ကလေးလူကြီးလူတိုင်းသိထားသင့်တဲ့အရာတွေပါဖတ်ဖို့မအားရင်ရှယ်ပြီးသိမ်းထားပါ။သိသူကျော်သွားပါရန်မေတ္တာရပ်ခံပါတယ်လူ့ဘဝမှာစီးပွားလာဘ်လာဘပွင့်လန်းဖို့

အရေးကြီးပါတယ်အိမ်တစ်အိမ်မှာစီးပွားလာဘ်လာတွေပိတ်ဆို့နေမယ်ဆိုရင်အဲ့ဒီ့အိမ်ဟာသီရိမင်္ဂလာမရှိတော့ပါဘူးအမင်္ဂလာအိမ်ပဲဖြစ်တော့မယ်ဒီတော့ဒါတွေရှောင်ပါ၁။မီးဖို

အားစလောင်းဖုံးအုပ်ခြင်း၂။အိမ်ထောင်ဦးစီးလင်ယောင်္ကျားအားနိမ့်ကျသောနေရာတွင်ထားခြင်၃။မိမိဇနီးသည်အားညာဘက်တွင်အိပ်စေခြင်း၄။စားသောက်သောအိုးခွက်

ပန်းကန်များအားလွှင့်ပြစ်ခြင်း၅။ထမင်းဟင်းချက်ရင်းသီချင်းဆိုခြင်း၆။နေဝင်ခါစအချိန်တွင်အိပ်စက်ခြင်း၇။နေဝင်မိုးချုပ်လေချွန်ခြင်း၈။နေမထွက်ခင်ကြွေးပေးကြွေးယူကြွေ

တောင်းခံရခြင်း၉။နေဝင်နေထွက်ချိန်သန်းရှာခြင်း၁၀။နေဝင်နေထွက်ချိန်ကလေးများအားရိုက်ခြင်း၁၁။နေမွန်းတည့်ချိန် တိရိစ္ဆာန်များအားသတ်ဖြတ်ခြင်း၁၂နေဝင်နေထွက်ချိန်တွင်

ကျိန်စာတိုက်ခြင်း၁၃။အမျိုးသမီးများမိုးချုပ်ချိန်ဆံပင်ဖားလျှားဖြင့် အပြင်သို့သွားခြင်း၁၄။အမျိုးသမီးများ၏မသန့်ရှင်းသောပစ္စည်း များကိုအိမ်ဦးခန်း၌ထားခြင်းစွန့်ပစ်

ခြင်း၁၅။မိမိဝတ်သောပုဆိုးထမိန်ဖြင့်မျက်နှာသုတ်ခြင်း၁၆။အိမ်အပေါက်အားနောက်ပြန်ဝင်ခြင်း၁၇။မျက်နှာမသစ်ပဲအစာစားခြင်း၁၈။မိမိခန္ဓာကိုယ်မှအမွှေးအမျှင်နှင့်မသန့်ရှင်း

သောပစ္စည်းများအိမ်အတွင်းစွန့်ပစ်ခြင်း၁၉။သောက်ရေအိုးရေမလဲပဲခြောက်နေခြင်း၂၀။သောက်ရေအိုးမှရေကိုထမင်းဟင်းချက်ရာတွင်သုံးခြင်၂၁။လင်သားအား

စိတ်ဆိုး၍ကျောခိုင်းအိပ်ခြင်း၂၂။သားသမီးဇနီးကိုလင်သားကငွေ(သို့)အစားအစာပစ်ပေးခြင်း၂၃။အဝတ်အစားများ ပြောင်းပြန်ဝတ်ခြင်း၂၄။အိမ်အပေါက်အားကျောခိုင်းထိုင်

ခြင်း၂၅။ထမင်းစားရင်းအိပ်ငိုက်ခြင်း၂၆။အိမ်၏မျက်နှာစာတွင် ကလေးငယ်အားအပေါ့အလေးစွန့်ခိုင်းခြင်း၂၇။ထမင်းရည်ပူ အားမြေကြီးပေါ်သို့တိုက်ရိုက်ငှဲ့ချခြင်း၂၈။မိမိ

အိမ်သို့လာသောတောင်းစားသူများအားဆဲဆိုလွှတ်ခြင်း၂၉။အိမ်သာတက်ရင်း အစားစားခြင်း၃၀။စားသောက်ပြီးအိုးခွက်ပန်းကန်များကိုအချိန် ကြာမြင့်စွာမဆေးပဲထားခြင်း၃၁။

အိုးခွက်ပန်းကန်များကိုတီး၍ သီချင်းဆိုခြင်း၃၂။အိမ်ရှေ့တည့်တည့်တွင်ထမိန်စကတ်များကို လှန်းခြင်းချွတ်ထားခြင်၃၃။မိမိအိမ်တွင်မွေးမြူထားသောတိရိစ္ဆာန်များအားအစာ

မကျွေးပဲလှောင်ထားခြင်းရိုက်နှက်ခြင်းတို့ ကိုရှောင်ပါရဟန်းသံဃာတို့နှင့်သက်ဆိုင်သောကျောင်းပစ္စည်းများကိုအိမ်သို့ယူဆောင်အသုံးမပြုရပါဆွမ်းတော်တင်ထားသည်ကို

ယူငင်၍မစားရဥပုဒ်နေ့တွင်ခေါင်းမလျှော်ရပါဘုရားညောင်ရေအိုးအရေအတွက်ကိုစုံဂဏန်းမထားကောင်းပါလင်ယောက်ျား၏လက်ယာဘက်၌ဇနီးသည်ကိုမအိပ်စေရပါမိမိ

ထက်အသက်ပညာအရွယ်ဂုဏ်ကြီးမြင့်သူ၏အမြင့်တစ်နေရထက်၌မထိုင်ရပါဝါတွင်း၌အိမ်ထောင်မပြုရပါဝါတွင်း၌အိမ်မပြောင်းရသလိုခေါင်းအုံးလည်းမချုပ်ရပါ။ဈေးဆိုင်၏စားပွဲ

များကောင်းတာများ၌လက်ထောက်မေးထောက်ခြင်းများမပြုရပါပြာသိုလနှင့်တပေါင်းလတို့တွင်အိမ်မပြောင်းရပါကျောက်နီလက်စွပ်ကိုနှစ်ကွင်းထပ်၍မဝတ်ရပါမျက်ရည်ခံမှဲ့

ပါသူကိုအိမ်ထောင်မပြုရပါမီးဖိုခန်းအတွင်းနှင့်ထမင်းစားပွဲ၌အိပ်မက်အကြောင်းမပြောရပါမင်္ဂလာဆောင်အခမ်းနားအားမုဆိုးမတစ်ခုလပ်တို့မပြင်ဆင်ရပါနှစ်ဆန်းတစ်ရက်

နေ့၌ငွေအထွက်မခံရပါအိမ်ရှေ့၌အသုဘချသွားနေစဉ်အိပ်မနေရပါကတ်ကြေးကွမ်းညှပ်စသည်တို့ကိုဘာပစ္စည်းမှမပါပဲမညှပ်ရပါ။credit