ကလေးရဲ့တစ်ဘဝလုံးစိတ်ဒဏ်ရာရသွားစေနိုင်တဲ့မိဘတွေရဲ့အပြုအမူများကလေးဆိုတာငယ်ရွယ်သလိုနှလုံးသားလေးတွေနုနယ်ပီးစိတ်ဒဏ်ရာရလွယ်ပါတယ်။အတူနေလူကြီးမိဘတွေရဲ့အပြုအမူတွေကကလေးတွေကိုစိတ်ဒဏ်ရာရလွယ်ပီး

တဘဝလုံးပါသွားနိုင်ပါတယ်။ကလေးဘဝမှာစိတ်ဒဏ်ရာရဖို့အဖြစ်နိုင်ဆုံးကအနီးကပ်ရှိနေတဲ့လူကြီးမိဘတွေရဲ့လုပ်ရပ်တွေကြောင့်ပါစိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းနေရတဲ့ကတေတွေများစွာပါ။social mediaမှာလတ်တလောပြန့်ခဲ့တဲ့vdက

ကလေးလိုခံစားနေရတဲ့ကလေးများစွာရှိနေတဲ့အတွက်သတိ ပြုနိုင်အောင်မျှဝေလိုက်ပါတယ်။ကလေးတယောက်ကိုစိတ်ဒဏ်ရာရသွားစေမဲ့မိဘတွေရဲ့အပြုအမူများကလေးရှေ့မှာရန်ဖြစ်ခြင်းမိဘတွေရဲ့ရန်ဖြစ်ခြင်းကိုအမြဲလိုလိုမြင်တွေ့ရတဲ့

ကလေးတွေမှာစိတ်ဒဏ်ရာတွေရသွားတတ်ကြပါတယ်။သူတို့ကိုလျစ်လျူရှုမှုအပြင်မိဘတွေကမချစ်ဘူးဆိုတဲ့အသိတွေဝင်သွားတတ်ပါတယ်။ဒီလိုမျိုး အော်ဟစ်ပီးရန်ဖြစ်နေတာကသူတို့ရဲ့အိမ်က ပျော်စရာမရှိဘူးဆိုတာကိုသဘောပေါက်သွား

စေပီးကြီးတဲ့အခါအိမ်ကိုမခင်တွယ်တော့တာတွေပါဖြစ်နိုင်ပါတယ်။မိဘရန်ဖြစ်တာကိုပဲကြည့်နေခဲ့ရတဲ့ကလေးမှာပြဿနာတခုဖြစ်လာရင်ဖြေရှင်းနိုင်စွမ်းမရှိပဲရန်ဖြစ်ဖို့၊ရန်လိုဖို့တွေပဲအမြဲဦးတည်တတ်ပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုအိမ်တွင်းအကြမ်းဖက်မှုကကလေးတွေရဲ့စိတ်ဒဏ်ရာကြီးကြီးမားမားရစေပါတယ်ရန်ဖြစ်တဲ့အခါမိဘအချင်းချင်းကိုယ်ထိလက်ရောက်ရိုက်နှက်မှုတွေကိုကလေးကမြင်ရများလာတဲ့အခါမှာကြောက်စိတ်ကြီးကြီးမား

မားပေါ်လာတတ်ပါတယ်။အခန့်မသင့်လို့ဒေါသအလျောက်ကလေးကိုပါရိုက်မိရင်တုန့်ပြန်မှုလွန်ကဲတာတွေဖြစ်တတ်ပါတယ်။မိဘကိုချစ်ခင်တွယ်တာမှုနည်းလာပီးကြောက်တဲ့စိတ်နဲ့အရိုက်မခံရအောင်နေရင်းနာကျင်မှုကိုမသိတော့တာမျိုး၊

အကြမ်းဖက်မှုကိုမသိတော့တာမျိုး၊ကြမ်းတမ်းလာတာတွေဖြစ်တတ်ပါတယ်။ကလေးရှေ့မှာမူးယစ်ရမ်းကားခြင်းအရက် သေစာမူးယစ်သောက်စားထားတဲ့အဖေကဆင်ခြင်တုံတရားကင်းမဲ့ပီးမိသားစုကိုပြောချင်ရာပြော၊ရိုက်နှက်တာတွေက

အိမ်တွင်းအကြမ်းဖက်မှုမြောက်ပါတယ်။သားယောက်ျာလေးအတွက်တဘဝလုံးစာအတုယူမှားနိုင်ပီးသမီးလေးတွအတွက်အမြဲအရှက်ရစရာစိတ်ဒဏ်ရာဖြစ်တတ်ပါတယ်။ခွဲခြားဆက်ဆံမှုမိဘတွေကသားနဲ့သမီးခွဲခြားတာ၊အကြီးအငယ်ခွဲခြား

ဆက်ဆံတာ၊တယောက်နဲ့တယောက်နှိုင်းယှဉ်ပီးခွဲခြားဆက်ဆံတာတွေကကလေးအတွက်ဘဝတစ်လျှောက်လုံးနာကျင်စေတဲ့အရာဖြစ်နိုင်ပါတယ်။ခွဲခြားခံရမှုကြောင့်ကိုယ့်ကိုယ်ကိုမကျေနပ်စိတ်များတာ၊မောင်နှမချင်းချစ်ခင်စိတ်လျော့လာတာ

