မိန်းမတွေရဲ့စိတ်ကိုနားမလည်တဲ့ယောက်ျားလေးများဖတ်ဖို့
မိန်းမတစ်ယောက်ကယောကျာ်းတစ်ယောက်ကိုအမှန်တကယ်ချစ်တဲ့အတွက်သာထိုယောကျာ်းနဲ့တစ်ဘဝသာဖြတ်သန်းဖို့

အတွက်လက်ထပ်လိုက်ကြတာပါလက်ထပ်လိုက်တဲ့အခါသူမအပျိုဘဝကဝတ်ခဲ့တဲ့ဒေါက်မြင့်ဖိနပ်ကိုလည်းချွတ်ချသွားနိုင်ပြီးဖိနပ်ပါးလေးနဲ့လည်းလမ်းကြမ်းကြမ်းမှာလျှောက်ရဲပါ

တယ်မျက်နှာပြင်မှာမိတ်ကပ်မရှိနှုတ်ခမ်းနီလည်းမရှိပဲအဆီတဝင်းဝင်းနဲ့မီးဖိုချောင်ထဲမှာတကုပ်ကုပ်အလုပ်ရှုပ်ရင်းသူမရဲ့ယောကျာ်းအိမ်ပြန်လာချိန်ကိုထမင်းဝိုင်းပြင်ပြီးစောင့်မျှော်

နေမိပါလိမ့်မယ်လက်မထပ်ခင်က အိမ်ကမင်းသမီးတစ်ပါးလို ဖူးဖူးမှုတ်ခံခဲ့ရပြီးဘာမှမလုပ်တတ်ခဲ့ရင်တောင်သူမရဲ့ယော
ကျာ်းကိုချစ်တဲ့အတွက်အိမ်အလုပ်တွေကိုသင်ယူပြီးအိမ်ဖေါ်

တစ်ယောက်လိုကျိုးနွံစွာပြုစုကြပါလိမ့်မယ်သူမဟာခဝါ
သည်တစ်ယောက် မဟုတ်ပေမဲ့သူမချစ်တဲ့ယောကျာ်းရဲ့အဝတ်စားကိုကိုယ်တိုင်ကိုယ်ကျလျှော်ဖွတ်မီးပူတိုက်ပြင်ဆင်

ပေးပါလိမ့်မယ်အပျိုဘဝက ဝမှာစိုးလို့ ထိန်းထိန်းသိမ်းသိမ်းပြုစုဂရုစိုက်ခဲ့တဲ့ပိန်သွယ်နေတဲ့ခန္ဓာကိုယ်ကိုတောင်ပုံပျက်သွားမှာကိုလည်း မမှုပဲသူချစ်တဲ့ယောကျာ်းအတွက်သားသမီး

ရတနာလေးတွေမွေးဖွားပေးပါလိမ့်မယ်နာနီတစ်ယောက်လို လခတွေမရပေမဲ့လည်းသူမချစ်တဲ့ယောကျာ်းနဲ့မွေးဖွားလားတဲ့ရင်သွေးအတွက်နေ့မအိပ်ညမအိပ်ပိုးမွေးသလိုကျွေးမွေး

စောင့်ရှောက်ပေးပါလိမ့်မယ်သားသမီးတွေကိုထိန်းကျောင်းရင်းအလှပြင်ချိန်မရှိတော့လို့သူများမိန်းမတွေလောက်မလှတော့ပေမဲ့သူမချစ်တဲ့ယောကျာ်းနဲ့ကလေးတွေအတွက်

ကျေနပ်နေမိတာကမိန်းမတွေပါမိန်းမတွေဒီလိုအစွန့်လွှတ်အနစ်နာခံပေးလိုက်ရတာကသူမတို့မှာယောကျာ်းရှားလို့မဟုတ်ပါဘူးသူမချစ်တဲ့ယောကျာ်းတစ်ဦးတစ်ယောက်

အတွက်သာဒီလိုမျိုးဆောင်ရွက်အနစ်နာခံပေးနိုင်တာပါ
ဒါကိုမှပုံပျက်လို့မလှတော့လို့အိုလာလို့တခြားကောင်မလေးတွေလောက်မလှတော့လို့စိတ်ကုန်သွားမယ်ဆိုရင်သင်ဟာ
ဘယ်လိုယောက်ျားမျိုးဖြစ်သွားမလဲဆိုတာကိုယ်တိုင်သာတွေးကြည့်လိုက်ပါ