သံပုရာသီးကိုကိုယ်သီးစေချင်တဲ့အချိန်မှာသီးဖို့ဘယ်လိုလုပ်မလဲဆိုတာမိမိအတွေ့အကြုံအပေါ်အခြေခံပြီးတင်ပြပါ့မယ်။အခုပုံထဲကအပင်ကယိုးဒယားအစေ့မဲ့သံပုရာပင်ပါအသက်အားဖြင့်၂နှစ်ခန့်ရှိပါပြီ၂၀၁၅ခုနှစ်ဖေဖော်ဝါရီ

ပြိုင်ပွဲတုန်းကအသီး၁၁လုံးပါပြီးအပင်ကတပေခွဲခန့်သာမြင့်လို့အပင်ပုနေသဖြင့် ဆုမရခဲ့ပဲသူ့ထက်ကြီးတဲ့အပင်ကဆုရသွားပါတယ်အခြေခံသဘာဝအရသံပုရာသီးတလုံးရင့်မှည့်ရန်ပန်းပွင့်ချိန်မှအသီးရင့်ချိန်အထိအချိန်၅လခန့်ကြာ

မြင့်ပါတယ်ထိုသဘောတရားကိုအခြေခံပြီး၂၀၁၅ခုနှစ်သြဂုတ်လ၂၂ရက်နေ့က အပင်ပေါ်မှာရှိနေတဲ့အလုံးကြီး၃လုံးနဲ့သီးကင်း၄၀ ကျော်ကိုခြွေချခဲ့ပါတယ်ထို့နောက်ရေစတင်ဖြတ်ပါတယ်ရေဖြတ်ပြီး၃ရက်မှ၅ရက်ခန့်အကြာတွင်

အရွက်အရောင်ဖျော့လာပြီးအနည်းငယ်ညှိုးလာပါတယ်အရွက်သည်အပြန့်အနေအထားမှ ပျော့ပြီးလိပ်လာပါတယ်ဒါတွေကတော့အပင်ရေငတ်လာတာကို ပြတဲ့အချက်တွေဖြစ်ပါတယ်ဒီလိုဖြစ်လာတဲ့အခါ ရေကိုအဝမပေးပဲအပင်

မသေရုံအနည်းငယ်လောင်းပေးပါတယ်ပုံမှန်လောင်းပေးပါတယ်ထိုအခါ ရေငတ်ခဲ့သည့်ဒဏ်ကြောင့်အရွက်ရင့်တချို့ဝါပြီးကြွေလာပါတယ်အရိုးများမှာလဲစိမ်းနေရာမှအပွေးအနည်းငယ်တက်လာပါတယ်တချို့အရိုးအဆစ်မှအတက်

များထွက်လာပါတယ်။ထို့နောက်အညွန့်သစ်များလိုက်လာပါတယ်ဒီသံပုရာမျိုးရဲ့သဘာဝအရအညွန့်အသစ်များနှင့်အတူပန်းပါတပါတည်းပါလာပါတယ်ဒီလိုအညွန့်သစ်ထွက်ပန်းပွင့်ပြီးအသီးကင်းများလိုက်လာပြီဆိုပါကရေကို

ဝအောင်ပုံမှန် လောင်းပေးနိုင်ပါပြီနောက်ဆုံးပုံမှာယနေ့ အောက်တိုဘာ၁၅ရက်နေ့တွင်ရိုက်ထားသောပုံဖြစ်ပြီးအပွင့်များနှင့်သီးကင်းများကိုတွေ့မြင်နိုင်ပါတယ်မိမိတို့အတွေ့အကြုံများကို တင်ပြထားခြင်းသာဖြစ်ပါတယ်။

မှတ်ချက်ယခုတင်ပြထားသောယိုးဒယားသံပုရာရဲ့အားသာချက်မှာအပွင့်ပွင့်ချိန်မှအသီးလုံးဝရင့်သည်အထိအချိန်ကာလ၅လကျော်ကြာမြင့်သော်လည်းသီးချိန်၎လခန့်အရတွင်အရည် ကောင်းစွာထွက်ရှိပြီးဈေးကွက်တင်နိုင်သည့်

အနေအထားကိုရရှိပြီဖြစ်ပါသည်ထို့ကြောင့်ပြိုင်ပွဲမဝင်ခင်သီးချိန်၎လကျော်သာအချိန်ယူပြီးပြိုင်ပွဲနှင့်လည်းအချိန်ကိုက်အသီးလည်းစံချိန်မှီ ဖြစ်စေရန်ယခုကဲ့သို့ ဆောင်ရွက်ခဲ့ပါသည်ပြီးခဲ့သောပြိုင်ပွဲအတွေ့အကြုံမှာပန်းပွင့်ချိန်မှ

အသီးရင့်ချိန်အတွက်အချိန်ကာလကိုမှားယွင်းစွာဖြင့်၆လအချိန်ယူခဲ့မိပါသည်ထို့ကြောင့်အမြင့်၂ပေခန့်ရှိသောအပင်ငယ်မှအသီး၅၀ ကျော်သီးနေသော်လည်းပြိုင်ပွဲမတိုင်မှီ၁၅ရက်ခန့်အလိုတွင်အသီးများရင့်မှည့်ကာ ကြွေကျကုန်သဖြင့်ဆုနှင့်လွဲချော်ခဲ့ရပါသည်