သင့်ကလေးတွေခဏခဏရန်ဖြစ်ပြီးစကားများနေရင်ဒီနည်းလမ်း(၈)ခုကိုအသုံးပြုပါညီအစ်ကိုမောင်နှမချင်းရန်ဖြစ်တတ်တာကမိသားစုတိုင်းမှာရှိပါတယ်အထူးသဖြင့်ငယ်ရွယ်ပြီးအသက်သိပ်မကွာတဲ့ကလေးတွေမှာဖြစ်တတ်ကြပါတယ်
သူတို့ကြားကိုညှိနှိုင်းပေးတာကအပေးအယူနှင့်စေ့စပ်ညှိနှိုင်းခြင်းလိုမျိုးလူမှုဆက်ဆံရေးစွမ်းရည်တွေကို မြင့်မားစေပါတယ်ဒါပေမယ့်ကလေးတွေရန်ဖြစ်ပါမျာလာရင်မိမိကိုယ်ကို လေးစာမှုဆုံးရှုံးသွားနိုင်ပါတယ်တကယ်လို့မိဘတွေ
ဘက်ကသာသူတို့ကို ကောင်းကောင်းမွန်မွန်နဲ့လမ်းညွှန်ပေးနိုင်မယ်ဆိုရင်ဒီလိုစကားများရန်ဖြစ်တာတွေ လျော့နည်းသွားနိုင်ပါတယ်၁။ရန်ပွဲတွေမဖြစ်ပွားအောင်တားဆီးပါသင့်ကလေးတွေကိုပြိုင်ဖက်တွေဖြစ်မယ့်အစားအတူလက်တွဲ
လုပ်ဆောင်နေသလိုခံစားလာရအောင်လုပ်ပေးပါတစ်ယောက်ကိုတစ်ယောက် ကူညီခြင်းဟာတကယ်ကိုအသုံးဝင်ပြီးညီအစ်ကိုချင်း၊ မောင်နှမချင်းပဲအားကိုးစရာရှိတယ်ဆိုတာကို ပြောပြပေးပါမုန့်တူတူလုပ်စားခြင်းဒါမှမဟုတ်
ရဲတိုက်တည်ဆောက်ခြင်းလိုမျိုအဖွဲ့လိုက်လုပ်ဆောင်မှုတွေကိုတူတူလုပ်ခိုငပါ၂။သူတို့ရဲ့စိတ်ခံစားမှုဆိုင်ရာ ဝေါဟာရတွေကိုချဲ့ထွင်နိုင်အောင်ကူညီပေးပါကလေးတစ်ဦးဟာသူတို့ရဲ့ခံစားချက်တွေကိုစကားလုံးတွေနဲ့ဖော်ပြနိုင်ရင်
တည်ငြိမ်နေနိုင်ခြေပိုများပါတယ်သူ့ကိုရိုက်မယ့်အစားဒီလိုတွေမလုပ်သင့်ဘူးလို့ပြောသင့်ပါတယ်ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းနှင့် ဒေါသထွက်ခြင်းလိုမျိုစိတ်ခံစားမှုတွေကို ကျော်လွန်သွားဖို့ မရှိမဖြစ်လိုအပ်တယ်လို့ကျွမ်းကျင်သူတွေက
ဆိုပါတယ်သင့်ကလေးတွေကိုသူတို့ခံစားရသမျှကို ဖော်ပြစေပြီးသူတို့ရဲ့စိတ်ခံစားချက်တွေကို ဖော်ထုတ်တဲ့နေရာမှာလည်းကူညီပေးပါ၃။ ပြဿနာဖြေရှင်းခြင်းစွမ်းရည်ကိုသင်ကြားပေးပါပြဿနာတစ်ခုကို ဖြေရှင်းတဲ့နေရာမှာ
လုပ်နိုင်၊မလုပ်နိုင်တဲ့စည်းမျဉ်းတွေကိုသတ်မှတ်ခြင်းဖြင့်စတင်ပါဥပမာအား၊ အော်ဟစ်ခြင်းနှင့်ရိုက်ပုတ်ခြင်း ပြဿနာဖြေရှင်းခြင်းအတွက်ကြီးမားတဲ့ အဓိပ်ပါယျမရှိပါဘူးရန်ဖြစ်ရတဲ့အကြောင်းသူတို့နဲ့ ဆွေးနွေးပြီး ပြဿနာကို
ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကိုတူတူရှာပါသူတို့ရဲ့ကိုယ်ပိုင်စိတ်ကူးတွေကိုအကောင်အထည်ဖော်ဖို့သူတို့ကိုခွင့်ပြုပါ၎။ချီးမွမ်းပေးပါချီးမွမ်းပေးတာကကလေးရဲ့ ကောင်းတဲ့အပြုအမူတွေကို တည်ဆောက်တဲ့နေရာမှာ
