မောင်နှမအချင်းချင်းသင့်မြတ်ချစ်ခင်အောင်ငယ်စဉ်တည်းကဘယ်လိုပျိုးထောင်မလဲမိသားစုတခုမှာ အဖေအမေတူညီစွာမွေးဖွားလာပီးတမိုးအောက်မှာအတူနေကြီးပြင်းလာတဲ့ကလေးတွေကိုမောင်နှမလို့သတ်မှတ်ကြပါတယ်မိသားစုတခုမှာ

မိဘတွေကအရေးပါသလို မောင်နှမအချင်းချင်းသင့်မြတ်ဖို့ကလည်းအရေးကြီးပါသေးတယ်။မောင်နှမတွေသင့်မြတ်တဲ့မိသားစုကပျော်စရာကောင်းပီးမသင့်မမြတ်ဖြစ်နေရင်စိတ်ဆင်းရဲရပီးပျော်စရာမကောင်းတော့ပါဘူး

မိသားစုတခုမွာကေလးတစ္ေယာက္ထက္မ်ားလာတဲ့အခါေမာင္ႏွမ၊ညီအမအချင်းချင်းပြိုင်ဆိုင်မှုကအဖြစ်များပါတယ်။သူတို့ဟာအခုအတူတူဆော့ကစားနေပေမယ့်ခဏနေရင်ရန်ဖြစ်နိုင်ပါတယ်အရေးကြီးဝာာက/ကလေးတွေငယ်စဉ်

ကတည်းက မောင်နှမအချင်းချင်းပြိုင်ဆိုင်လိုစိတ်၊မနာလိုစိတ် တွေနည်းပီးတဦးကိုတဦးချစ်ခင်တွယ်တာအောင်၊ဖေးမေကူညီစောင့်ရှောက်တတ်အောင်၊အကြီးကိုရိုသေပီးငယ်သူကိုသနားလေးစားတတ်အောင် ပျိုးထောင်နိုင်ခြင်းကမိဘတွေရဲ့အရေးကြီးတဲ့အခန်းကဏ္ဏမှာပါဝင်နေပါတယ်။

ကလေးအချင်းချင်းရန်ဖြစ်တဲ့အခါတချို့စိတ်လိုက်မာန်ပါပြုမိပြောမိတတ်သလို၊တချို့ကဒီအတိုင်းကြည့်ပီးဘာလုပ်ရမှန်းမသိစိတ်ညစ်နေရတတ်ပါတယ်ငယ်စဉ်ကတည်းကထိန်းကျောင်းပြုပြင်မှသာမိသားစုတခုကအမြဲစိတ်ချမ်းသာရမှာပါ

အောက်ပါနည်းလမ်းတွေကိုသိထားရင်အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်ကလေးတွေစကားများနေရင်ဝင်မပါသေးပဲစောင့်ကြည့်ပါကလေးတွေကြားထဲမှာစကားများရင်ဒါကိုလျစ်လျူရှုထားသင့်ပါတယ်။သူတို့အချင်းချင်း ပြေလည်အောင် ဖြေရှင်းစေသင့်ပါတယ်။

သုံးနှစ်မပြည့်သေးတဲ့ကလေးငယ်တွေကိုတားမြစ်စကားသုံးတဲ့အခါမိဘ တွေရဲ့တားမြစ်တဲ့အသံကြောင့်သူတို့ပိုလုပ်ရမယ်ဆိုပီး ဖြစ်သွားတတ်ပါတယ်တစ်ယောက်နဲ့တစ်ယောက်ကစားစရာတစ်ခုခုကိုလုနေတဲ့အချိန်တွေမှာကလေးတွေ

အလွန်အကျွံနာကျင်စေတဲ့အပြုမူမျိုးမဟုတ်ပဲသာမာန်ကစားကြလုကြတာမျိုးကိုအသာလေးပဲစောင့်ကြည့်ပေးပါသူတို့အချင်းချင်းသင့်မြတ်စွာပြသနာတစ်ခုကိုကိုယ်ပိုင်တွေးနဲ့အဆုံးဖြတ်ခွင့်ပြုဖို့လိုအပ်လို့ပါသူတို့ကိုယ်သူတို့ ယုံကြည်မှုရရှိစေဖို့ ခွင့်ပြုပေးဖို့လိုပါတယ်။

