ကျနော်ငါးရံ့ခြောက်လုပ်နည်းလေးပြောပြမယ်နော်ဆရာကြီးတော့ဟုတ်ပါဘူးဗျာအဲ့မပြောပြခင်ကျနော့်အကြောင်းလေးပြောပြမယ်နော်ကျနော်အခုမလေးရှားနိုင်ငံမှာပါလော့ဒေါင်းတွေကျအလုပ်ကပိတ်ဝင်ငွေကမရှိတာနဲ့အခုလက်ရှိငါးရံ့ခြောက်လုပ်ရောင်းတယ်ပေါဗျာ
ခုလိုရောဂါတွေဖြစ်နေတဲ့အချိန်ငါးခြောက်ငါးချမ်းလေးတွေလုပ်ထားတော့မိသားစုတွေစားဖို့ကြာရှည်အထားခံပါတယ်အလွယ်တကူသယ်သွားလို့လည်းရပါတယ်နော်ငါးရံ့အဆို၁၀ပိဿာမှငါးရံ့ခြောက်၃ပိဿာလောက်ထွက်ပါတယ်
ခေါင်းဖယ်အူဖယ်အကြေးခြစ်နဲ့အလေးချိန်လျှော့သွားတာပေါ့ဗျာကျနော်ကငါးရံ့တွေကိုအကြေးခွံအရင်ခြစ်ပါတယ်နဲနဲချွဲပါတယ်ရေမဆေးပါနဲ့ရေတအားသုံးရင်ငါးခြောက်အသားမလှပါဘူးငါးရံ့ကိုခေါင်းခုတ်တယ်နောက်ကျောက
စခွဲပါတယ်အူထုတ်တယ်မိမိလိုချင်တဲ့ပုံခုပ်ယူပါတယ်ပြီးရင်ဆားရေနဲ့တစ်ညစိမ် ထားလိုက်ပါတယ်မနက်မိုးလင်းတော့ဆားရေစိမ်ထားတဲ့ငါးရံ့ခွဲပြီးသားတွေကို ရေ၄ခါလောက်သေချာသွေးညှီပါပြောင်အောင်ဆေးပါတယ်ပြီးရင်
သစ်သားပြားသို့မဟုတ်ဝါးကပ်ပြားပေါ်မှာကြိုက်သလိုပုံစံချပြီးနေလှန်းလို့ရပါပြီသံပြားနဲ့လှမ်းလို့မရပါဘူးနော်။အပူကြောင့်ငါးတွေကပ်ပြီးပြတ်ကုန်ပါတယ်ပထမစလှန်းတဲ့ရက်ကအရမ်းအရေးကြီးပါတယ်နော်ယင်ကောင်တွေလာနားပြီး
ယင်ဥတွေဥပါတယ်ဒါကြောင့်ယင်မဝင်နိုင်တဲ့ထမင်းအုပ်စောင်းယင်လုံဇကာတွေသုံးပြီးနေလှန်းပါမရှိရင်တော့ညနေဘက်ကိုယင်ကောင်ဥတွေပြန်စစ်ပါတွေ့ရင်ဇဂနာနဲ့ဖယ်ထုတ်ပါပြီးရင်မီးဖိုမှာကြပ်ကင်ပြီးအအေးခံပြီးမှသိမ်းပါ
နေမပူတဲ့နေ့မီးအေးအေးနဲ့ကြပ်ကင်ပါအအေးခံပြီးပြန်သ်ိမ်းပါနေသုံးရက်ကောင်းကောင်းပူရင်စားလို့ရတဲ့အနေအထားကိုရောက်ပါပြီးနော်၇နေလောက်မိရရလှန်းပြီးရင်စက္ကူနဲ့ထုပ်ပြီးသိမ်းနိုင်ပါပြီအဲမကြာမကြာတော့ပြန်ကြည့်ပေါ့ဗျာ
ငါးခြောက်ကအချိုခြောက်ဖြစ်တဲ့အတွက်ကိုယ်နှစ်သက်တဲ့အရသာထည့်စားလို့ရပါတယ်အငံကြိုက်ရင်တော့နေစလှန်းတဲ့အခါဆားလေးပါးပါးလိုက်သုပ်ပေးပါဒီနည်းလေးနဲ့အခြားသောငါးအမျိုးမျိုးအသားအမျိုးမျိုးကိုနေလှန်းအခြောက်ပြုလုပ်သိမ်းဆည်းနိုင်ပါတယ်
ငါးရံ့ခေါင်းလေးတွေကိုအခြောက်လှန်းသိမ်းဆည်းထားရင်အချဉ်ရေဟင်းတွေ အရေသောက်ဟင်းတွေချက်တဲ့နေရာသုံးလို့ရတာပေါ့နော်အဲ့လိုမှမဟုတ်စပါးလင်လေးနဲ့ငါးခေါင်းဟင်းရည်ချက်စားပေါ့အားလုံးကိုလေးစားလျက်မြန်မာနိုင်ငံသားတစ်ဦးပါငါးရံခြောက်လုပ်နည်း