မိမိအိမ်မှာလာဘ်ပွင့်ပြီးကံကောင်းငွေဝင်နေစေဖို့ ရှေးလူကြီးတွေရဲ့ရိုးရှင်းတဲ့နည်းလမ်းများသင့်အိမ်မှာ အမြဲ လာဘ်ပွင့်နေပြီး အိမ်အေးချမ်းနေအောင် ဒါတွေကို လုပ်ဖြစ်အောင်လုပ်ပါ(၁) ဘုရားပန်း နှင့် သောက်တော်ရေ ဆွမ်း ဆီမီး အမြဲ ကပ်ပါ။ ဘုရားပန်း မနွမ်းပါစေနဲ့။ ဘုရားပန်းအိုးထဲမှရေများမပူပါစေနဲ့

သောက်တော်ရေကို သတိရတိုင်း ကပ်ပါ။(၂)ဘုရားရှိခိုးလျင် အိမ်စောင့်နတ် ခြံစောင့်နတ် အိမ်ဝန်းအတွင်း မှီတင်း စောင့်ရှောက် နေထိုင်ကြသော နတ်မြတ် နတ်ကောင်းများ မြင်အပ် မမြင်အပ် သတ္တဝါများ အားလုံးကို မေတ္တာပို့ အမျှဝေပါ(၃) အလွန် ကံညံ့ လာဘ်ပိတ်နေလျင် ညသန်းခေါင် ပရိတ်ရွတ်ပါ

ည (၁၂)နာရီနောက်ပိုင်းသည်နတ်မြတ်နတ်ကောင်းများ လူ့ပြည်သို့လှည့်လည်ကြည့်ရှုချိန်ဖြစ်၍ ညဘက် ပရိတ်ရွတ်ဖတ်ဆုတောင်းလျင် ပို၍ဆုတောင်းပြည့်စေပါတယ်။(၄)အိမ်မှာအဟောင်းအစုတ်တွေ မထားပါနဲ့။ အချိူ့အိမ်တွေမှာ နှမြောပြီး ထားတတ်ကြတာတွေရှိပါတယ်။

ပုလင်းကွဲတွေ ဒန်အိုးပေါက်တွေအဝတ်အစားအစုတ်တွေဘယ်လိုမှသုံးမရတာတွေ လွှတ်ပစ်လိုက်ပါ။ အိမ်မှာ လိုအပ်တာတွေသာအဓိကထားပါ။(၅)အိမ်ကို တံမြက်စည်း လှည်းလျင် နံနက်လှည်းလျင် အိမ်ရှေ့မှ အိမ်နောက်သို့လှည်းပါ။ညနေနှင့်ညဘက် လှည်းလျင် အိမ်နောက်မှ အိမ်ရှေ့သို့လှည်းပါ

(၆) မီးဖိုချောင်တွင်ဆန်နှင့်ဆီကိုအပြတ်မခံပါနဲ့မကုန်မီ ကြိုတင်၍ဝယ်ပါ။(၇) အိမ်ရှိ လှေကားများ ကျိူးပျက်နေသည်ကို ပြုပြင်ပါ။ လှေကားများ ကျိူးပျက်နေခြင်းက လာဘ်တိတ်စေသလို မကောင်းသော အန္တရာယ်များကို ဖိတ်ခေါ်စေပါတယ်။ခရက်ဒစ် မူရင်းရေးသားသူ