အထောက်အကူဖြစ်စေပါတယ်သူတို့ရဲ့ရန်ပွဲတွေကိုလျစ်လျူရှုပြီး ကောင်းတာတစ်ခုခုလုပ်တဲ့အခါသူတို့ကိုအာရုံစိုက်ပြီးချီးကျူးပေးပါဒီလိုလုပ်ပေးတာကကလေးတွေဟာမကောင်းတာတွေထက်ကောင်းတဲ့အပြုအမူတွေလုပ်တဲ့အခါပိုအာရုံစိုက်ခံရလိမ့်မယ်ဆိုတဲ့အရိပ်အမြွက်ကိုရရှိလာပါလိမ့်မယ်။
၅။ကလေးတွေကိုဘယ်လိုပေါင်းသင်းရမယ်ဆိုတာကို ပြသပါသင့်ကလေးတွေကို ပြဿနာဖြေရှင်းရတာဘယ်လိုလဲဆိုတာကိုသိစေချင်ပြီး အေးအေးဆးဆေးသဘောထားရှိစေချင်ရင်သင်ကိုယ်တိုင်လည်းသူတို့ကို နေပြဖို့လိုပါတယ်
တခြားသူတွေကို တောင်းပန်စရာရှိရင်လည်း တောင်းပန်တတ်ဖို့လိုပါတယ်ဒါ့အပြင်တခြားသူတွေရဲ့အမြင်ကို လေးစားတတ်အောင်လည်းသင်ပေးပါဒါကလူတိုင်းကိုတူညီတဲ့ပုံစံနဲ့မမြင်နိုင်တာ ကောင်းပါတယ်လို့သူတို့နားလည်လာပါလိမ့်မယ်
၆။သူတို့ကို နေရာတစ်ခုပေးထားပါအများအားဖြင့်တော့ကလေးတွေရဲ့ ရန်ပွဲတွေကသူ့ဘာသာသူ မြန်မြန်ပြီးကြပါတယ်ဒါပေမယ့်အချိန်တိုင်းကြားဝင်စွက်ဖက်မယ်ဆိုရင်တော့ကလေးတွေဟာသူတို့ဘာသာသူတို့ ဖြေရှင်းတဲ့လုပ်ငန်းစဉ်ကို နှောင့်နှေးစေနိုင်ပါတယ်။
သူတို့တွေရန်ဖြစ်ပြီဆိုရင်တော့ အခန်းတစ်ခန်းထဲကိုထည့်ထားလိုက်ပါသင့်ကလေးတွေဒါမှမဟုတ်သူတို့ရဲ့သူငယ်ချင်းတွေနဲ့ရန်ဖြစ်ပြီး ဖြေရှင်းမပြီးမချင်းသူတို့ထွက်လာနိုင်မှာမဟုတ်ပါဘူး။
ဘက်လိုက်ခြင်ကို ရှောင်ကြဉ်ပါရန်ဖြစ်ပြီဆိုတာနဲ့ရန်ပွဲစတင်ခဲ့သူဘယ်သူကဘာပြောလဲစတဲ့ မေးခွန်းထုတ်စရာတွေကြုံလာရပါတယ်သူတို့ကိုအပြစ်ပေးတဲ့အခါအနိုင်ကျင့်ခံရသူနဲ့အနိုင်ကျင့်သူကို သေသေချာချာမေးပါ
ပြစ်ဒဏ်နှင့်ပတ်သက်လာရင်ခြွင်းချက်မရှိအားလုံးအတွက်တူညီသင့်ပါတယ်၈။သင်ကိုယ်တိုင်စိတ်အေးအေးထားပါ။သင်က အော်ဟစ်ပြီးကလေးတွေရန်ဖြစ်နေတာကိုရပ်ခိုင်းလိုက်ပါတယ်သင့်ကလေးတွေကငြိမ်သွားနိုင်ပေမယ့်
ဒါဟာ ပြဿနာကိုဖြေရှင်းတဲ့နည်းမဟုတ်ပါဘူးသင်အခန်းထဲကထွက်သွားပြီတဲ့နောက်မှာရန်ပြန်ဖြစ်နိုင်ပါတယ်ဒါကြောင့်ကလေးတွေကို အော်ဟစ်ခြင်းရိုက်ခြင်းမလုပ်ပဲဘာကြောင့်ဖြစ်လဲဆိုတာကို မေးပါသူတို့ပြောတာတွေကိုနားထောင်ပြီးဘယ်နည်းနဲ့အဆင်ပြေမလဲဆိုတာကို ညှိယူပေးပါ