ကလေးလေးတွေငိုရတဲ့အကြောင်းအရင်းများကလေးဆိုတာစကားမပြောတတ်သေးတဲ့အတွက်သူ့မှာတခုခုပြဿနာရှိနေရင်ငိုခြင်းဖြင့်သရုပ်ဖော်ရပါတယ်ကလေးငိုတဲ့ကိစ္စကကလေး အတွက်ရောမိခင်အတွက်ပါအရေးပါတဲ့အရာတစ်ခုဖြစ်ပါ
တယ်။ကလေးငိုတာဘာခက်လဲနို့တိုက်လိုက်၊ချော့လိုက်ပေါ့လို့ပြောရတာလွယ်ပါတယ်။ဒါပေမယ့်တခါတလေထင်သလောက်မရိုးရှင်းတဲ့အတွက်ကလေးငိုတဲ့အကြောင်းရင်းတွေသိထားရင်မေမေတို့အနေနဲ့ဘာလုပ်ရမလဲအလွယ်တကူသိနိုင်
အောင်တခုစီမျှဝေပေးလိုက်ပါတယ်။ဗိုက်ဆာခြင်းအဖြစ်များဆုံးပါ။နို့တိုက်ကြည့်ပါ။သတ်မှတ်ချိန်ထက်နည်းနည်းစောနေသေးလည်းတိုက်လို့ရပါတယ်။အီအီးရှုရှူးစိုနေခြင်းအနှီးကိုဖြေပီးစစ်ကြည့်ပါ။စိုနေရင်ကလေးနေရခက်တဲ့အတွက်အနှီးလဲ
ပေးပါ။diaperလဲပါ။diaperလောင်ဆီးလောင်)ရှိရင်ရေသန့်သန့်နဲ့ဆေးပါ။အဝတ်နုနဲ့ဖိ၍ခြောက်အောင်ထားပြီးမှzin coxideပါတဲ့diaper creamလိမ်းပေးပါကလေးသက်သောင့်သက်သာမရှိခြင်းရာသီဥတုနဲ့သင့်တင့်လျှောက်ပတ်တဲ့
အဝတ်အစားလေးတွေရွေးဝတ်ပေးပ ေပွချောင်သောအဝတ်အစားမ်ားဝတ္ေပးပါ။ကလေးတွေပူနေရင်မနေတတ်ပါဘူး။ကလေးအိပ်ချင်နေပီးအိပ်မပျော်နိုင်ဖြစ်ခြင်းကလေးငယ်လေ တွေကသူတို့ကိုအနှီးလေးနဲ့ထုပ်ပေးထားရင်ကြိုက်ပါတယ်။
မေမေ့ဗိုက်ထဲရှိတုန်းအတိုင်းဆင်တူလို့လုံခြုံတဲ့ခံစားမှုရလို့လားတော့မသိအိပ်လို့ကောင်းအောင်ဖန်တီးပေးပါအခန်းအပူချိန်အလင်းအမှောင်၊အသံစတာတွေစစ်ဆေးပါ။လေထိုးနေခြင်းနို့တိုက်ပီးလေမထုတ်မိရင်ကလေးအစာမကျေနေရ
ခက်နေတတ်ပါတယ်။ကလေးကိုမတ်မတ်လေးထားပီးလက်တဖက်ကဗိုက်ကိုထိန်းထားပါ။ကျန်လက်တဖက်နဲ့ကျောလေးကို ညင်ညင်သာသာလေးပွတ်ပေးပါ။နောက်တနည်းကပခုံးပေါ်တင်ထားလို့ရပါတယ်။မိခင်ရဲ့ဂရုစိုက်မှု(attention)
မိခင်ကအကြာကြီးမချီပဲထားမိတာမျိုး၊အသံမကြားရတော့တဲ့အခါဖြစ်တတ်ပါတယ်။ကလေးကိုချီပေးပြီးလမ်းလျှောက်ပေးပါ။ပုခက်ထဲမှာသာသာလေးလွှဲပေးပါ။သီချင်းလေးဆိုပါ။ကလေးကြိုက်တတ်တဲ့တီးလုံးလေးကိုပဲလိုနေတာလား။
ကိုယ့်ကလေးဘယ်တီးလုံးလေးတွေကြိုက်တတ်လဲသရအောင်စမ်းသပ်ပါ။စုဆောင်းထားပါ။ကလေးအချို့ကတော့ရေလှိုင်းသံ၊ကျေးငှက်သံစတာတွေကိုကြိုက်တတ်ပါတယ်။ကလေးနေမကောင်းခြင်းကလေးကိုယ်အပူချိန်တိုင်းပေးပါ။
အခြားရောဂါလက္ခဏာတွေရှာပါ။နားကိုကိုင်ကိုင်နေလား၊အဘစာအရည်ဝင်လား၊အန်လား၊အင်ပျဉ်ရှိလား၊ရင်ကျပ်လားဆီးကောင်းလား၊ဝမ်းကောင်းလား၊လန်းဆန်းရဲ့လားစတာတွေစစ်ပါ။ကလေးနေမကောင်းဘူးထင်ရင်ဆရာဝန်ပြပေးပါ။
အထက်ပါအကြောင်းရင်းလေးတွေကိုသိရှိပီးကလေးများငိုတဲ့အခါဘာကြောင့်များလဲ၊ဘာလုပ်ပေးရမလဲဆိုတဲ့အတွေးရသွားမယ်လို့မျှော်လင့်ပါတယ်။မေတ္တာဖြင့်ဒေါက်တာကောင်းထက်ကျော်credit