ငါ့သားလေးအိမ်ထောင်ပြုတဲ့အခါမိန်းမရှေ့မှာမားမားမတ်မတ်ရပ်တည်ပေးနိုင်တဲ့ယောက်ျားဖြစ်ပါစေငါ့သားမိန်းမအရိပ်မခိုပါနဲ့မိန်းမအကူအညီမယူပါနဲ့အထင်သေးခံရမယ်ငါ့သားမောင်တစ်ထမ်းမယ်တစ်ရွက်ဆိုတဲ့စကားရှိပေမယ့်
တတ်နိုင်ရင်တော့ကိုယ်ချစ်ရတဲ့ဇနီးသည်ရဲ့ပခုံးပေါ်ဝန်ထုတ်ဝန်ပိုးကြီးမတင်ပေးပါနဲ့တတ်နိုင်ရင်လေငါ့သားပဲထမ်းပြီသားပဲရွက်လိုက်ပါအိမ်ထောင့်တာဝန်သားသမီးတာဝန်နဲ့ပိနေတဲ့သူ့ခမျာမယ်တစ်ရွက်လေးတောင်မရွက်နိုင်တဲ့အခြေအနေဆို
ငါ့သားကသေချာပေါက်ကူရွက်ပေးလိုက်ပါစကားကိုဆိုခဲစေမြဲစေထုံးနှလုံးမူပါငါ့သားလေးကတိမတည်စကားလက်လွတ်စပါယ်ပြောတတ်တဲ့ယောက်ျားကိုမိန်းမကမလေးစားဘူးငါ့သားအမေကိုချစ်တဲ့သားဟာမယားမချစ်ဘူးဆိုတာမျိုးမဖြစ်
ပါစေနဲ့ငါ့သားအမေနဲ့မိသားစုကိုလဲချစ်ပါမိခင်မျိုးနွယ်ဝင်ဇနီးသည်ကိုလဲချစ်ပါအမေ့အတွက်သားကောင်းအစ်မညီအတွက် မောင်ကောင်း၊အစ်ကိုကောင်းဖြစ်ပေမဲ့ဇနီးသည်ကိုမကောင်းဘူးဆိုတာမျိုးမဖြစ်စေနဲ့ကွဲ့မိသားစုကိုချစ်သလိုဇနီးသည်ကို
ချစ်ပေးပါမိဘအိမ်မောင်နှမအိမ်ဇနီးသည်မသိဘဲမသွားနဲ့ငါ့သားသူတို့မိသားစုတွေငါ့ကွယ်ရာငါ့ယောက်ျားကိုဘသွေးထိုးနေပါလိမ့်လို့သူ့ဖက်ကအမြင်မျိုးဖြစ်စေတတ်လို့တတ်နိုင်ရင်ငါ့သားမိသားစုဆီသွားရင်ဇနီးကိုခေါ်သွားကွဲ့မလိုက်တာတော့
သူ့အပိုင်းပေါ့ ခေါ်ပါရဲ့နဲ့မလိုက်ပဲစကားနာထိုးတာသွေးထိုးတာလဲလက်မခံနဲ့ငါ့သာမိသားစုနဲ့ဇနီးသည်ကြားသမာသမတ်ကျကျမျှမျှတတဖြစ်ပါစေငါ့လုပ်စာပဲငါ့မိဘမောင်နှမပေးတာမိန်းမပြောစရာမလိုဘူးမထင်နဲ့ငါ့သားအမှားကြီးမှားမယ်
အမေကမွေးမေပြုစုယုယပေးပေမယ့်အိမ်ထောင်ကျရင်အမေမပိုင်ဘူးငါ့သားလေးရဲ့မိန်းမမသိအောင်ခိုးပေးခြင်းဟာအမေ့သိက္ခာထိခိုက်သလိုချွေးမအနေနဲ့ကြည့်ရင်သူ့မာနထိခိုက်စေတယ်ငါ့သားလေးရဲ့မိန်းမရေကိုဒီလောက်ဒီမျှတော့မိဘတွေ
ကန်တော့ရအောင်ကွာငါမပေးဘူးမင်းလက်နဲ့ပေးလို့ပြောတဲ့အခါယောက္ခမအပေါ်သိတတ်တဲ့ချွေးမအဖြစ်သူဂုဏ်တတ်ရလို့ကြည်ဖြူကျေနပ်မှာပါလျို့ဝှက်အပ်ရာအရာရာကိုအစ်ကိုညီသားမိဘကိုထားမယားသော်မှမပြောရဆိုပေမယ့်အရာရာ
အတိုင်းလျှို့ဝှက်စရာမလိုဘူးငါ့သားဇနီးသည်ကိုအလေးထားပါတိုင်ပင်ပါဇနီးသည်ရဲ့ဂုဏ်ကိုမြှင့်တင်ပေးပါငါ့သားငါ့သားများအိမ်ထောင်ပြုခဲ့ရင်လေမေမှောချင်တာတွေအများကြီးပါသားကြီးရဒီနေ့တော့ဒီမျှသာ