ရန်ဖြစ်တာမရပ်ရင်တည်ငြိမ်စေသင့်ပါတယ်တကယ်လို့သင့်ကလေးတွေဟာရန်ဖြစ်တာမရပ်ပဲပိုဆိုးလာခဲ့ရင်သင်ဝင်ပါဖို့အချိန်တန်ပါပီအပြစ်တင်တာတွေ၊ဘယ်သူ့ဘက်ကိုမှလိုက်တာတွေမပြုသေးပဲကလေးတစ်ယောက်ချင်းစီပြောတာကို

သေချာနားထောင်ပီးသူတို့ခံစားချက်တွေကို ပြောပြဖို့အားပေးသင့်ပါတယ်။ဒါမှအချင်းချင်းသဘောတူညီမှုရရှိပီးသူတို့ကိုကူညီဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်မောင်နှမအချင်းချင်းပြိုင်ဆိုင်မှုဖြစ်စေမဲ့အပြုအမူတွေရှောင်ပါ

မိဘတွေရဲ့တရားမျှတပီးညီမျှတဲ့ချစ်ခြင်းမေတ္တာကိုပြတတ်ဖို့အရေးကြီးပါတယ်ဥပမာအကြီးလေးကတော့လိမ္မာတယ်၊အငယ်လေးကတော့ဆိုးတယ်ဆိုတာတွေ၊အကြီးမလေးထက်အငယ်မလေးကပိုချောတယ်တို့၊အငယ်လေးကိုပဲချစ်တော့မယ်ဆိုတာမျိုးတွေမပြောသင့်ပါဘူး။

ကလေးအချင်းချင်းနှိုင်းယှဉ်ပြောဆိုတာကကလေးတွေရဲ့ပြိုင်ဆိုင်လိုစိတ်တွေ၊မနာလိုစိတ်တွေကိုပိုကြီးစေပါတယ်သူတို့ကြိုက်တဲ့အရုပ်လေးတွေဝယ်ပေးရင်လည်းပုံစံတူ လေးကိုအတူတူဝယ်ပေးဖို့လိုပါတယ်နောက်တခုကအပြင်မှာကလေးကြီးရှိနေပီးကိုယ်ဝန်လွယ်ထားရတဲ့အခါ

ကလေးကြီးကိုကြိုပီးစည်းရုံးထားနိုင်ဖို့လိုပါတယ်ဗိုက်ထဲကကလေးလေးအပြင်ရောက်ရင်တူတူဆော့လို့ရပီဖြစ်ကြောင်းစသဖြင့်ပြောတတ်ဖို့လိုပါတယ်ကလေးတစ်ယောက်ဆီရဲ့ထူးချွန်မှုတွေကိုလေးစားပါကလေးတိုင်းမှာမတူညီတဲ့ထူးချွန်မှုတွေ ရှိကြပီးဒါကိုလေးစားသင့်ပါတယ်

တကယ်လို့ကလေးကိုအခြားမွေးချင်းတစ်ဦးဦးနဲ့အမြဲနှိုင်းယှဉ်ပြောနေမယ်ဆိုရင်သူတို့ကြားမှာယှဉ်ပြိုင်မှု ဖြစ်ပေါ်လာပါလိမ့်မယ်ဥပမာ-တချို့မိဘတွေကသားကြီးသင်္ချာအရမ်းတော်ပီးသားငယ်ကမတော်ကြောင်းပြောတတ်လေ့ရှိပါတယ်

အမှန်ကကလေးကဉာဏ်တုံးတာမျိုးမဟုတ်ပဲတခြားဘာသာရပ်ကိုသာစိတ်ဝင်စားတာဖြစ်ပါတယ်။ကလေးတွေကမိဘတွေထံမှာတွေ့မြင်တဲ့အရာတွေကိုသင်ယူကြပါတယ်ဒါကြောင့်ကွဲပြားခြားနားမှုတွေကိုလေးစားခြင်းကမောင်နှမအချင်းချင်းမှာလည်း

