ငွေကြေးချမ်းသာသောတစ်ချို့သောမိဘများသည်သားသမီးတွေကိုအရွယ်နဲ့မလိုက်အောင်ဖူးဖူးမှုတ်၍ချစ်တတ်ကြသည်အလိုလိုက်တတ်ကြသည်တစ်ဦးတည်းရှိသောမိမိရင်သွေးကိုတုံနေအောင်ချစ်တတ်ကြသည့် မိဘမေတ္တာသည်အတုမရှိပေမယ့်လည်းမိမိတို့ရဲ့ချစ်နည်းတစ်ချို့မှားယွင်းနေတတ်ကြသလိုသတိမမှုဂူမမြင်တတ်ကြတာတွေလည်းရှိကြပါသည်မိမိသားသမီးတွေကိုချစ်လွန်းကြတော့လိုချင်တာမှန်သမျှပံ့ပိုးကြသည်ဝယ်ပေးတတ်ကြသည်။
ဒါမှမဟုတ်လိုရာသုံးဘို့မုန့်ဘိုးတွေပိုပိုလျှံလျှံလေးပေးတတ်ကြသည်။မိမိသားသမီး အပြင်မှာဘာဖြစ်နေတယ်ဆိုတာမသိကြ၊မိမိသားသမီးကြောင့်အခြားပြည်သူတစ်ချို့ကိုဘယ်လိုဆိုးကျိုး/ကောင်းကျိုးတွေပြုခံနေရတယ်ဆိုတာမသိကြ၊မှုးယစ်ဆေးဝါးရဲ့သားကောင်တွေဖြစ်နေပြီလားဆိုတာမသိကြတော့ပါဘူး၊တစ်ခုခုဖြစ်ပြီဆိုရင်တော့ရင်ထုမနာဖြစ်ကြရတာမိဘတိုင်းပါ။ယခုလည်းထိုင်းနိုင်ငံကန်ကျနဘရီမြို့နယ်မှာမနေ့ညကဆိုင်ကယ်ပါဝါအိပ်ဇောတွေတပ်ဆင်ထားတဲ့ဆိုင်ကယ်
အစီးရေ၁၆၈ စီးနဲ့အတူလူငယ်၂၃၈ယောက်ဟာဇွန်၁၉ရက်၂၃:၃၀ချိန်အများပြည်သူတွေနားမခံသာအောင်အော်ဟစ်သောင်းကျန်းပြီးဆိုင်ကယ်ပြိုင်မောင်းကြလို့ရဲမှူးချုပ်ဝိုရာနန္စူကရီခန်ကိုယ်တိုင်ဦးစီးကာရဲတပ်ဖွဲ့ကဖမ်းဆီးအရေးယူစစ်ဆေးခဲ့ကြပါတယ်အဲ့ဒီလူငယ်တွေထဲမှာလက်နက်ကိုင်ဆောင်သူ၁ဦး၊မူးယစ်ဆေးဝါးသုံးစွဲထားသူ၇ ဦး၊လိုင်စင်မဲ့ဆိုင်ကယ်၅၅ စီး။ပါဝါအိပ်ဇောတပ်ဆင်ထားတဲ့ဆိုင်ကယ်၁၆စီးကိုအိပ်ဇောဖြုတ်သိမ်း၊နားမခံသာအောင်မောင်းနှင်သူ၃၀ဦး၊
ယာဉ်မောင်လိုင်စင်မရှိသူ၃၇ဦး၊သတ်မှတ်ထားသည့်ယာဉ်စည်းကမ်းဥပဒေဘောင်ကိုကျော်ကာဆိုင်ကယ်ကို ပုံသွင်းပြင်ဆင်တီထွင်ထားသူ ၂၇ ဦး ၊ ဆိုင်ကယ်အင်္ဂါရပ်နှင့်မပြည့်စုံဘဲလမ်းပေါ်တက်မောင်းသူ ၃၁ ဦး ၊ လိုင်စင်နံပါတ်ပြားမတပ်ဆင်ထားသူ၃၄ ဦးနှင့် အခကြေးငွေယူကာဆိုင်ကယ်ပါဝါအိပ်ဇောတပ်ဆင်ပေးသည့်ဆိုင်ကယ်ဆိုင်၇ဆိုင်တို့အားအများပြည်သူလုံခြုံမှုကိုနှောက်ယှက်မှုနှင့်မူးယစ်ဆေးဝါးသုံးစွဲမှု၊အမိန့်မရဘဲလက်နက်ကိုင်ဆောင်မှု၊ယာဉ်စည်းကမ်းဖောက်ဖျက်မှုတို့အရအရေးယူခံခဲ့ကြရပါတယ်။
ဆိုင်ကယ်ပါဝါအိပ်ဇောတပ်ဆင်ပေးသည့်နောက်ထပ် ဆိုင်ကယ်ပြင်ဆိုင်နှင့်ရောင်းဝယ်ဖောက်ကားသည့်ဆိုင်တွေကိုလည်းစုံစမ်းဖော်ထုတ်အရေးယူသွားမယ်လို့သိရပါတယ်။မိဘများအနေနဲ့လည်း မိမိသားသမီးများစီးနင်းအသုံးပြုနေတဲ့ ဆိုင်ကယ်ဟာ ပါဝါအိပ်ဇောများတပ်ဆင်ထားတာကိုတွေ့ခဲ့ရင်လည်းဖျောင်းဖျနားချပြီးဖြုတ်ပေးထားကြဘို့ ရဲမှူးချုပ်မှ တိုက်တွန်းပြောဆိုသွားတယ်လို့ သိရှိရပါတယ်…
ကိုယ်တွေဆီမှာတော့ညအချိန်အဲ့ဒီလိုအစီးပေါင်းရာချီမပြောပါနဲ့ကပ်သီးကပ်သတ်တစ်စီးလောက်ပါဝါအိပ်ဇောတပ်ထားတဲ့ဆိုင်ကယ်ကိုဖင်ထောင်ပြီးငယ်သံပါအောင်မောင်းထွက်သွားတဲ့အသံဟာ၁မိုင်လောက်အထိ နားထဲမှာကျန်နေတုန်းပါဆို။သူတင်ဘဲလားဆိုတော့မဟုတ်ပြန်ဘူး၊ပါးစပ်ကလည်းပေါက်ကရတွေအော်ဟစ်သွားပြီးတစ်ခါသူနဲ့အပြိုင်အိပ်စက်အနားနကြတဲ့ဂုတ်ကျားတို့အောင်နက်တို့ညိုကြီးတို့ကလည်းအားကျမခံအနှီငတိအားဝိုင်းပြီးကောင်းချီးပေးကြတဲ့တစ်လမ်းလုံးခွေးဟောင်သံ၊ခွေးအူသံတွေနဲ့ အိပ်ဇောသံတဗြဲဗြဲ တဗျီးဗျီးနဲ့ပေါင်းစပ်သံကတစ်ကယ့်ကိုနားမခံသာကြခဲ့ဖူးတော့ကိုယ်ချင်းစာနာမိပါတယ်လအဲ့ဒီလိုဖြတ်မောင်းသွားချိန် ရပ်ကွက်ထဲကရှိသမျှ သူတွေရဲ့ ဝိုင်းပြီး မေတ္တာပို့သံကတော့ခရက္တစ္ကိုစည်သူမောင်