ကားမှာဂျပန်စာကပ်ထားသူတွေသတိထားပါတစ်ရက်ဂျပန်တွေကျိုက်ထီးရိုးလိုက်ပို့တော့ကားလေးတွေအပေါ်တက်လို့မရဘူးလမ်းအခြေအနေနဲ့safety ကြောင့်ကားကြီးတွေနဲ့တောင်ပေါ်တက်ရတာပေါ့အဲ့ဒါနဲ့ကားလက်မှတ်ဖြတ်ပြီးဂျပန်
စာတန်းကြီးနဲ့ကားပေါ်တက်မယ်ပေါ့အဲ့မှာဂျပန်တွေကနိုးနိုးဒီကားမစီးဘူးဒီကားမစီးဘူးဆိုပြီးငြင်းပါလေရောဟာဘာလို့လဲမေးလိုက်တော့တခြားကားစီးလို့မရဘူးလားတဲ့ဒါနဲ့ပဲဧည့်သည်ဆိုတော့တစ်ခြားကားပြပေးရတာပေါ့ပြီးတော့မှဘာလို့
ဟိုကားဘာလို့မစီးတာလဲလို့မေးကြည့်တော့အဲ့မှာဘေးမှာစာရေးထားတယ်ဆူနာမီအရေးပေါ်အမှိုက်သယ်ယာဉ်တဲ့အာ့ငါတို့ဆီမှာအမှိုက်သီးသန့်သယ်တဲ့ကားတဲ့ဒါနဲ့ပဲဟိုဖက်ကားကယာဉ်မောင်းနဲ့စပယ်ယာကိုဂျပန်ကားဂျပန်စာတန်းကြီးနဲ့
ဂုဏ်ယူမနေနဲ့အာ့စာတွေဖျက်ထားလိုက်လို့ခင်ဗျားတို့ကားကဂျပန်မှာအမှိုက်ကားလုပ်ခဲ့တာလို့ပြောခဲ့လိုက်ရပါတော့တယ်တချို့ကားတွေမှာဂျပန်စာတွေကပ်ထားတာကိုဘာတွေရေးထားမှန်းနားမလည်တာကြောင့်ဒီအတိုင်းပဲဆက်ကပ်ထားတဲ့
သူတွေ ရှိတတ်ပါတယ်တစ်ခါကလည်းဘော်ဒါတစ်ယောက်DVအမှန်သွင်းတော့ကားပေါ်မယ်ကတ်၂ကတ်ပါလာတယ်နောက်ဖုံးကကပ်ထားတဲ့ဂျပန်စာကိုဂျပန်စာတတ်သူကိုဘာသာပြန်ခိုင်းတော့ဟျောင့်မင်းကားကြီးအမြန်ရောင်းလိုက်
တော့တဲ့ကပ်ထားတဲ့စာကအရေးပေါ်အလောင်းတင်ယာဉ်ပါတဲ့ဒါကြောင့်ကိုယ့်ကားမှာဂျပန်စာတွေကပ်ထားတာပါလာရင် Google Translate Applicationကိုသုံးပြီးသို့ဂျပန်စာနားလည်တဲ့သူကိုဘာသာပြန်ခိုင်းကြပါလို့အကြံပြုလိုက်ပါတယ်ခရစ်တစ်