ရွှင်နေရတာကိုကြိုက်သလိုပေါင်းသင်းဆက်ဆံရေးအထူးကောင်းမွန်

ကြပါတယ်ဒါပေမယ့်ရွတဲ့မိန်းကလေးတွေကတော့ယောကျ်ားလေးတွေနားမှာပဲရှိနေတတ်ကြပါတယ်ယောကျ်ားလေးတွေဆီမှာသဘောကောင်းမနောကောင်းအပြောချိုသလောက်သူငယ်ချင်းတွေဆီမှာတော့နည်းနည်းလေးမှအကျောမခံသူတွေပါCredit-auntymay