တွေဖြစ်တတ်သလိုမိဘအပေါ်ရန်လိုမှုတွေပါဖြစ်တတ်ပါတယ်။အကြောက်တရားဖြင့်အုပ်ချုပ်မှုအိမ်ထဲမှာတသွေးတသံတမိန့်ဆိုပီးမိဘ၊လူကြီးရဲ့စကားတိုင်းကိုနာခံရမယ်၊လိုက်နာနေရမယ်ဆိုပီးမလိုက်နာရင်အပြစ်ပေးခံရမယ်၊မှားမှားမှန်မှန်

ပြန်ပြောခွင့်မရဆိုတဲ့အုပ်ချုပ်မှုမျိုးကလည်းကလေးတွေကိုစိတ်ဒဏ်ရာရစေနိုင်ပါတယ်။အိမ်တွင်းအကြမ်းဖက်မှုမြောက်ပါတယ်။နောက်ဆက်တွဲအနေနဲ့အမှားအမှန်နဲ့တရားတာ၊မတရားတာကိုမခွဲခြားတတ်သလိုကြီးလာတဲ့အခါအတ္တကြီးတဲ့

ကလေးတွေဖြစ်လာပါတယ်မိဘရဲ့အသိအမှတ်ပြုဖို့ကြိုးစားရာကနေတစ်ခြားဖိနှိပ်သူတွေကိုလည်းအပြစ်မမြင်ပဲကျိုးနွံတာမျိုးတွေလည်းရှိလာသလိုမိဘကိုစွန့်ပစ်ပြီးထွက်ပြေးချင်စိတ်တွေဖြစ်ရင်းကိုယ့်ကိုယ်မကောင်းတဲ့သူအဖြစ်မြင်မိတာ

တွေ၊စိတ်ကျရောဂါတွေပါဖြစ်သွားစေနိုင်ပါတယ်။ကလေးဘာလုပ်လုပ်အပြစ်တင်ခြင်းမိဘနဲ့ကလေးဆိုတာအတွေးမတူနိုင်ပါဘူး။ကလေးလုပ်ရပ်တခုကိုလူကြီးမိဘကမနှစ်သက်သော်လည်းကောင်းတဲ့အရာဆိုရင်လက်ခံနိုင်ရပါတယ်

မှားနေရင်လည်းအကျိုးသင့်အကြောင့်သင့်ပြောဆိုပြုပြင်ရပါတယ်ကလေးဘာလုပ်လုပ်နောက်ကလိုက်ပီးတချိန်လုံအပြစ်တင်အပြစ်မြင်ဆူပူနေခြင်းကကလေးရဲ့ကိုယ်ပိုင်လွပ်လပ်ခွင့်ဆုံးဖြတ်နိုင်စွမ်းကိုလျော့စေပီးစိတ်ဒဏ်ရာဖြစ်နိုင်ပါတယ်

နောင်ကြီးလာတဲ့အခါလူတွေပေါ်အကောင်းမမြင်ခြင်း၊တကိုယ်ကောင်းဆန်ခြင်းတွေဖြစ်လာပီးလူတွေနဲ့အမြဲအဆင်မပြေဖြစ်တတ်ပါတယ်။မိဘကို ဆုံးရှုံးရမှုကလေးတွေအတွက်မိဘဆိုတာအတွယ်တာဆုံးသူတွေဖြစ်ပါတယ်။မိဘကိုခင်တွယ်

တတ်တဲ့အရွယ်မှမိဘဖြစ်သူကမျက်စိရှေ့မှာဆုံးပါးသွားတာသို့မိဘနှစ်ဦးကွာရှင်းပြတ်စဲတာကိုမြင်ရတာမျိုးကအမြဲစိတ်ခံစားရစေပီးစိတ်ဒဏ်ရာရသွားစေမှာပါကလေးတွေကိုလုပ်ချင်တိုင်းလုပ်၊အနိုင်ကျင့်လို့မရအောင်ဖွံ့ဖြိုးပီးနိုင်ငံတွေမှာ

အိမ်တွင်းအကြမ်းဖက်မှုအပါအဝင်ဥပဒေတွေပြငှာန်းထားပါတယ်ကလေးတယောက်ကိုမွေးထားပီးရင်နည်းလမ်းမှန်ကန်စွာသေချာပြုစုပျိုးထောင်စောင့်ရှောက်ဖို့လိုအပ်ပီးကလေးတွေရှေ့မှာစိတ်ဒဏ်ရာရစေတဲ့အပြုအမူတွေရှောင်ဖို့လိုပါ

တယ်ကလေးကိုချစ်ရင်၊ကလေးတွေကိုစိတ်ဒဏ်ရာမဖြစ်စေချင်ရင်မေမေနဲ့ဖေဖေအချင်းချင်းပိုချစ်ပြဖို့လိုပါတယ်အထက်ပါအချက်တွေသိထားပီးမိဘတွေအနေနဲ့ကလေးတွေရှေ့မှာစိတ်ခံစားချက်တွေကိုသေချာထိန်ဖို့လိုအပ်ကြောင်း