မတူညီတဲ့မွေးချင်းရဲ့ထူးချွန်မှုတွေကိုလေးစားဖို့သင်ပေးသလိုဖြစ်နိုင်ပါတယ်ဂရုစိုက်မှုကိုစီစဉ်ပါကလေးတွေရန်ဖြစ်တဲ့အဓိကအကြောင်းရင်းတစ်ခုကတော့မိဘတွေရဲ့ဂရုစိုက်မှုကိုလိုချင်လို့ ဖြစ်ပါတယ်ကလေးငယ်တွေဟာအခြားမောင်နှမတွေကမိဘတွေရဲ့ဂရုစိုက်မှုကို

ခံရပြီးသူတို့ကမရတဲ့အခါသူတို့ကိုဖယ်ထားသလိုခံစားရတတ်ပါတယ်ဒါကြောင့်သူတို့ဟာမကောင်းတဲ့ဂရုစိုက်မှုမျိုး ဖြစ်ပါစေ၊ဂရုစိုက်မှုရအောင်ကြိုးစားကြပါတယ်ကလေးတစ်ယောက်ချင်းစီကိုတစ်နေ့မှာ၁၀-၂၀မိနစ်လောက်အထိဂရုစိုက်နိုင်အောင်ကြိုးစားပါ

ကလေးတွေဟာဂရုစိုက်မှုကိုညီတူညီမျှရရင်ဂရုစိုက်မှုရအောင်ရန်ဖြစ်စရာမလိုဘူးဆိုတာသိလာနိုင်ပါတယ်တမူထူးခြားစွာချစ်ပါမိဘတွေကကလေးတွေအားလုံးကိုညီတူ
ညီမျှချစ်တယ်လို့ပြောလေ့ရှိကြပေမဲ့ကလေးတွေစိတ်ထဲမှာတော့ညီတူညီမျှချစ်တယ်လို့ဆိုခြင်းက

သူတို့ကိုပိုလျော့ပီးချစ်တယ်လို့အထင်ရောက်တတ်ကြပါတယ်ဒီလိုပြောမယ့်အစား ကလေးတစ်ယောက်ချင်းစီကိုတမူထူးခြားစွာချစ်တယ်လို့ ပြောနိုင်ပါတယ်ဒါဆိုရင်တော့သူတို့ဟာ သေချာပေါက်အချစ်ခံရတယ်လို့ပိုမိုခံစားရနိုင်ပါတယ်။

တဦးကိုတဦးလေးစားတတ်အောင်သင်ပေးပါမိသားစုမှာအကြီးဆုံးကလေးကအရေးပါသလိုကလေးတိုင်းအရေးပါပါတယ်အကိုကြီးအဖရာ၊အမကြီးအမိရာဆိုတဲ့စကားအတိုင်းပါမိဘတွေကိုယ်တိုင်ကအကြီးလေးကိုအငယ်တွေပေါ်စောင့်ရှောက်ဖို့၊ကာကွယ်ဖို့၊

သနားငယ်ညှာတတ်ဖို့သင်ပေးထားရပါမယ်။အငယ်တွေကိုလည်းကြီးသူကိုရိုသေလေးစားတတ်အောင်အပြန်အလှန်စောင့်ရှောက်တတ်အောင်သင်ပေးရပါမယ်ဒါမှသာအသက်ကြီးလာတဲ့အခါအကြီးကအငယ်တွေကိုနိုင်ထက်စီးနင်းပြုခြင်းတွေ၊အငယ်တွေက

အကြီးတွေကိုရိုင်းပြစွာအရိုတန်ပြုလုပ်ပြောဆိုမှုတွေကင်းဝေးစေမှာပါမိဘတွေအနေနဲ့ကလေးတွေရဲ့သဘာဝကိုသိထားရင်မောင်နှမအချင်းချင်းပြိုင်ဆိုင်လိုစိတ်၊ဟန်ဆောင်မနာလိုစိတ်ကင်းပီးစည်းလုံးစွာနဲ့ချစ်ခင်ကြင်နာသာယာပျော်ရွှင်တဲ့မိသားစုဂေဟာလေးတည်ဆောက်ပျိုးထောင်နိုင်ဖို့ဆန္ဒပြုရင်းမေတ္တာဖြင့်ဒေါက်တာကောင်းထက်ကျော်