သားဖြစ်သူဂရုတစိုက်နဲ့မွေးထားတဲ့နှစ်သိန်းကျော်တန်ငါးကို ကြော်စားပစ်တဲ့ဖခင်သားဖြစ်သူမွေးထားတဲ့သိန်းကျော်တန်ငါးကို ကြော်စားပစ်တဲ့ဖခင်ကိုယ်တန်ဖိုးထားပြီးအချိန်အတော်ကြာ မွေးထားရတဲ့ငါးကိုမိသားစုဝင်တစ်ယောက်က
ကြော်စားပစ်လိုက်တယ်ဆိုတဲ့ခံစားချက်ကိုငါးမွေးသူတွေပဲနားလည်တတ်မှာပါဒီတစ်ခေါက်မှာလည်းအင်ဒိုနီးရှားနိုင်ငံမှာ နေထိုင်တဲ့Bayuအမည်ရှိတဲ့အမျိုးသားဟာ သူ့ရဲ့အဖြစ်အပျက်ကိုပြန်လည်ဝေမျှခဲ့ပါတယ်အဖြစ်အပျက်
ကတော့Bayuဟာအသက်၎နှစ်အရွယ်Arowanaအမျိုးအစားငါးကို800,000ရူပီးယား(မြန်မာငွေ ၈ သောင်းကျော်တန်ဖိုးရှိတဲ့ငါးတစ်ကောင်ကိုဝယ်ယူပြီးနောက်သူနဲ့အတူ၂ နှစ်ခန့် မွေးထားခဲ့ပါတယ်သို့ပေမဲ့လည်း
တစ်ရက်မှာတော့Bayuဟာသူ၏ငါးကန်ဟာအတော်လေးသေးနေလို့ဆိုပြီး ငါးကိုသူ၏မိဘအိမ်ဆီသို့ယူဆောင်ပြီးငါးကန်အကျယ်လေးမှာ ပြောင်းရွှေ့ပေးခဲ့ပါတယ်Bayuရဲ့ဖခင်ဖြစ်သူမှာတော့ငါးကိုလုံးဝဂရုမစိုက်ခဲ့ပါဘူးArowana
ငါးဟာပုံမှန်ဆိုရင်ပုရစ်ကောင်နှင့်ကင်းခြေများတို့ကိုစားလေ့ရှိပေမဲ့လည်းBayuရဲ့ဖခင်ဟာငါးကိုအိမ်မြောင်တွေသာအမြဲကျွေးခဲ့ပါတယ်ထို့ကြောင့်ငါးရဲ့ကျန်းမာရေးအခြေအနေဟာဆိုးဝါးလာခဲ့ပြီးနောက်ပိုင်း
ငါးလေးရဲ့မျက်လုံးဟာမမြင်ရတော့ပါဘူးငါးရဲ့မျက်လုံးပြန်မြင်အောင်Bayu ဟာငါးကိုဆေးခန်းသို့ ခေါ်ဆောင်သွားခဲ့ပါသေးတယ်တစ်ရက်မှာတော့Bayu ရဲ့ညီငယ်တစ်ယောက်ဟာဖခင်ဖြစ်သူကအဆိုပါငါးလေးကို
ကြော်စားနေတဲ့ဓာတ်ပုံကိုပို့လာခဲ့ပါတယ်အဆိုပါဓာတ်ပုံကို မြင်လိုက်ချိန်မှာBayu ဟာအတော်စိတ်ဆိုးဒေါသထွက်ခဲ့ပေမဲ့လည်းငါးလေးသေသွားပြီဆိုတာကိုလက်ခံခဲ့ရပါတော့တယ်အဆိုပါငါးကြော်ကိုတော့သူ၏ဖခင်တစ်ဦးတည်းကသာ
စားခဲ့ပါတယ်ယခုချိန်မှာတော့အဆိုပါငါး၏ပေါက်ဈေးမှာ မြန်မာငွေ၂သိန်းကျော်ခန့်ရှိနေပြီဖြစ်ပြီးBayuကတော့ ပြန်ရောင်းဖို့မွေးမြူခဲ့တာမဟုတ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်